သြစတေးလျတွင် လူနေအဆောက်အအုံအဖြစ် ပြောင်းလဲထားသည့် ရှေးဟောင်းရေစင်ကြီးကို ကန်ဒေါ်လာ ၁ သန်းကျော်ဖြင့် လေလံတင်ရောင်းချ

သြစတေးလျတွင် လူနေအဆောက်အအုံအဖြစ် ပြောင်းလဲထားသည့် ရှေးဟောင်းရေစင်ကြီးကို ကန်ဒေါ်လာ ၁ သန်းကျော်ဖြင့် လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
15 Nov 2017 10:32 am တွင် တင်ခဲ့သည်
4624 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံတွင် ပြည်နယ်ကြီး ၆ ခုရှိသည့်အနက် တောင်ပိုင်းရှိ ပြည်နယ်ဖြစ်သော တောင်သြစတေးလျပြည်နယ်၊ အဲ့ဒလေ့ဒ် (Adelaide ) မြို့ကြီး၏ အနောက်မြောက်ဘက်ရှိ ဆဲမားဖိုးရ်ဒေသကလေး၌ တည်ရှိသည့် ရေစင်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝယ်ယူသွားသူမှာ ဆစ်ဒနီမြို့အခြေစိုက် အာမခံလုပ်ငန်းအကျိုးဆောင်တစ်ဦးဖြစ်သူ အသက် ၄၇ နှစ်အရွယ်ရှိသည့် ဒင်နီယယ် ဂျွန်ဆင်ဆိုသည် ဖြစ်သည်။
လေလံဆွဲဝယ်ယူလိုက်သည်မှာ ဆဲမားဖိုးရ်၏ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်ပြီး မူလက ရေစင်ကြီးအဖြစ် အသုံးပြုခဲ့ကာ နောက်ပိုင်းတွင် လူနေအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆောက်အအုံပေါ်မှတဆင့် ကမ်းရိုးတစ်လျှောက်နှင့် မြို့၏ မြင်ကွင်းများကို ၃၆၀ ဒီဂရီ တွေ့မြင်ရသည်။ဂျွန်ဆင်သည် ယင်းအဆောက်အအုံရောင်းချရန် ကြော်ငြာကို သတင်းစာတစ်စောင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆောက်အအုံကြည့်ရန် အဲ့ဒလေ့ဒ်သို့ လာရောက်ရန် အချိန်မရှိသောကြောင့် မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် လေလံပွဲမတိုင်မီ ယင်းအဆောက်အအုံကို ဖေ့စ်ဘုတ်မှတစ်ဆင့် live လွှင့်ပြသပေးသည်ကို ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း ဂျွန်ဆင်က ပြောကြားသည်။

“ ဒီအဆောက်အအုံကို လေလံနိုင်လိုက်တာနဲ့ ပတ်သက်ပြီး အခုထိ မယုံနိုင်လောက်အောင် အံ့အားသင့်နေရဆဲပါ။ ကျွန်တော်တို့ ဝယ်လိုက်တဲ့နေရာဟာ သြစတေးလျရဲ့ သက်တမ်းအရင့်ဆုံးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်” ဟု မစ္စတာဂျွန်ဆင်က ဆိုသည်။

လေလံဆွဲရန် တိုက်တွန်းခဲ့သည်မှာ ဇနီးဖြစ်သူဖြစ်ပြီး ယင်းအဆောက်အအုံကို မည်သို့အသုံးပြုရမည်နှင့်စပ်လျဉ်း၍ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချ
ရသေးကြောင်းလည်း ဂျွန်ဆင်က ဆက်လက်ပြောကြားသည်။

“ဒါကို ရင်သပ်ရှုမောဖွယ်နေရာတစ်ခုဖြစ်လာအောင် ကျွန်တော်တို့လုပ်ချင်ပါတယ်။ စားသောက်ဆိုင်ပါတဲ့ ပန်းချီပြခန်းမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” ဟု ဂျွန်ဆင်က ခန့်မှန်းပြောကြားသည်။

ရောင်းချသူမှာ ဘင်အလီဟု အမည်ရပြီး ၎င်း၏ ဘိုးဘွားများဖြစ်ကြသော မန်ဖရက်ဒ် စတီဘာနှင့် ဇနီးဖြစ်သူ ဘီဗာလီတို့သည် ယင်းရေစင်ကြီးကို အားလပ်ရက်အပန်းဖြေရာနေရာအဖြစ် အသုံးပြုရန် ၁၉၇၃ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင်မူ ကမ်းခြေလူနေမှုဟန်နှင့် လူနေအိမ်အဖြစ်ပြောင်းလဲထားသော ရေစင်အဆောက်အအုံကြီးကို နှစ်သက်မြတ်နိုးမှုကြောင့် နှစ်အနည်းငယ်အကြာတွင် အမြဲတမ်းအခြေချနေထိုင်ခဲ့ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သြစတေးလျတွင် လူနေအဆောက်အအုံအဖြစ် ပြောင်းလဲထားသည့် ရှေးဟောင်းရေစင်ကြီးကို ကန်ဒေါ်လာ ၁ သန်းကျော်ဖြင့် လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
သြစတေးလျတွင် လူနေအဆောက်အအုံအဖြစ် ပြောင်းလဲထားသည့် ရှေးဟောင်းရေစင်ကြီးကို ကန်ဒေါ်လာ ၁ သန်းကျော်ဖြင့် လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
သြစတေးလျတွင် လူနေအဆောက်အအုံအဖြစ် ပြောင်းလဲထားသည့် ရှေးဟောင်းရေစင်ကြီးကို ကန်ဒေါ်လာ ၁ သန်းကျော်ဖြင့် လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
သြစတေးလျတွင် လူနေအဆောက်အအုံအဖြစ် ပြောင်းလဲထားသည့် ရှေးဟောင်းရေစင်ကြီးကို ကန်ဒေါ်လာ ၁ သန်းကျော်ဖြင့် လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service