အင်္ဂလန်နိုင်ငံရှိ ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော ပင်လယ်ကမ်းခြေနေအိမ်တန်ဖိုးနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်နိုင်ငံရှိ ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော ပင်လယ်ကမ်းခြေနေအိမ်တန်ဖိုးနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
23 Nov 2017 11:25 am တွင် တင်ခဲ့သည်
2730 ကြိမ် ကြည့်ရှု့ပြီး
ကျွန်ုပ်တို့သည် ကမ္ဘာကျော်တို့၏ တန်ဖိုးကြီး နေအိမ်များစွာနှင့် စပ်လျဉ်းသည့် အရောင်းအဝယ်သတင်းများကို ဖတ်ရှုခဲ့ကြရပြီးဖြစ်သည်။
သို့ရာတွင် တစ်ချိန်က ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော အင်္ဂလန်ရှိ တန်ဖိုးသင့်နေအိမ်မျိုးမှာမူ တွေ့ရခဲသည်။

နေအိမ်တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ အနောက်တောင်ဘက်စွန်း၊ ကွန်းဝေါလ်ခရိုင်၊ ဟေလီကမ်းရိုးတန်းမြို့ကလေးရှိ အန်ဂါရက်ခ်ကျေးရွာတွင် တည်ရှိသည်။

ရောင်းချမည့်နေအိမ်မှာ အိပ်ခန်း ၄ ခန်းပါ လုံးချင်းအိမ်ဖြစ်ပြီး ပေါင် ၄၀၀၀၀၀ ဈေးခေါ်ထားသည်။ဒေသတွင်းဗိသုကာပညာရှင်ဖြစ်သော ဘာရီ ဘရစ်စ်ကိုးက ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဂျပန် ရှေးရိုးဗိသုကာဟန်များ၏ သြဇာလွှမ်းမှု များစွာတွေ့ရသည်။

နေအိမ်ပတ်လည်တွင် ကျွန်းဖြင့် ဆောက်လုပ်ထားသည့် လသာဆောင်များ ဝန်းပတ်ထားခြင်းကြောင့် အဝေးရှိ သဘာဝအလှများကို ရှုမျှော်ခံစားနိုင်သည်။
ခေတ်သစ်ဟန်ဖြင့် ဆောက်လုပ်ထားသည့် မီးလင်းဖိုဝန်းကျင်တွင် ကြီးမားသည့် ဧည့်ခန်းနှင့် ညစာစားခန်းများ ဝန်းပတ်ထားကာ အိပ်ခန်းလေးခန်းလုံးမှ သာယာလှပသော ရှုမျှော်ခင်းများ တွေ့ရနိုင်သည်။

သာယာလှပသည့် ပင်လယ်ကမ်းခြေများဖြစ်သော ဂိုဒရဲဗီး၊ ဂွီသီယန်တို့နှင့် မော်တော်ကားဖြင့် ၁၀ မိနစ်ခရီးသာ ဝေးကွာသောကြောင့် အားလပ်ရက် အပန်းဖြေနေအိမ်အဖြစ် အသုံးပြုနိုင်သည်။

ကိတ်ဝင်းစလက်ကလည်း အပန်းဖြေအိမ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။နေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး မီးဖိုဆောင်၊ ညစာစားခန်းနှင့် ဧည့်ခန်းတို့မှာ အခြားနေအိမ်တို့၏ ပုံမှန်မျက်နှာကြက် အမြင့်ထက် ၂ ဆခန့် ပိုမိုမြင့်မားသည်။

မြေညီထပ်တွင် အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၁ ခန်းပါဝင်ပြီး ပထမထပ်တွင်မူ Master Bedroom ၊ ရေချိုးခန်းနှင့် အဝတ်အစားထားသိုခန်းတို့ ရှိသည်။
နေအိမ်ဘေးဝန်းကျင်တွင် ကျယ်ပြန့်သည့် လသာဆောင်ဝန်းပတ်ထားရာ ဂျပန်ရိုးရာလဘက်ရည်ဆိုင်များနှင့် ပုံစံတူနေသည်။

လသာဆောင်မှတစ်ဆင့် ကျွန်းတံတားကလေးတစ်ခုကို ဖြတ်သန်းသွားလျှင် စနစ်တကျမြေယာအလှပြင်စိုက်ပျိုးထားသည့် ပန်းဥယျာဉ်သို့ ရောက်ရှိမည် ဖြစ်သည်။

ကွန်းဝေါအနောက်ပိုင်းသည် ဗြိတိန်၏ အကောင်းဆုံးကမ်းခြေများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အနီးတွင် စိန့်အာ့သ်ဘူတာရုံရှိကာ လန်ဒန်ရှိ ပက်ဒင်တန်ဘူတာသို့ တိုက်ရိုက်သွားရောက်နိုင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန်နိုင်ငံရှိ ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော ပင်လယ်ကမ်းခြေနေအိမ်တန်ဖိုးနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံရှိ ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော ပင်လယ်ကမ်းခြေနေအိမ်တန်ဖိုးနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံရှိ ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော ပင်လယ်ကမ်းခြေနေအိမ်တန်ဖိုးနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံရှိ ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော ပင်လယ်ကမ်းခြေနေအိမ်တန်ဖိုးနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံရှိ ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော ပင်လယ်ကမ်းခြေနေအိမ်တန်ဖိုးနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံရှိ ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော ပင်လယ်ကမ်းခြေနေအိမ်တန်ဖိုးနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံရှိ ကိတ်ဝင်းစလက်နေထိုင်ခဲ့ဖူးသော ပင်လယ်ကမ်းခြေနေအိမ်တန်ဖိုးနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service