ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြေသိမ်းအမိန့်ထွက်ပြီးဖြစ်ကြောင်းနှင့် တိုင်းအစိုးရက ဆက်လက်အကောင်အထည်ဖော်မည်ဟုဆို

ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြေသိမ်းအမိန့်ထွက်ပြီးဖြစ်ကြောင်းနှင့် တိုင်းအစိုးရက ဆက်လက်အကောင်အထည်ဖော်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Feb 2018 11:58 am တွင် တင်ခဲ့သည်
4886 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြေသိမ်းအမိန့်ထွက်ရှိပြီးဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည် စက်မှုအသင်းချုပ်၌ ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ(၁)နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၄)ကြိမ်မြောက် အခမ်းအနားတွင် ပြောကြားသည်။

“ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဖို့ ပြင်ဆင်ဆောင်ရွက်ပါပြီ။ ဆောင်ရွက်နေမှု အဆင့်တစ်ဆင့်ကိုလည်း ရောက်နေပါပြီ။ ဒီစီမံကိန်းကြီးကလည်း ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ လုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်၊ မလုပ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံးလုပ်မယ်လို့ ဆုံးဖြတ်တယ်။ အဲဒီအတွက် တိုင်းအစိုးရကနေ ပြည်ထောင်စုအစိုးရကို သဘောထားတောင်းခံပြီး ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်နဲ့ မြေသိမ်းအမိန့်ထွက်ပြီးပါပြီ။ ပြည်ထဲရေးဝန်ကြီးဌာနက မြေသိမ်းခွင့်ထွက်ပြီးပြီ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့အတွက် ပထမတော့ ပုဂ္ဂလိက ကုမ္ပဏီသုံးခုနဲ့ ဆောင်ရွက်ဖို့ပါပဲ။ ဒါပေမဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ဆောင်ရွက်မှုဟာ အခက်အခဲတွေကြုံပါတယ်။ ဘာလို့လဲဆိုရင် အာဏာစက်မရှိတဲ့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေဟာ ဒီနေရာမှာ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ပါဘူး ” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ကြောင့် အဆိုပါအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအဖွဲ့၏ ကြီးကြပ်မှုဖြင့်
ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့သစ်စီမံကိန်းကြီးကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ တချို့ကလည်း ဒီစီမံကိန်းကြီးက လွှတ်တော်မှာလည်း မဆွေးနွေးသွားဘူးဆိုတာ ကျွန်တော်တို့က ဒုတိယအကြိမ်လွှတ်တော် သက်တမ်းဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဟာ ပထမအကြိမ်လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စရပ်တွေကို လက်ဆင့်ကမ်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က မကြိုက် နှစ်သက်တာရှိရင် လွှတ်တော်မှာ ပြန်လည်ဆွေးနွေးပြီး ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ခံသယ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်ထဲမှာလည်း ကြည့်မြင်တိုင် တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်းကို တည်ဆောက်သွားမှာ ဖြစ်ပါတယ် ” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယင်းကဲ့သို့ တည်ဆောက်ရာတွင်လည်း ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများစွာထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျူးကျော်နေထိုင်နေရသည့် သူများအတွက် အိမ်ရာစီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ စက်မှုလက်မှုလုပ်ငန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့သောအခြေအနေတွင် စက်ရုံအလုပ်ရုံ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဘက်မှ စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service