စင်္ကာပူမြေစိုက်အိမ် ဈေးကျသဖြင့် ရောင်းအား တဟုန်ထိုးမြင့်တက်

စင်္ကာပူမြေစိုက်အိမ် ဈေးကျသဖြင့် ရောင်းအား တဟုန်ထိုးမြင့်တက် - Property News in Myanmar from iMyanmarHouse.com
7 Nov 2017 11:30 am တွင် တင်ခဲ့သည်
2025 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူနိုင်ငံတွင် မြေစိုက်အိမ်ဈေးများသည် အမြင့်ဆုံးဖြစ်ခဲ့သည့် ၂၀၁၃ ခုနှစ်
တတိယသုံးလပတ်နောက်ပိုင်းကတည်းက ၀ယ်ယူချင်စဖွယ် ကျဆင်းလာခဲ့သည်။

ထို့ကြောင့် ယခုနှစ်အတွင်း ဇန်န၀ါရီမှ အောက်တိုဘာအထိ ပြီးခဲ့သည့် ဆယ်လတာအတွင်း မြေစိုက်အိမ်ရောင်းအား တဟုန်ထိုး မြင့်တက်ခဲ့ပြီး စင်္ကာပူအိမ်ခြံမြေဈေးကွက်အတွင်း ဆက်လက်နာလန်ထူခဲ့ကြောင်း Business Times က ဖော်ပြခဲ့သည်။

၎င်းဆယ်လတာအတွင်း ရောင်းချရသည့် မြေစိုက်အိမ်အရေအတွက်သည် ၁,၅၁၃ အိမ် ရှိခဲ့သည်။ ၁,၀၀၉ အိမ်ရောင်းချခဲ့ရသည့် ယမန်နှစ် ထိုကာလကထက် ရောင်းအား ရာခိုင်နှုန်း ၅၀ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရောင်းအားသည် အရောင်းအ၀ယ်တန်ဖိုးပမာဏအားဖြင့်လည်း ဒေါ်လာ ၄ ဒသမ ၃ ဘီလျံမှ ၆ ဒသမ ၁ ဘီလျံသို့ ၄၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ကို တွေ့ရသည်။

ကြိုတင်ခန့်မှန်းထားခဲ့သည့် ၂၀၁၇ ခုနှစ်တစ်နှစ်လုံးစာရောင်းအားဖြစ်သော ဒေါ်လာ ၅ ဒသမ ၁ ဘီလျံ (အိမ်အရေအတွက်အားဖြင့် ၁၁၈၇ အိမ်) ကိုပင် အထက်ဖော်ပြပါ ဆယ်လတာရောင်းအားက ကျော်လွန်ခဲ့ခြင်းဖြစ်သည်။

မြေစိုက်အိမ်များက မြေစိုက်အိမ်မဟုတ်သော ပုဂ္ဂလိကအိမ်များထက် ဈေးနှုန်း
ပို၍ကြီးမားစွာ ကျဆင်းမှုကြောင့် မြေစိုက်အိမ်အရောင်းအ၀ယ်များ
မြင့်တက်လာခြင်းဖြစ်ကြောင်း စင်္ကာပူအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Savills Singapore ၏ သုတေသနခေါင်းဆောင် အားလန်က ပြောကြားခဲ့သည်။

ဒီအမျိုးအစားနှစ်ခုကြား ဈေးနှုန်းအနည်းငယ်ကွာခြားမှုက မြေစိုက်အိမ်များအား
စိတ်ဝင်စားမှုကို တိုးတက်စေခဲ့ကြောင်းလည်း သူက ပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံသားများ၏ အိမ်လိုချင်မှုဂုဏ်သိမ်အဆင့်ဆင့်တွင် မြေစိုက်အိမ်
ပိုင်ဆိုင်ခြင်းက အဆင့်မြင့်နေဆဲ ဖြစ်သဖြင့် စင်္ကာပူတွင် မြေစိုက်အိမ်ဝယ်လိုအားသည် တစ်စိတ်တစ်ဒေသအားဖြင့် အားကောင်းနေဦးမည်ဟု သူက ယုံကြည်နေကြောင်းလည်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service