ကျောက်ဖြူအထူးစီးပွားရေဇုန်က တရုတ်အတွက် အဓိကအသုံးချနိုင်မယ့် စီမံကိန်းဟု အစီရင်ခံစာ ထုတ်ပြန်

ကျောက်ဖြူအထူးစီးပွားရေဇုန်က တရုတ်အတွက် အဓိကအသုံးချနိုင်မယ့် စီမံကိန်းဟု အစီရင်ခံစာ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
29 Nov 2017 11:21 am တွင် တင်ခဲ့သည်
5038 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူ အထူးစီးပွားရေဇုန်ဟာ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးထက် တရုတ်နိုင်ငံအတွက် စစ်ရေးအရရော အရပ်ဘက်ဆိုင်ရာမှာပါ အဓိကအသုံးချနိုင်မယ့် စီမံကိန်းဖြစ်နေတယ်လို့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်း ထုတ်ပြန်တဲ့ ကျောက်ဖြူစီးပွားရေးဇုန်အခွင့်အလမ်းနဲ့ စိန်ခေါ်မှု အစီရင်ခံစာအရ သိရပါတယ်။

ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူးဦးထွန်းကြည်က ‘ အလုပ်အကိုင် အခွင့်အလမ်း ငါးသိန်းပေးမယ်ဆိုတာ ပြောထားတာတော့ရှိတယ် ၊ အရင်က သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမစတင်မီက သက်ဆိုင်ရာ အာဏပိုင်တွေနဲ့ စီမံကိန်းအကောင်အထည်ဖော်တဲ့ ကုမ္ပဏီတွေက အလားတူဒေသဖွံ့ဖြိုးရေး နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိမယ်လို့ ပြောဆိုခဲ့ကြပေမဲ့ လက်တွေ့မှာ အပြောအတိုင်းဖြစ်မလာဘဲ မြေယာဆုံးရှုံးမှုနဲ့ အခွင့်အရေးချိုးဖောက်မှုတွေသာ ကြုံတွေ့ခဲ့ရတယ် ‘လို့ ရှင်းပြပါတယ်။

သူကဒေသခံတွေအကြားမှာ ယုံကြည်မှု နည်းပါနေတာကြောင့် ဒေသခံတွေရဲ့ ကက်ပက်စီးတီကို မြှင့်တင်ဖို့လိုတယ် ၊ လက်ရှိ အချိန်မှာတော့ အထူးစီးပွားရေဇုန်က ရေရေရာရာကြီး အကောင်အထည်ဖော်နေတာမရှိတော့ ဘယ်လို ဖြစ်မယ်ဆိုတာ မသိဘူး ‘ လို့ ဆိုပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေဇုန် စီမံကိန်းက ကျောက်ဖြူမြို့ရဲ့ တောင်ဘက် ၁၀ မိုင်ခန့်အကွာလမ်းဆုံအနီး ဇိုင်ချောင်းအနောက်ကွင်းနဲ့ သဖန်းခါးမြောက်ကွင်း နေရာဖြစ်ပါတယ်။ ကန္ဒီးကျေးရွာအုပ်စု ၊ ကပ်သပြေကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာအုပ်စု ၊ ကြတ္တိန် ကျေးရွာအုပ်စု ၊ သိုင်းချောင်းကျေးရွာအုပ်စု တို့က မြေယာ ၂၅၀ ဧကကို ၂၀၁၆ ခုနှစ် ပထမအဆင့်တိုင်းတာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအမှတ် (၁) ကို ကျောက်ဖြူမြို့နယ် မဒဲကျွန်းနဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအမှတ် (၂) ကို ကျောက်ဖြူမြို့နယ်စပ်တောကျေးရွာအုပ်စု ၊ သစ်ပုတ်တောင်ကျေးရွာအနီးမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

ကျောက်ဖြူဒေသခံ ကိုမောင်မောင်က ‘ လတ်တလောအခြေအနေမှာတော့ ရှယ်ယာကိစ္စရပ်တွေ ညှိနှိုင်းနေဆဲဖြစ်တာကြောင့် မြေယာသိမ်းဆည်းမှုတွေတော့ မစတင်သေးဘူး ၊ ဒါပေမဲ့ ဖြစ်လာနိုင်မှာကို ကြိုတင်ကာကွယ်သင့်တယ် ၊ စီမံကိန်းတွေ စီပွားရေဇုန်တွေတည်ဆောက်တဲ့အခါ ဒေသခံတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ အရမ်း အရေးကြီးတယ် ‘လို့ ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေဇုန် တည်ထောင်ဖို့ မြေဧက ၄၂၈၉.၃၂ သတ်မှတ်ထားပါတယ်။ ဇုန်ဧရိယာအဖြစ် ကျေးရွာအုပ်စု ကိုးအုပ်စုက ကျေးရွာပေါင်း ၃၅ ရွာ ပါဝင်နေပါတယ်။

ဆိပ်ကမ်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ ကိုးဘီလျံ ကုန်ကျဖို့ ခန့်မှန်းထားပြီး ပထမဆိပ်ကမ်းကို ငါးနှစ်အတွင်း အပြီးဆောင်ရွက်ဖို့ မျှော်မှန်းထားပါတယ်။

စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်မယ့် ဆိုးကျိုးတွေကို ကာကွယ်ဖို့ဒေသခံပြည်သူတွေကို အကျိုးပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု မူဝါဒနဲ့ ဥပဒေတွေပြဋ္ဌာန်ပြီးမှသာ အကောင်အထည်ဖော်သင့်ကြောင်း အစီရင်ခံစာက အကြုံပြုထားပါတယ် ။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကန်းမှာ ရေနက်ဆိပ်ကမ်းနှစ်ခုနဲ့ စက်မှုဇုန်စီမံကိန်းတွေပါဝင်ပါတယ် ။ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ စတင်အကောင်အထည်ဖော်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ထားဝယ်အထူးစီးပွားရေးဇုန် ၊ ကျောက်ဖြူအထူးစီးပွားရေဇုန် နဲ့ သီလဝါအထူးစီးပွားရေဇုန်ကို အကောင်အထည်ဖော်နေရာ သီလဝါအထူးစီးပွားရေးဇုန်တစ်ခုသာ တည်ဆောက်မှုတွေ စတင်လုပ်ဆောင်ပြီး ဖြစ်ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service