CYCLONE SHELTER များတည်ဆောက်မည်

CYCLONE SHELTER များတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
3 Jan 2018 12:12 pm တွင် တင်ခဲ့သည်
3816 ကြိမ် ကြည့်ရှု့ပြီး
သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအတွက် Cyclone Shelter အား တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ၈၅လုံးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Cyclone Shelter ကို ဧရာဝတီတိုင်းဒေသကြီးတွင် ၅၆လုံး၊ရခိုင်ပြည်နယ်တွင် ၂၆လုံး၊ချင်းပြည်နယ်နှစ်လုံးနှင့် ရှမ်းပြည်နယ်တွင်တစ်လုံး စုစုပေါင်း ၈၅လုံးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များမှ တည်ဆောက်မည့်နေရာများကို ရွေးချယ်ထားရှိပြီးဖြစ်သည်။တည်ဆောက်မှုများကို တင်ဒါစနစ်နှင့် အတွေ့အကြုံရှိသောဆောက်လုပ်ရေးကုမ္ပဏီများကို ရွေးချယ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး တင်ဒါမခေါ်ယူမီ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ပြည်နယ်မှ တာဝန်ရှိသူများ ကွင်းဆင်းစိစစ်ပြီးလည်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်လုပ်ငန်းစဉ်များ၊ငွေကြေးဆိုင်ရာကိစ္စရပ်များကိုစနစ်တကျနှင့် ဥပဒေ၊စည်းမျဉ်း၊စည်းကမ်းနှင့်အညီ အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ရေရှည်မျှော်မှန်းပြီးဆောင်ရွက်သည့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကိုလည်းလိုအပ်သည့်နေရာ၊လိုအပ်သည့်လုပ်ငန်းအလိုက် ဆက်လက်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းစဉ်းစားပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန် ဒုသမ္မတမှ ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အဆင့်ရေးဆွဲထားရှိသည့် လုပ်ငန်းစီမံကိန်းများကို စုစည်းအင်အားနှင့်အကောင်အထည်ဖော်ဆောင် ရွက်သလို တိုင်းဒေသကြီးပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တစ်နှစ်ပတ်လည်စီမံချက်ရေးဆွဲထားရှိရန်လိုအပ်ကြောင်း၊စီမံချက်တွင်အချိန်ကာလအလိုက်ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကိုဖော်ထုတ်ထားပြီး ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်စီစဉ်မှုများဖြစ်လာပါက တုံ့ပြန်မည့်အစီအမံများ၊လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်လူ၊ပစ္စည်းကိရိယာ၊ငွေကြေး၊နည်းပညာများရရှိနိုင်သည့်ရင်းမြစ်များ၊ဒေသတစ်ခု၏ သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းနှင့် အဆင်သင့်ဖြစ်မှုများကို ပိုမိုအားကောင်းလာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit :Daily Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service