တေလာဆွစ်ဖ်က နယူးယောက်မြို့ ထရိုင်ဘက်ကာအရပ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဌဟောင်း၏ နေအိမ်ကို ဝယ်ယူ

တေလာဆွစ်ဖ်က နယူးယောက်မြို့ ထရိုင်ဘက်ကာအရပ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဌဟောင်း၏ နေအိမ်ကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
8 Nov 2017 11:23 am တွင် တင်ခဲ့သည်
4854 ကြိမ် ကြည့်ရှု့ပြီး
ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အောက်ပိုင်း၊ ထရိုင်ဘက်ကာအရပ်တွင် နေအိမ်တစ်လုံးဝယ်ယူလိုက်ပြီဖြစ်သည်။

တည်နေရာမှာ ထရိုင်ဘက်ကာအရပ်၊ ဖရန်ကလင်လမ်း၊ အမှတ် ၁၅၃ တွင် တည်ရှိသော နေအိမ်ဖြစ်သည်။

အဆိုပါနေအိမ်တွင် ပြင်သစ်နိုင်ငံရေးသမား ၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ညွှန်ကြားရေးမှူးဟောင်း ဒေါမနစ် စထရော့စ်ခန်သည် နေအိမ်အကျယ်ချုပ်ကျခံရစဉ်အတွင်း နေထိုင်ခဲ့ရခြင်းလည်း ဖြစ်သည်။

စထရော့စ်ခန်သည် IMF တွင် တာဝန်ထမ်းဆောင်နေစဉ် နယူးယောက်မြို့ ဆိုဖီတယ်ဟိုတယ်မှ ဝန်ထမ်း မိန်းကလေးတစ်ဦးကို အဓမ္မကျင့်ရန် ကြိုးစားခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ၂၀၁၁ ခုနှစ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံခဲ့ရခြင်း ဖြစ်သည်။

နောက်ပိုင်းတွင်မူ စကားပြန်၏ မှားယွင်းမှုဖြစ်ကြောင်း ပေါ်ပေါက်ကာ အမှုမှ ပြန်လည်လွတ်မြောက်ခဲ့သည်။တေလာဆွစ်ဖ်သည် အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်မြို့ တရားဝင်အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

တေလာဆွစ်ဖ်သည် ဖရန်ကလင်လမ်းတွင်ပင် penthouse duplex ခန်းတစ်ခန်းလည်း ပိုင်ဆိုင်ထားသေးသည်။အဆိုပါ penthouse ခန်းကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၉ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယင်း penthouse ခန်း မှာမူ အရောင်းဈေးကွက်ဝင်လာသည့် မှတ်တမ်းမှတ်ရာများ မရှိခြင်းကြောင့် ဈေးကွက်ပြင်ပ အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

ယခုဝယ်ယူလိုက်သော နေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး အားကစားလေ့ကျင့်ရေးခန်းမ၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးထားသည့် လသာဆောင်တို့ ပါဝင်သည်။

တေလာဆွစ်ဖ်က ၎င်းကိုယ်တိုင် တိုက်ရိုက်ဝယ်ယူခဲ့ခြင်းကား မဟုတ်ချေ။
နယူးယောက်မြို့အခြေစိုက် Euro Tribeca LLC အမည်ရှိ ကုမ္ပဏီတစ်ခုမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီသည် တေလာဆွစ်၏ စီမံခန့်ခွဲရေးအဖွဲ့အတွက် လုပ်ကိုင်ပေးနေသော ရှေ့နေတစ်ဦးဖြစ်သည့် ဂျက်စီ ပီ-ရှောဒီးစ်နှင့် ဆက်နွှယ်နေသည်။
ရှောဒီးစ်သည် ယခင်ကလည်း တေလာဆွစ်ဖ်၏ အိမ်ခြံမြေဝယ်ယူမှုများစွာကို ကိုယ်စားပြုပေးခဲ့သူတစ်ဦးဖြစ်သည်။ရှောဒီးစ်ကမူ ယခုအရောင်းအဝယ်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခဲ့မှု မရှိချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တေလာဆွစ်ဖ်က နယူးယောက်မြို့ ထရိုင်ဘက်ကာအရပ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဌဟောင်း၏ နေအိမ်ကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service