ကမ္ဘာကျော် ဟဲဗီးမက်တယ်လ်အဖွဲ့ကြီး Iron Maiden ကို တည်ထောင်ခဲ့သူ ဘေ့စ်ဂစ်တာသမား စတိဗ်ဟဲရစ် အင်္ဂလန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်

ကမ္ဘာကျော် ဟဲဗီးမက်တယ်လ်အဖွဲ့ကြီး Iron Maiden ကို တည်ထောင်ခဲ့သူ ဘေ့စ်ဂစ်တာသမား စတိဗ်ဟဲရစ် အင်္ဂလန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
7 Dec 2017 11:13 am တွင် တင်ခဲ့သည်
2419 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် ဟဲဗီးမက်တယ်လ်အဖွဲ့ကြီး Iron Maiden မှ ဘေ့စ်ဂစ်တာသမား စတိဗ်ဟဲရစ်သည် အင်္ဂလန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

နေအိမ်တည်နေရာမှာ လန်ဒန်မြို့၏ အရှေ့မြောက်ဘက်၊ အက်ဆက်စ်ခရိုင်၊ ရှားရင်းကျေးရွာတွင် တည်ရှိသည်။စတိဗ်ဟဲရစ်စ်က အဆိုပါနေအိမ်ကို ပေါင် ၃ ဒသမ ၉၅ သန်း ဈေးခေါ်ထားသည်။

ခရစ်နှစ် ၁၄၂၇ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် နေအိမ်ကြီးဖြစ်ပြီး နေအိမ်အတွင်း အိပ်ခန်း ၁၁ ခန်းပါဝင်သည်။ဟဲရစ်က ၁၉၈၀ ပြည့်လွန်ကာလများကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သည်ဟု အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

နေအိမ်အတွင်း တင်းနစ်ကွင်းတစ်ခု၊ အားကစားလေ့ကျင့်ရေး နေရာပါဝင်သည့် အိမ်တွင်းရေကူးကန်တစ်ခုအပြင် စံချိန်မှီအကျယ်အဝန်းရှီ ဘောလုံးကွင်းတစ်ခု ပါဝင်ရာ စတိဗ်သည် ဘောလုံးကွင်းအတွင်း များစွာအချိန်ကုန်ဆုံးခဲ့ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

နေအိမ်အတွင်း အထူးခြားဆုံးမှာ အရက်ဆိုင်တစ်ခုအသွင် လိုအပ်သောပစ္စည်းများ အပြည့်အစုံထည့်သွင်းထားသော မြေညီထပ်ရှိ ခန်းမဖြစ်သည်။
ယင်းခန်းမကို Horse and Cart ဟု အမည်ပေးထားသည်။
ခြံအကျယ်အဝန်း ၉ ဧကရှိပြီး နေအိမ်မှာ ကြမ်းခင်းဧရိယာ ၁၁၀၀၀ စတုရန်းပေအထိရှိသည်။

သီးသန့်ဂိတ်တံခါးမှ တစ်ဆင့် ကားလမ်းအတိုင်းမောင်းနှင်ကာ နေအိမ်သို့ သွားရောက်ရခြင်းဖြစ်သည်။Iron Maiden အဖွဲ့ကြီးသည် လန်ဒန်မြို့အရှေ့ပိုင်း လေတန်အရပ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အင်္ဂလိပ် ဟဲဗီးမက်တယ်လ် တေးဂီတဝိုင်းကြီးဖြစ်ပြီး ဘေ့စ်ဂစ်တာသမား၊ ပင်တိုင်တေးရေး စတိဗ် ဟဲရစ်က ၁၉၇၅ ခုနှစ်တွင် ဦးဆောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Iron Maiden သည် တေးအယ်လ်ဘမ် ၃၈ ခု ထွက်ရှိခဲ့ပြီးဖြစ်ကာ စတူဒီယိုအယ်လ်ဘမ် ၁၆ ခု၊ live show အယ်လ်ဘမ် ၁၂ ခု၊ EPs ၄ ခုနှင့် စုပေါင်းအခွေ ၇ ခု ထွက်ရှိခဲ့သည်။

Iron Maiden ကို ကမ္ဘာ့သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ဟဲဗီးမက်တယ်ဝိုင်းများတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ထားကြသည်။
၂၀၁၇ ခုနှစ်အထိ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ပေါင်း ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားခဲ့ရပြီး ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအထိ အချက်အလက်များအရ ၎င်းတို့၏ အနုပညာသက်တမ်းတစ်လျှောက် စင်တင်တေးဂီတ ဖျော်ဖြေပွဲပေါင်း ၂၀၀၀ ကျော် တင်ဆင်ဖျော်ဖြေခဲ့ကြပြီး ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် ဟဲဗီးမက်တယ်လ်အဖွဲ့ကြီး Iron Maiden ကို တည်ထောင်ခဲ့သူ ဘေ့စ်ဂစ်တာသမား စတိဗ်ဟဲရစ် အင်္ဂလန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်လ်အဖွဲ့ကြီး Iron Maiden ကို တည်ထောင်ခဲ့သူ ဘေ့စ်ဂစ်တာသမား စတိဗ်ဟဲရစ် အင်္ဂလန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်လ်အဖွဲ့ကြီး Iron Maiden ကို တည်ထောင်ခဲ့သူ ဘေ့စ်ဂစ်တာသမား စတိဗ်ဟဲရစ် အင်္ဂလန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်လ်အဖွဲ့ကြီး Iron Maiden ကို တည်ထောင်ခဲ့သူ ဘေ့စ်ဂစ်တာသမား စတိဗ်ဟဲရစ် အင်္ဂလန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်လ်အဖွဲ့ကြီး Iron Maiden ကို တည်ထောင်ခဲ့သူ ဘေ့စ်ဂစ်တာသမား စတိဗ်ဟဲရစ် အင်္ဂလန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟဲဗီးမက်တယ်လ်အဖွဲ့ကြီး Iron Maiden ကို တည်ထောင်ခဲ့သူ ဘေ့စ်ဂစ်တာသမား စတိဗ်ဟဲရစ် အင်္ဂလန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service