လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ

လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
14 Nov 2017 11:19 am တွင် တင်ခဲ့သည်
804 ကြိမ် ကြည့်ရှု့ပြီး
၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီး ဂျက်ကလင်း ကနေဒီ အိုနာစစ်၏ ဘေးဖြစ်သူ (အဘိုး၏အဖေ) ပိုင်ဆိုင်သော ဖီလာဒဲလ်ဖီးယားနေအိမ် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်သည် ဂျက်ကလင်း၏ အဘေးဖြစ်သူ မိုက်ကယ် ဘိုဗီးယားက ၁၈၅၀ ပြည့်လွန်ကာလများတွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ အရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် ရောက်ရှိလာသည်။
မိုက်ကယ် ဘိုဗီးယားသည် ပြင်သစ်တွင် နပိုလီယံဖမ်းဆီးခံလိုက်ရပြီးနောက် ၁၈၁၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။

ယင်းနောက် ဖီလာဒဲလ်ဖီးယားတွင် ပရိဘောဂလုပ်ငန်းဖြင့် ငွေကြေးအတော်အတန်စုဆောင်းမိကာ အမှတ် ၃ လမ်းပေါ်တွင် နေအိမ် ၃ လုံး ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အရောင်းဈေးကွက်တင်သည့် Fox & Roach ကုမ္ပဏီက ဆိုသည်။
“ဒီအိမ်နဲ့ အနီးဝန်းကျင်မှာ သမိုင်းဝင်ဖြစ်ရပ်တွေ များစွာရှိနေပါတယ်။ အနားမှာဆိုရင် လွတ်လပ်ရေးခန်းမ၊ လွတ်လပ်ရေးခေါင်းလောင်း၊ အမေရိကန်တော်လှန်ရေးပြတိုက်တွေရှိနေပြီး သောမတ်စ် ဂျက်ဖာဆင်က သမိုင်းဝင်လွတ်လပ်ရေးကြေညာစာတမ်းကို ဒီပြတိုက်နေရာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်” ဟု ဈေးကွက်တင်သည့်ကုမ္ပဏီမှ အကြီးအကဲဖြစ်သူ ဖရန့်ခ် ဒီဖာဇီယိုက ပြောကြားသည်။

နေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၅၉၀၀ ကျယ်ဝန်းသည်။
အိမ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၄ ခန်း ပါဝင်ပြီး စတုရန်းပေ ၁၂၀၀ ခန့် အကျယ်အဝန်းရှိသည့် မြေအောက်ခန်းနှင့် မီးလင်းဖို ၇ ခုလည်း ပါဝင်သည့်အပြင် ဖျော်ဖြေရေးဆိုင်ရာ နေရာများ အများအပြား ပါဝင်သည်။
လက်ရှိအားဖြင့် မိသားတစ်စုတည်းနေထိုင်သည့် လူနေအိမ်အဖြစ် အသုံးပြုလျက်ရှိသော်လည်း ကွန်ဒိုမီနီယံအဖြစ် ပြောင်းလဲဆောက်လုပ်နိုင်ခွင့်လည်းရှိကြောင်း ဒီဖာဇီယိုက ပြောကြားသည်။

“ဆွဲချင်တဲ့ရုပ်ပုံ ဆွဲလို့ရတဲ့ ကင်းဗတ်စအလွတ်တစ်ခုလိုပါပဲ။ ဝယ်လက်အနေနဲ့ ဒီသမိုင်းဝင်နေအိမ်ကို ခေတ်သစ်လူနေမှု ပုံစံမျိုး ပြောင်းလဲမွမ်းမံခွင့် ရရှိထားပါတယ်” ဟု ဒီဖာဇီယိုက ဆက်လက်ပြောကြားသည်။
တရားဝင်အိမ်ခြံမြေမှတ်တမ်းများအရ အဆိုပါနေအိမ်ကို ဒေသတွင်းမိသားစုတစ်ခုက နှစ်ပေါင်း ၄၀ ကျော် ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဘက်မှ ဘေးဖြစ်သူပိုင်ဆိုင်သောနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service