တတိယမြောက်ပူးပေါင်းမှုရလာဒ် Hilton Mandalay ဟိုတယ်ကို နိုဝင်ဘာလ နောက်ဆုံးပတ်၌ ဖွင့်လှစ်မည်

တတိယမြောက်ပူးပေါင်းမှုရလာဒ် Hilton Mandalay ဟိုတယ်ကို နိုဝင်ဘာလ နောက်ဆုံးပတ်၌ ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
8 Nov 2017 10:09 am တွင် တင်ခဲ့သည်
5217 ကြိမ် ကြည့်ရှု့ပြီး
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးနှင့် ဘဏ်လုပ်ငန်းများတွင် တွန်းတိုက် လုပ်ကိုင်နေသော ပြည်တွင်းစီးပွားရေးလုပ်ငန်းစု ‘ဧဒင်’ ၏ လုပ်ငန်းခွဲဖြစ်သည့် ဧဒင်ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်းမှ အမေရိကန်အမှတ်တံဆိပ် Hilton ၏ စီမံခန့်မှုနှင့် ၀န်ဆောင်မှုများကိုရယူလျက် ယင်းတို့၏ တတိယမြောက် ဟိုတယ် တစ်လုံးကို အထက်မြန်မာပြည်၏ စီးပွားရေးဗဟိုချက်မဖြစ်သည့် မန္တလေးမြို့တော်တွင် နိုဝင်ဘာလ နောက်ဆုံးသီတင်းပတ်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၏ ဧဒင်အုပ်စု ဥက္ကဌဖြစ်သူ ဦးချစ်ခိုင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားထားသည်။

“ဖွင့်လှစ်မယ့်ရက်အတိအကျက နိုဝင်ဘာလ ၂၇ ရက်နေ့ဖြစ်ပါတယ်” ဟု ဦးချစ်ခိုင်က ပြောသည်။

မန္တလေးနန်းတော်နှင့် မန္တလေးတောင်တော်ကို မျက်နှာမူထားသည့် ဟီ(လ) တန် မန္တလေး- Hilton Mandalay ဟိုတယ် သည် အိမ်တော်ရာဘုရား၊ မဟာမြတ်မုနိဘုရားကြီးနှင့် ရွှေနန်းတော်ကျောင်း စသော မြို့တော်၏ အဓိကကျသည့် ယဉ်ကျေးမှုဆွဲဆောင်ရာနေရာများမှ သယ်ယူပို့ဆောင်ရေး ဘတ်(စ)ကားများဖြင့် အချိန် ၁၀ မိနစ် အကွာအဝေးတွင် တည် ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က စင်ကာပူအခြေစိုက် Keppel Land Hospitality ၏ စီမံခန့်ခွဲမှုလက်အောက်၌ လည်ပတ်ခဲ့သော မန္တလေး ဆီဒိုးနား-Mandalay Sedona ကို ဧဒင်အုပ်စုမှ ၀ယ်ယူထားကာ ကမ္ဘာကျော် ဟိုတယ်နှင့် ဧည့်သည်ဝန်ဆောင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းဖြစ်သည့် Hilton အုပ်စုမှ Hilton Mandalay အမည်ဖြစ် ပြောင်းလဲဆန်းသစ်တော့မည်ဖြစ်သည်။

“ဟီ(လ)တန်-Hilton က နိုင်ငံပေါင်း ၁၀၀ လောက်မှာ ဟိုတယ်ပေါင်း ၅၀၀၀ ကျော်ကို စီမံခန့်ခွဲနေတဲ့ အဖွဲ့အစည်းကြီးဖြစ်တယ်၊ ဒါကြောင့် နည်းပညာအရရော၊ Service Industry မှာ သူတို့ရဲ့ ဆောင်ရွက်ချက်က ထိပ်ဆုံးမှာရှိတဲ့ အဖွဲ့အစည်းကြီးဖြစ်တာကြောင့် ကျွန်တော်တို့နိုင်ငံအတွက် အတွေ့အကြုံအများကြီးကို သယ်ဆောင်လာလိမ့်မယ်” ဟု ဧဒင်၏ ဥက္ကဌ ဦးချစ်ခိုင်က ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုအနေနှင့် ယခင်လွှဲပြောင်းဝယ်ယူခဲ့သော တန်ဘိုးဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း ၄၀ အပြင် နောက်ထပ် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ထပ်မံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဦးချစ်ခိုင်က မဇ္ဈိမကို ပြောသည်။

ကနဦး ၀ယ်ယူမှုအတွက် လုပ်ငန်းချေးငွေကို မြန်မာပြည်တွင် နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်ခွင့်ရရှိထားသည့် စင်ကာပူအခြေစိုက် UOB ဘဏ်ထံမှ ရယူခဲ့သည်ဟု ဦးချစ်ခိုင်က ဆိုသည်။

