နှစ်ပေါင်း ၁၀၀၀ တည်တံ့ရန် ဒီဇိုင်းဆွဲဆောက်လုပ်ထားသည့်နေအိမ်ကြီး

နှစ်ပေါင်း ၁၀၀၀ တည်တံ့ရန် ဒီဇိုင်းဆွဲဆောက်လုပ်ထားသည့်နေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
16 Nov 2017 11:40 am တွင် တင်ခဲ့သည်
2842 ကြိမ် ကြည့်ရှု့ပြီး
အတ္တလန္တာသည် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာ ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ဂျော်ဂျီယာတွင် လူဦးရေအထူထပ် ဆုံးမြို့ဖြစ်၏။

အတ္တလန္တာမြို့ပြင် မြို့စပ်တွင် ကျည်ကာတံခါး၊ နံရံ များ၊ လျှို့ဝှက်ဂူ၊ ထောင်ချောက်များ၊ မြေအောက်လျှို့ဝှက် ဗုံးခိုကျင်း၊ ကိုယ်ပိုင်ဓာတ်အားပေးစနစ်များ ပါဝင်သည့် နေအိမ် ကြီးတစ်လုံးတည်ရှိသည်။

ဂျိမ်းစ်ဘွန်းဇာတ်ကားများမှ စိတ်ကူးယဉ်နေရာမျိုး မဟုတ်ဘဲ ပြင်ပလောကတွင် အမှန်တကယ် ဆောက်လုပ်ထား သည့် နေအိမ်ကြီးဖြစ်၏။

နေအိမ်ကြီးကို Rice House ဟု အမည်ပေးထား ပြီး ခြံဝန်းအကျယ်မှာ ၃ ဒသမ ၅ ဧကခန့်ရှိကာ နေအိမ်ကြမ်းခင်း ဧရိယာမှာ စတုရန်းပေ ၃၆၀၀၀ ခန့်ကျယ်ဝန်းသည်။

အဆိုပါနေအိမ်ကို နှစ်ပေါင်း ၁၀၀၀ ခန့်အထိ တည်တံ့ နိုင်ရန် ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားသည်ဟု ဆိုသည်။နေအိမ် အတွင်း အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၅ ခန်း၊ မီးဖိုဆောင် ၃ ခု၊ အနုပညာပြခန်းတစ်ခု၊ ရုပ်ရှင်ရုံတစ်ခု၊
ဘိုးလင်းကွင်း တစ်ခုနှင့် ရေကူးကန်တစ်ကန်တို့ ပါဝင်သည်။

ယင်းနေအိမ်ကို အမေရိကန်တစ်နိုင်ငံလုံးတွင် လုံခြုံရေး စနစ် အမြင့်မားဆုံးနေအိမ်များတွင် အပါအ၀င်ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။
နေအိမ်တွင်းရှိ အိပ်ခန်း ၈ ခန်းလုံးကို ကျည်ကာတံခါး များ တပ်ဆင်ထားပြီး AK-47 နှင့် AR-15 ရိုင်ဖယ်များကိုပင် ကာကွယ်နိုင်စွမ်းရှိသည်။

ရေတံခွန်၏ နောက်ဘက်တွင်လည်း စတုရန်းပေ ၅၀၀၀ ခန့် ကျယ်ဝန်းသော လျှို့ဝှက်ဂူတစ်လုံး ဆောက်လုပ် ထား၏။
အဆိုပါဂူကို မော်တော်ကားများ လျှို့ဝှက်ထားသိုရန် ဒီဇိုင်းဆွဲဆောက်လုပ်ထားခြင်းဖြစ်ကာ မော်တော်ကားစင်း ရေ ၃၀ ခန့် ထားသိုနိုင်သည်။

