ပျဉ်းမနား ရန်အောင်(၁) အဆောက်အအုံ ၁၂လုံး ပိတ်သိမ်း

ပျဉ်းမနား ရန်အောင်(၁) အဆောက်အအုံ ၁၂လုံး ပိတ်သိမ်း - Property News in Myanmar from iMyanmarHouse.com
22 Dec 2017 11:50 am တွင် တင်ခဲ့သည်
8348 ကြိမ် ကြည့်ရှု့ပြီး
ပျဉ်းမနားမြို့နယ် ရန်အောင်(၁)ရပ်ကွက်မှာရှိတဲ့ အဆောက်အအုံ(၁၂)လုံးကို (၁၉၅၆)ခုနှစ် အစိုးရအိမ်ဥပစာနှင့်ထုတ်ခြင်း နည်းဥပဒေအရ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နယ်မြေအဖြစ် ပိတ်သိမ်းလိုက်ပါတယ်။

အဆောက်အအုံ (၁၂)လုံးတည်ဆောက်ထားတဲ့ မြေဧက(၈.၅)ဧကဟာ (၁၉၃၃)ခုနှစ်ကတည်းက ထွေအုပ်ပိုင်မြေ ဖြစ်ပါတယ်။ သည်ထွေအုပ်ပိုင်မြေထဲကို ကျူးကျော်နေတဲ့ အဆောက်အအုံတွေအတွက် (၁၉၉၈)ခုနှစ်မှာ အစားထိုးမြေကွက်တွေ ဝယ်ယူစေပြီး ချထားပေးခဲ့ပေးဖို့ စီစဉ်ခဲ့ပေမဲ့ ကျူးကျော်သူတွေက မူလနေရာပဲ ဆက်နေဖို့ တောင်းဆိုတဲ့အတွက် အငှားသဘောမျိုးနဲ့ နေထိုင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ (၂၀၁၅)ခုနှစ် ခြောက်လပိုင်းနောက်ပိုင်းမှာတော့ ဆက်လက်မငှားရမ်းတော့ဘဲ ထွေအုပ်ပိုင်မြေကနေ ဖယ်ရှားပေးဖို့ သုံးကြိမ်တိုင်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

သည်ကိစ္စနဲ့ပက်သက်ပြီး အဆောက်အအုံပိုင်ရှင်တွေအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို အယူခံတင်သွင်းခဲ့ပေမဲ့လည်း အယူခံပယ်ဖျက်လိုက်တဲ့အတွက် ဒီဇင်ဘာလ (၁၈)ရက်နေ့မှာ ပျဉ်းမနားမြို့နယ် ထွေအုပ်ရုံးကနေ ပိတ်သိမ်းလိုက်တာပါ။ ပိုင်ရှင်တွေအနေနဲ့ကတော့ ဆက်လက်ပြီး စာချွန်လွှာပေးပို့ခဲ့ပေမဲ့ မစောင့်ဆိုင်းဘဲ အခုလို ပိတ်သိမ်းလိုက်တာလို့ သိရပါတယ်။

အဆောက်အအုံပိတ်သိမ်းခံရတဲ့ အထဲမှာ ပါဝင်တဲ့ ဦးသန့်ဇင်ထွန်းက ' ကျွန်တော်တို့လဲ ရှေ့နေနဲ့တိုင်ပင်တော့ ဒီစာချွန်လွှာရဲ့သဘောက သူတို့အယူခံပယ်ပြီးရက်ကနေပြီးတော့ သုံးလ သို့မဟုတ် ခြောက်လစောင့်ပေးရတယ်လို့ ဟိုမေးဒီမေးနဲ့ သိထားရပါတယ်၊ ကျွန်တော်တို့ဒါလေးကို အထက်ကို သိစေချင်ပါတယ်၊ သမတ္တကြီးနဲ့အမေစုကို ဒါတွေကို သိပြီး ဖြေရှင်းပေးစေလို့ပါတယ် ' လို့ပြောပါတယ်။

သည်ထွေအုပ်ပိုင်မြေပေါ်ကို နေထိုင်လာကြတာဟာ နှစ်ပေါင်း(၆၀)ကျော်လောက်ရှိနေပြီဖြစ်ပြီး တစ်ဆင့်နဲ့တစ်ဆင့် ငှားရမ်းနေထိုင်လာကြတာ ဖြစ်ပါတယ်။ သည်အဆောက်အအုံ (၁၂)လုံးထဲမှာ လူနေအိမ်တွေပါသလို ဆိုင်ခန်းတွေလည်း ပါဝင်ပါတယ်။

ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ' ဒီစာချွန်လွှာကို ဆိုင်းငံ့ရတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဥပဒေအရ မေးပါတယ်၊ စာချွန်လွှာတင်ရင် ဘယ်လိုလုပ်ရမလဲပေါ့၊ ဒါကအမှုလိုက်စာချွန်လွှာတင်တာပါ၊ ဒါပေမဲ့ ကျွန်တော်တို့က တရားရုံးဆုံးဖြတ်တာမဟုတ်ဘူး၊ အစိုးရ အိမ်ဥပစာ နှင်ထုတ်ခြင်းနဲ့ ဆောင်ရွက်တာပါ၊ အဲ့ဒါကြောင့် သူ့ရဲ့အိမ်ဥပစာဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ ' လို့ ပြောပါတယ်။ လက်ရှိမှာတော့ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ထွေအုပ်ပိုင်မြေပေါ်မှာရှိတဲ့ အဆောက်အအုံတွေကို ပိတ်သိမ်းထားလိုက်ပြီ ဖြစ်တယ်။ အဆောက်အအုံပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့ အဆောက်အအုံတွေကို ဖြိုဖျက်ယူချင်တယ်ဆိုရင် ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service