လာမည့်နှစ်ဆန်းပိုင်းတွင် ဘဏ်မတူသည့် MPU ကတ်အချင်းချင်း ငွေလွှဲပြောင်းနိုင်မည်

လာမည့်နှစ်ဆန်းပိုင်းတွင် ဘဏ်မတူသည့် MPU ကတ်အချင်းချင်း ငွေလွှဲပြောင်းနိုင်မည် - Property News in Myanmar from iMyanmarHouse.com
9 Nov 2017 11:07 am တွင် တင်ခဲ့သည်
5344 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းဘဏ်များမှ ထုတ်ဝေသည့် MPU ကတ်များအချင်းချင်း လာမည့်နှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ငွေလွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း Myanmar Payment Union (MPU) အဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။

ထုတ်ဝေသော ဘဏ်မတူသည့် MPU ကတ်အချင်းချင်း ATM စက်များမှ တစ်ဆင့်ငွေလွှဲပြောင်းနိုင်ရန် MPU ပြင်ဆင်နေသည်မှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း Myanmar Payment Union (MPU) အဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။

“ဇန်နဝါရီလဆို ပြီးမယ်။ပြီးရင် ဘဏ်တွေကလာ Join(ချိတ်ဆက်)ရမယ်။ Join ပြီးရင် စသုံးလို့ရမယ်။ Join တာ နှစ်ဘဏ်ရှိရင် နှစ်ဘဏ်ပေးလို့ရမယ်။ သုံးဘဏ်ရှိရင် သုံးဘဏ်ပေးလို့ ရမယ်။ အဓိကက ဘဏ်တွေပေါ် မူတည်တယ်”ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။

ထိုသို့ လွှဲပြောင်းနိုင်ပါက သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး ဘဏ်ပိတ်ချိန်များတွင်မူ ကတ်အချင်းချင်း ငွေလွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း Myanmar Payment Union(MPU) အဖွဲ့ ထံမှ သိရသည်။

သို့သော် အဆိုပါဝန်ဆောင်မှုတွင် MPU အကြွေးဝယ်ကတ်(Credit Card)များအချင်းချင်း ငွေလွှဲပြောင်း နိုင်ခြင်းရှိ၊ မရှိမှာသက်ဆိုင်ရာ ထုတ်ဝေပေးထားသည့် ဘဏ်များ၏ မူဝါဒအပေါ်မူတည်ကြောင်းလည်း ဦးဇော်လင်းထွဋ်က ရှင်းပြသည်။

“အကြွေးဝယ်ကတ်တွေ ရ၊မရ ဆိုတာက ဘဏ်တွေရဲ့ Policy ပေါ်မှာ မူတည်တယ်။ သက်ဆိုင်ရာ ဘဏ်က ခွင့်ပြုရင်ရမယ်။ များသောအားဖြင့်တော့ ဘဏ်တွေလည်း အဲလိုဝန်ဆောင်မှုကို Debit Card ပဲ ပေးတာများတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိတွင် MPU ကတ်သုံးစွဲသူ သုံးသန်းခွဲခန့်ရှိပြီး ATM စက်တပ်ဆင်ထားရှိမှုမှာမူ တစ်နိုင်ငံလုံးတွင် သုံးထောင့်ရှစ်ရာခန့်ရှိကြောင်း သိရသည်။

Credit: The Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service