ဝန်ကြီးများရုံးကို စင်ကာပူကုမ္ပဏီက ပြန်လည်ပြင်ဆင်မည်ဟုဆို

ဝန်ကြီးများရုံးကို စင်ကာပူကုမ္ပဏီက ပြန်လည်ပြင်ဆင်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
16 Nov 2017 10:40 am တွင် တင်ခဲ့သည်
5321 ကြိမ် ကြည့်ရှု့ပြီး
နှစ် ၁ဝဝ ကျော်သက်တမ်းရှိ ရန်ကုန်မြို့က ဝန်ကြီးများရုံးကို ပြန်လည်ထိန်းသိမ်းရန် အဆောက်အအုံ ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ကိုင်သော စင်ကာပူအခြေစိုက် Pomeroy Studio ကုမ္ပဏီက ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုကုမ္ပဏီက နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အတွင်းဝန်ရုံးဟုလည်း ရှေးကခေါ်ခဲ့သော ဝန်ကြီးများရုံးကို ယဉ်ကျေးမှုဆိုင်ရာ နေရာဌာနတစ်ခုအဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ပြတိုက်များ၊ အနုပညာပြခန်းများ၊ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားကျင်းပရန်နေရာများ၊ အနုပညာနှင့် ဖန်တီးမှုဆိုင်ရာလုပ်ငန်းများအတွက် ရုံးခန်းများ၊ နားနေဆောင်များအဖြစ် ဖော်ဆောင်မည်ဟု ၄င်းတို့က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အမွေအနှစ်ဆိုင်ရာ နေရာများ၊ ဥယျာဉ်ပန်းခြံများ၊ စားသောက်ရန် နေရာများလည်း ပါဝင်မည်ဟု ၄င်းတို့က ပြောထားသည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး လုပ်ကြံခံခဲ့ရသောနေရာဖြစ်သဖြင့် အဆိုပါအဆောက်အအုံသည် သမိုင်းတန်ဖိုးကြီးသောကြောင့် ယခင်က အခြားနည်းဖြင့် အသုံးပြုရန် စီစဉ်ခဲ့သည်များကို အများပြည်သူက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသဖြင့် အထမမြောက်ခဲ့ပေ။

အကျယ်အဝန်း ၁၆ ဧကခန့်ရှိသော အဆိုပါသမိုင်းဝင် အဆောက်အအုံ ပရဝဏ်အတွင်းတွင် လွတ်လပ်ရေးရအပြီး ပထမဆုံး နိုင်ငံ့အလံလွှင့်ထူခဲ့သော အလံတိုင်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကိုးဦးအတွက် ပထမဆုံး စိုက်ထူခဲ့သော အထိမ်းအမှတ်ကျောက်စာများလည်းရှိသည်။

ပထမဆုံး မြန်မာ့လွှတ်တော် အစည်းအဝေးများကို ၁၉၃၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ အဆိုပါ ပရဝဏ်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံအတွက် အစောပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေများကို ထိုလွှတ်တော်ရုံးတွင် မူကြမ်းရေးဆွဲခဲ့သည်။

ထိုအဆောက်အအုံကို အဂင်္လိပ် ဗိသုကာပညာရှင် ဟင်နရီဟွိုင်ဖောက်စ်က ဒီဇိုင်းရေးဆွဲပြီး ၁၈၉ဝ ပြည့်နှစ်၊ ဇန်နဝါရီတွင် စတင်ဆောက်လုပ်ခဲ့သည်။

အသုံးပြုမှု တစ်စတစ်စနည်းပါးခဲ့သော ထိုဝန်ကြီးများရုံးအဆောက်အအုံကို ရှေးမူမပျက် ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်ရန် အနော်မာအနုပညာအဖွဲ့ ကုမ္ပဏီကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂ဝ၁၄ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အနော်မာကုမ္ပဏီက အဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းကို ပြတိုက်နှင့် ယဉ်ကျေးမှုစင်တာအဖြစ် ပြန်လည်အသုံးပြုရန် ကော်မတီကို အဆိုပြုထားကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောကြားဖူးသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို နောက်ပိုင်းတွင် ရှေးမူမပျက် ပြန်လည်ပြင်ဆင်မွမ်းမံကာ အများပြည်သူ ဝင်ထွက်သွားလာ လေ့လာနိုင်စေရန် ဆောင်ရွက်မည်ဖြစ်ကာ အဆိုပါဝန်ကြီးများရုံး ပြင်ဆင်မှုများကိုလည်း တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမည်ဖြစ်ကြောင်း ယခုနှစ်ဆန်းပိုင်းက ပြောကြားထားသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service