“ ဒီအတွက်လုပ်ငန်းချေးငွေကို UOB ဘဏ်ကနေ ရယူခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၄၀ လုံးမဟုတ်ပါဘူး။ အဲဒိရဲ့ ၆၅ ရာခိုင်နှုန်းကို ချေးငွေယူခဲ့တာပါ” ဟု ဧဒင်အုပ်စု၏ ဥက္ကဌ ဦးချစ်ခိုင်က မဇ္ဈိမကို ပြောသည်။

ဧဒင်အုပ်စုအနေနှင့် ၂၀၁၃ ခုနှစ်ကတည်းကပင် ဟီ(လ) တန်- Hilton စီမံခန့်ခွဲမှုလုပ်ငန်းနှင့် ပူးပေါင်းထားပြီး မြန်မာပြည်၏ နိုင်ငံခြားသားဧည့်သည်များ ၀င်ထွက်သွားလာမှုများသော မြို့များတွင် ဟိုတယ်နှင့် အပန်းဖြေနေရာများ ဖွင့်လှစ်ရန် သဘောတူထားပြီးဖြစ်သည်။

ဦးချစ်ခိုင်က “ လက်ရှိအခြေအနေမှာတော့ ၅ ခုကတော့ အခိုင်အမာဆုံးဖြတ်ထားတာပေါ့နော်၊ ဒါထက်တိုးချဲ့ဖို့ဆိုတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာလည်း မူတည်တာပေါ့။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဖွံ့ဖြိုးလာမယ်ဆိုတဲ့အခါမှာ လိုအပ်ချက်တွေဟာ လက်ရှိ ကျွန်တော်တို့ လုပ်နိုင်တဲ့ နယ်ပယ်နဲ့ လုပ်နိုင်တဲ့ ဒေသတွေကနေပြီးတော့ ပိုကျယ်ပြန့်လာမယ့် ဒေသတွေ ပေါ်ပေါက်လာတဲ့အခါမှာ ထပ်တိုးချဲ့သွားမယ့် အလားအလာတွေကို မျှော်လင့်ထားပါတယ်” ဟု ယခုနှစ် သြဂုတ်လကုန်က ဟီ(လ) တန် နေပြည်တော်-Hilton Nay Pyi Taw ၌ ပြုလုပ်သော ဟီ(လ)တန်၏ အသက်မွေးသင်တန်းကျောင်းဆင်းပွဲအခမ်းအနားတွင် မဇ္ဈိမမီဒီယာကို ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင် ငပလီနှင့် နေပြည်တော်တို့တွင် ဟီ(လ) တန်- Hilton ဟိုတယ်နှင့် အပန်းဖြေနေရာ ၂ ခုကို ဖွင့်လှစ်ထားပြီးဖြစ်ကာ နိုဝင်ဘာလကုန်ပိုင်း၌ အခမ်းအနားဖြင့် ဖွင့်လှစ်သွားမည့် ဟီ(လ) တန် မန္တလေး- Hilton Mandalay သည် ဧဒင်အုပ်စုနှင့် ဟီ(လ)တန် တို့၏ တတိယမြောက် ခြေလှမ်းဖြစ်လာမည်ဖြစ်သည်။

ဧဒင်အုပ်စုသည် လာမည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ခရီးသွားဒေသများဖြစ်သော ပုဂံနှင့် အင်းလေးတို့တွင် ဟီ(လ) တန်- Hilton ဟိုတယ်များ အစဉ်လိုက် ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါ ဟိုတယ်များအပြင် ယင်းထက်ပိုမို အဆင့်မြင့်သော CONRAD BRAND များကို ဟီ(လ) တန်-Hilton နှင့် ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိသလို Hilton Garden Inn တို့ကိုပါ ဆက်လက်ဖွင့်လှစ်သွားရန် ညှိုနှိုင်းလျက်ရှိကြောင်း ဦးချစ်ခိုင်က ပြောဆိုဖူးသည်။

“ကျွန်တော်တို့အနေနဲ့ Hilton Brand ထက် မြင့်တဲ့ CONRAD Brand လိုမျိုးလည်း ပူးပေါင်းဆောင်ရွက်ဖို့ ရှိသလို Hilton Garden Inn လို ဟာမျိုးကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ဖို့အတွက် ညှိုနှိုင်းနေပါတယ်။ Hilton Garden Inn ကတော့ ရန်ကုန်မှာဖြစ်ဖို့များပါတယ်။ CONRAD ကတော့ ပုဂံမှာဖြစ်ဖို့များပါတယ်”

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service