ဟံသာဝတီ လေဆိပ်စီမံကိန်းအတွက် ဂျပန်မှ ODA ချေးငွေ ကန်ဒေါ်လာသန်း ၇၀ဝ ကျော်ရမည်

ဟံသာဝတီ လေဆိပ်စီမံကိန်းအတွက် ဂျပန်မှ ODA ချေးငွေ ကန်ဒေါ်လာသန်း ၇၀ဝ ကျော်ရမည် - Property News in Myanmar from iMyanmarHouse.com
14 Nov 2017 10:23 am တွင် တင်ခဲ့သည်
3288 ကြိမ် ကြည့်ရှု့ပြီး
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း တည်ဆောက်ရန် ဂျပန်နိုင်ငံမှ အစိုးရချင်းချေးငွေ ODA အဖြစ် အမေရိကန် ဒေါ်လာသန်း ခုနစ်ရာကျော်ကိုရရှိရန် သဘောတူထားပြီးဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

“အစိုးရချင်း ချေးငွေအနေနဲ့ ဒေါ်လာသန်း ၇၀ဝ ကျော် ပတ်ဝန်းကျင်လောက်ကို ချေးငွေရဖို့ သဘောတူညီမှု ရပြီးသားဖြစ်ပါတယ်။ အခုက ပုဂ္ဂလိက ချေးငွေရဖို့အတွက် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေနဲ့ဆက်ဆွေးနွေးနေတာပါ။ ဒီနှစ်ထဲမှာ တစ်ခါဆွေးနွေးဖို့ စီစဉ်ထားတယ်။ အဆင်ပြေရင်တော့ စီမံကိန်း စလုပ်လို့ ရပါပြီ”ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်း ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင်တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများနှင့် ဂျပန်အစိုးရထံမှ ပုဂ္ဂလိက ချေးငွေရရှိရန် ဆွေးနွေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယင်းစီမံကိန်းသည် ၂၀၁၂ ခုနှစ်က စတင် တင်ဒါခေါ်ယူ ဆောင်ရွက်သည့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သော PPP စနစ်ကို အခြေခံသည့် စီမံကိန်းဖြစ်သည်။
ပထမအဆင့် ပြီးစီးပါက လေဆိပ်အတွင်း ခရီးသည် ၁၂ သန်းခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်ပြီးစီးပါက ခရီးသည်ဦးရေ သန်း၂၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးရဲထွဋ်အောင်က ရှင်းပြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး လေဆိပ်စီမံကိန်း ဖြစ်လာမည့် ဟံသာဝတီ လေဆိပ်ကို JGC- Yongnam-Changi Airport International Consortium က တင်ဒါ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းညှိနှိုင်းမှု ကော်မတီ၊ လုပ်ငန်းကော်မတီ အပါအဝင် ကော်မတီ သုံးရပ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင်ပုဂ္ဂလိက ချေးငွေရရှိစေရန် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ရန်ကုန်လေဆိပ်ကိုတောင်မှ မကြာခင်ကမှ အဆင့်မြှင့်တင်ထားတာ ဖြစ်တဲ့အတွက် လက်ရှိနိုင်ငံ စီးပွားရေး အခြေအနေအရ လေကြောင်းခရီးသွားတွေရဲ့ အနေအထားနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကိုဝင်ရောက်နေတဲ့ လေကြောင်းလိုင်းတွေအရ ဟံသာဝတီ လေဆိပ်ကအရေးတကြီး မလိုသေးတဲ့ အနေအထား တစ်ခုပါ။ လက်ရှိ တချို့ လေကြောင်းလိုင်းတွေမှာတောင် ခရီးစဉ်တချို့ကို ရပ်ဆိုင်းမှုတွေတောင်ရှိနေတဲ့ အနေအထားပါ”ဟု ပြည်တွင်း ပြည်ပ ပြေးဆွဲနေသော လေကြောင်းလိုင်း တစ်ခုမှတာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင် ဆောင်ရွက်မှုများကို အဆင့်အလိုက် ဆောင်ရွက်နေသော်လည်း အနာဂတ်တွင် တိုးပွားလာမည့် ခရီးသည်ပမာဏအတွက် အပြည်ပြည်ဆိုင်ရာ အဓိကလေဆိပ်ကြီးအဖြစ် ဟံသာဝတီ လေဆိပ်ကိုတည်ဆောက် အကောင်အထည်ဖော်ရန်
ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service