အိမ်ထောင်စုသက်သေခံကဒ်ပြား ထုတ်ပေးထားသည့် ကျူးကျော်နေထိုင်သူများကို အဆင်ပြေရန် ဖြေရှင်းပေးသွားမည်

အိမ်ထောင်စုသက်သေခံကဒ်ပြား ထုတ်ပေးထားသည့် ကျူးကျော်နေထိုင်သူများကို အဆင်ပြေရန် ဖြေရှင်းပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
16 Nov 2017 10:35 am တွင် တင်ခဲ့သည်
4949 ကြိမ် ကြည့်ရှု့ပြီး
အိမ်ထောင်စုသက်သေခံကဒ်ပြား( စမတ်ကဒ် ) ထုတ်ပေးထားသည့် ကျူးကျော်နေထိုင်သူများကို အဆင်ပြေစေရန် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင်ဦးအောင်မြတ်ထွန်းက နိုဝင် ဘာလ ၁၄ရက်နေ့ က ပြောကြားလိုက်သည်။

အဆိုပါနေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် လှိုင်သာယာ- ပုသိမ် ကားလမ်းမ၊ လှိုင်သာယာ- ညောင်တုန်းကားလမ်းမဘေးရှိ ရေမြောင်းထဲမှ ကျူးကျော်တဲများ၊ ကားရေဆေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ပျိုးဥယျာဉ် အရောင်းဆိုင်များကို ဖယ်ရှား ပေးမည့် အချိန်နှင့် ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၁)၏ လွှတ်တော်ကိုယ်စား လှယ်ဦးအေးဗိုလ်က မေးမြန်းရာ နေပြည်တော်ကောင်စီဝင်က အထက်ပါအတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ လက်ရှိမှာ ကျူးကျော်ပြသနာနဲ့ ပတ်သတ်ပြီး အိမ်ထောင်စုသက်သေခံကဒ်တွေ ထုတ်ပေးထားတဲ့ အဆင့်ရောက်နေပြီဖြစ်တာကြောင့် ဖြေမှုရရှိဖို့ ဖြေရှင်း ပေးသွားမှာ ဖြစ်ပါတယ် ” ဟု ဦးအောင်မြတ်ထွန်း က ပြောသည်။

လက်ရှိတွင် လှိုင်သာယာ- ပုသိမ်ကားလမ်းဘေးက ရေမြောင်းအတွင်းမှာ စက်မှုဇုန်(၂)၊ စက်မှုဇုန်(၃)၊ စက်မှုဇုန်(၄)ရှိတဲ့ ရေအုတ်ကန်ကျေးရွာအပိုင်း ကျူးကျော်တဲ ၂၅၀ကျော်ရှိပြီး နောက် ရွှေသံလွင်စက်မှုဇုန်နဲ့ အနော် ရထာ စက်မှုဇုန်မြေရှေ့ ပဒန်းကျေးရွာအပိုင်း ကျူးကျော်တဲ လေးရာကျော်၊ စုစုပေါင်း ၆၅၀ကျော်ကို ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးသုတေသနစီမံကိန်း ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူ ရေးလုပ်ငန်းက အိမ်ထောင်စုသက်သေခံကဒ်ပြားများ ထုတ်ပေးထားပြီးဖြစ်သည်။
“ ပြေလည်ဖို့ ဖြေရှင်းသွားမှာဖြစ်ပါတယ်၊ ဘယ်အချိန်မှာ ဖြေရှင်းမယ်ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး ” ဟု နေပြည်တော်ကောင်စီဝင်က ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပုသိမ်- ညောင်တုန်းလမ်းဘေးရှိ ကျူးကျော် တဲများကို အမှီပြုပြီး ဖြစ်ပေါ်လာသည့် ကားရေဆေးလုပ်ငန်း ၄၀ကျော်နှင့် ပန်းပျိုးဥယျာဉ်အရောင်းဆိုင် ခုနစ်ဆိုင်တို့ကို အရေးယူဆောင်ရွက်ခဲ့သည်။

ထိုသို့အရေးယူဆောင်ရွက်ရာတွင် ၂၀၁၇- ၂၀၁၈ဘဏ္ဍာရေးနှစ်အတွင်း ၁၁၅မှုရှိခဲ့ပြီး ငွေဒဏ်အားဖြင့် ၁၈,၇၀၅၀၀၀ကျပ် ရရှိခဲ့သည်။
ကျူးကျော်သည့်ကိစ္စများ ဖြေရှင်းရေးကို ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံက စဉ်းစားရန် ရှိနေပြီး တိုင်းဒေသကြီးအစိုးရအတွက် ငွေ၊ အချိန်၊ စီမံကိန်းတို့ဖြင့် ဆောင်ရွက်ရမည်ဟု နေပြည်တော်ကောင်စီဝင် ဦးအောင်မြတ်ထွန်းက ဆိုသည်။

“ ကျူးကျော်နေထိုင်သူများအတွက် ဖြေရှင်းဖို့ ဆောင်ရွက်တဲ့အခါမှာ အချိန်ယူရမယ်လို့ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်အရ တင်ပြအပ်ပါတယ် ” ၄င်းက ပြောသည်။

ကျူးကျော်တဲများ ဖယ်ရှားရှင်းလင်းရေးကို စက်တင်ဘာလ ၅ရက်မှ ယခုလ ၈ရက်နေ့အထိ စည်ပင်သာယာအက်ဥပဒေပုဒ်မ ၆၈အရ ဥပဒေနှင့် အညီ ထိန်းသိမ်းကွပ်ကဲဆောင်ရွက်လျက်ရှိသည်ဟု ဦး အောင်မြတ်ထွန်းက ဆိုသည်။

“ ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးရေးသုတေသနစီမံကိန်းက ကျူးကျော်နေထိုင်သူများကို ပထမစာရင်း ကောက်တယ်၊ အဲ့ဒီနောက် ကျူးကျော်နေထိုင်သူတွေကို ကျူးကျော်နေထိုင်တယ်ဆိုတဲ့ အိမ်ထောင်စုသက် သေခံကဒ်( စမတ်ကဒ် ) ထုတ်ပေးပြီးဖြစ်ပါတယ်၊ အဲ့ဒီတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျူးကျော်နေ ထိုင်သူတွေနဲ့ ပတ်သတ်ပြီး တရားနည်းလမ်းတကျဖြေရှင်းနိုင်ဖို့ အစီအမံရှိတယ်ဆိုတာ ဒီလုပ်ရပ်က သက်သေပြနေတယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ် ” ဟု ၄င်းက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service