တောင်ဒဂုံမှ မြေကွက်များ အကျဈေးဖြင့် အဝယ်လိုက်နေ

တောင်ဒဂုံမှ မြေကွက်များ အကျဈေးဖြင့် အဝယ်လိုက်နေ - Property News in Myanmar from iMyanmarHouse.com
9 Nov 2017 10:44 am တွင် တင်ခဲ့သည်
2944 ကြိမ် ကြည့်ရှု့ပြီး
တောင်ဒဂုံမြို့နယ်မှ မြေကွက်များ ဈေးနှုန်းကျဆင်းနေသော်လည်း ထိုအကျဈေးနှုန်းဖြင့် အဝယ်လိုက်နေကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။

''ဒီရက်ပိုင်းမှာ လုပ်ငန်းရှင်တစ်ဦးက စက်မှုဇုန် လေးဧက ဝယ်ယူပြီးချိန်ကစပြီးတော့ မြေကွက်တွေ အဝယ်လိုက်လာတာပါ'' ဟု ဒေသခံ အိမ်ခြံမြေအကျိုးဆောင် မချိုနွယ်က ပြောသည်။

သို့သော် မြေကွက်ဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းနေပြီးမြေကွက်ပိုင်ရှင်အများစုက အရှုံးခံ ရောင်းချနေကြခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
''လမ်းမတန်းပေါ်က ပေ ၄ဝ၊ ပေ ၆ဝ မြေတစ်ကွက်ကို ကျပ်သိန်း ၂၈ဝ လောက်ပဲ ပေါက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ အရင်တုန်းက အဲဒီမြေကွက်တွေက တစ်ကွက်ကို အနည်းဆုံး သိန်း ၄ဝဝ လောက် ပေါက်ဈေးရှိခဲ့ပါတယ်''ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေဈေး ကောင်းခဲ့သောအချိန်က ဈေးနှုန်းကြီးမြင့်စွာ ဖြင့် မြေကွက်များ ဝယ်ယူထားသူများပင်လျှင် အကျဈေးနှုန်းဖြင့် မြေကွက်များ ပြန်လည်ရောင်းချနေကြကြောင်း မချိုနွယ်က ပြောသည်။

''မြေဈေး ထပ်မတက်နိုင်တော့ဘူးလို့ ယုံကြည်နေတာတွေ ကြောင့် မြေကွက်ကို ဈေးကစားဖို့ ဆက်ရင်းနှီးမမြှုပ်နှံလိုကြတော့ဘဲ အကျဈေးနဲ့ပဲ ရောင်းကြတာ ဖြစ်နိုင်ပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြို့သစ်များ ချဲ့ထွင်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မှုများ ပြုလုပ်လာသည့်အပြင် မြေဈေးနှုန်းများ ဆက်လက်မမြင့်တက်စေရန် ဈေးနှုန်းထိန်းမည်ဟု ပြောဆိုမှုများလည်း ရှိသည့်အတွက် မြေကွက်ဈေးများ မမြင့်တက်လာနိုင်ဟု အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများက ယုံကြည်လာကြခြင်းဖြစ်သည်ဟု မြောက်ဒဂုံမြို့နယ်အခြေစိုက် သစ္စာမြေအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မသူဇာမေက ပြောသည်။

''အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူအများစုက မြေဈေးက အတက်ဘက်ထက် အကျဘက်ကိုပဲ ဦးတည်နေတယ်လို့ ယုံကြည်နေကြတယ်။ အကျဘက်ပဲ ဦးတည်မယ်လို့ တွေးနေကြတော့ ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူသူမရှိကြဘဲ နေထိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ပဲ မြေကွက်တွေကို ဝယ်ယူလာကြတယ်''ဟု ၄င်းက ပြောသည်။

အရှေ့ဒဂုံမြို့နယ်များနှင့် မြောက်ဒဂုံမြို့နယ်များတွင်လည်း မြေကွက်များ ဈေးနှုန်းကျဆင်းပြီး နေထိုင်ရန် ဝယ်ယူလိုသူများ ရှိကြောင်း မချိုနွယ်က ပြောသည်။

''အရှေ့ဒဂုံမြို့နယ်မှာ ပေ ၄ဝ၊ ပေ ၆ဝ မြေတစ်ကွက်ကို အရင်က သိန်း ၅ဝဝ လောက် ပေါက်ဈေးရှိခဲ့ပေမဲ့ အခု သိန်း ၃၅ဝ လောက်ပဲ ဈေးရှိတော့တယ်။ မြောက်ဒဂုံမြို့နယ်မှာတော့ အရင်က သိန်း ၈ဝဝ လောက် ပေါက်ဈေးရှိခဲ့တဲ့ ပေ ၄ဝ x ပေ ၆ဝ မြေတစ်ကွက်ကို အခု သိန်း ၄၅ဝ လောက်နဲ့ အရောင်းအဝယ် ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service