ချင်းပြည်နယ်တွင် အဆင့်သုံးဆင့် ခွဲ၍ မြို့ပြဖွံ့ ဖြိုးရေး စီမံကိန်း ဖော်ဆောင်မည်

ချင်းပြည်နယ်တွင် အဆင့်သုံးဆင့် ခွဲ၍ မြို့ပြဖွံ့ ဖြိုးရေး စီမံကိန်း ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
9 Nov 2017 10:58 am တွင် တင်ခဲ့သည်
3365 ကြိမ် ကြည့်ရှု့ပြီး
ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ချင်းပြည်နယ်အတွင်း စီးပွားရေးအားကောင်းသော၊ ပညာရေး ကောင်းမွန်သော၊ နေချင့်စဖွယ်နှင့်သန့်ရှင်းလုံခြုံသော မြို့များဖြစ်စေရန် ရည်ရွယ်၍ ပြည်နယ်
အတွင်းရှိ ခရိုင်နှင့် မြို့နယ်အပါအဝင် မြို့ ၁၅ မြို့တို့အား မြို့ပြဖွံ့ဖြိုးရေးမြှင့်တင်သည့်အနေဖြင့် စီမံကိန်းအဆင့် သုံးဆင့်ခွဲကာ စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

''ချင်းပြည်နယ်ရဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့ ဆွေးနွေးပွဲပြုလုပ်တဲ့အခါမှာ မြို့ပြနဲ့အိုးအိမ်ဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်
(ငြိမ်း) (ပြင်ပ ပညာရှင်)နဲ့အဖွဲ့တွေလည်း တက်ရောက် အကြံပြုဆွေးနွေးခဲ့ပါတယ်၊ ချင်းပြည်နယ်မှာရှိတဲ့ မြို့အားလုံးဟာ တောင်ပေါ်မြို့တွေချည်း
ပဲဖြစ်သလို မြို့တစ်မြို့နဲ့ တစ်မြို့ကလည်း တည်ရှိပုံအနေအထားမတူပါဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ မြို့တွေက ဖွံ့ဖြိုးမှုပိုပြီး နောက်ကျပါ တယ်၊ တောင်ပေါ်မြို့ဆိုပေမယ့် တချို့မြို့တွေက
မြေပြိုခံရမှုမဖြစ်သလောက်နည်းပါးပြီး တချို့မြို့တွေကျတော့ သက်နုမြေသားတောင်ပေါ်မှာ ရှေးကတည်းက တည်ထားတဲ့မြို့တွေဖြစ်တာကြောင့်
မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်၊ မကြာခင် ချင်းပြည်နယ်မှာရှိတဲ့ မြို့တွေမှာ စီးပွားရေးအား ကောင်းလာသလို ပညာရေး ကောင်းမွန်လာပြီးဖွံ့ဖြိုးတိုးတက်လာတဲ့မြို့တွေဖြစ်လာပါလိမ့်မယ်'' ဟု ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ချင်းပြည်နယ်အတွင်း မြို့ပြစီမံကိန်းများကိုအဆင့်သုံးဆင့်ဆောင်ရွက်ရာတွင် ပထမအဆင့်၌ ဟားခါးမြို့၊ ဖလမ်းမြို့နှင့်ပလက်ဝမြို့၊ ဒုတိယ အဆင့်၌ ဆမီးမြို့၊ရေဇွာမြို့၊ လိုင်လင်းပီမြို့၊ ခိုင်ကမ်းမြို့၊ ရိခေါဒါရ်မြို့နှင့်ကျီခါးမြို့၊ တတိယအဆင့်၌ မတူပီမြို့၊ မင်းတပ်မြို့၊တီးတိန်မြို့၊ ကန်ပက်လက်မြို့၊ တွန်းဇံမြို့နှင့် ထန်တလန်မြို့တို့ ပါဝင်မည်ဖြစ်ပြီး ပထမအဆင့်နှင့် တတိယအဆင့်မြို့များမှာ ခရိုင်နှင့် မြို့နယ်အဆင့်သတ်မှတ်ထားသော မြို့များဖြစ်
ရာ ဒုတိယအဆင့်မြို့များမှာ အသစ်တိုးချဲ့ထားသည့်မြို့နှင့် အဆင့်မြှင့်တင်ထားသော မြို့များဖြစ်၍အဆိုပါ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို ပြည်နယ်အစိုးရ
၏ ဦးဆောင်မှုဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ တတိယပတ်က ဟားခါးမြို့၌ သုံးရက်ကြာပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့များမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်(ငြိမ်း)(ပြင်ပ ပညာရှင်)က မြို့ပြစီမံကိန်းနှင့် ပတ်သက်၍သိသင့်သိထိုက်သည့် အချက်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်ကမြေယာစီမံခန့်ခွဲရေးအကြောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလှိုင်က မြို့ပြစီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရာတွင် အဓိက လိုအပ်ချက်များအကြောင်းတို့ကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service