ထို့အပြင် ကင်းမျှော်စင်တစ်ခုပါဝင်ကာ မြေအောက် တွင်လည်း စတုရန်းပေ ၁၅၀၀၀ ခန့် အကျယ်အ၀န်းရှိသည့် လျှို့ဝှက်ဗုံးခိုကျင်းကြီး တည်ဆောက်ထားသည်ဟု ဆိုသည်။

ယင်းဗုံးခိုကျင်းသို့ ၀င်လမ်းနှင့် ထွက်လမ်းများမှာ သာမန်လူ အလွယ်တကူမတွေ့နိုင်အောင် လျှို့ဝှက်စနစ်များဖြင့် ဆောက်လုပ်ထည့်သွင်းထားသည်။ နေအိမ်အတွင်း ကိုယ်ပိုင် မီးအားပေးစက် ၂ လုံးနှင့် ဆိုလာပြားများစွာ တပ်ဆင်ထားသည်။

ယင်းအပြင် မြေအနက် ပေ ၁၀၀၀ ခန့်အထိ တူးဖော် ထားသည့် ရေတွင်း ၃ ခုလည်း ပါဝင်ရာ ပြင်ပကမ်္ဘာနှင့် ထိတွေ့ ခြင်းမရှိဘဲ ရေကောင်းရေသန့်များ ရရှိနိုင်မည်ဖြစ်သည်။

နေအိမ်ကို ဒီဇိုင်းရေးဆွဲပေးခဲ့သူသည် ယခင်က လည်း အမေရိကန်တရားရေးဌာန၏ လုံခြုံရေးအဆင့်မြင့် သည့် အဆောက်အအုံများကို ဒီဇိုင်းရေးဆွဲပေးခဲ့သူဖြစ်သည် ဟု ဆိုသည်။

လက်ရှိပိုင်ရှင်မှာ အသက် ၈၀ အရွယ်ရှိ အဘိုးအို တစ်ဦးဖြစ်ပြီး အလွန်အောင်မြင်သည့် စွန့်ဦးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

အဆိုပါပုဂိ္ဂုလ်သည် နေအိမ်အတွက် ကန်ဒေါ်လာ သန်း ၃၀ ခန့် သုံးစွဲဆောက်လုပ်ခဲ့ရပြီး မိသားစုကို အမွေပေးရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် သားဖြစ်သူ၏ မိသားစုမှာ အမေရိကန်ပြည် ၏ အခြားတစ်ဘက်စွန်းဒေသတွင် အခြေချလျက်ရှိကြပြီး ယခု နေအိမ်တွင် နေထိုင်ရန် စိတ်ဝင်စားမှု မရှိကြ။

သို့အတွက် အခြားနေထိုင်မည့်သူတစ်ဦးဦးထံ ပြန်လည် ရောင်းချရန် စီစဉ်ရခြင်းဖြစ်ကြောင်း နေအိမ်ကို အရောင်းဈေးကွက် တင်သည့ှ်Sothebys International Realty မှ အကျိုးဆောင် တစ်ဦးဖြစ်သူ ပေါလ် ၀က်ဂ်နာက
ပြောကြားသည်။

နေအိမ်ကို မူလက ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်း ဖြင့် ဈေးကွက်တင်ခဲ့သော်လည်း တစ်နှစ်ခန့် ကြာမြင့်သည့်တိုင် ရောင်းမထွက်သောကြောင့် ယခုအခါ ကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းသာ ဈေးခေါ်ထားသည်။

ရှေရီ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
နှစ်ပေါင်း ၁၀၀၀ တည်တံ့ရန် ဒီဇိုင်းဆွဲဆောက်လုပ်ထားသည့်နေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
နှစ်ပေါင်း ၁၀၀၀ တည်တံ့ရန် ဒီဇိုင်းဆွဲဆောက်လုပ်ထားသည့်နေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
နှစ်ပေါင်း ၁၀၀၀ တည်တံ့ရန် ဒီဇိုင်းဆွဲဆောက်လုပ်ထားသည့်နေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service