နေပြည်တော် အိမ်ခြံမြေ တန်ဖိုးမြင့်အဆောက်အအုံတွေ ငှားရမ်းမှုနည်းလာ

နေပြည်တော် အိမ်ခြံမြေ တန်ဖိုးမြင့်အဆောက်အအုံတွေ ငှားရမ်းမှုနည်းလာ - Property News in Myanmar from iMyanmarHouse.com
7 Nov 2017 11:25 am တွင် တင်ခဲ့သည်
5158 ကြိမ် ကြည့်ရှု့ပြီး
ယခုတစ်ပတ် နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာအရောင်းအဝယ် ပုံမှန်ဖြစ်နေပေမဲ့ အငှားဈေးကွက်အနေနဲ့ တန်ဖိုးမြင့်အဆောက်အအုံ ငှားရမ်းသူတွေနည်းလာတယ်လို့ နေပြည်တော် အိမ်ခြံမြေဈေးကွက်က သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်က နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ရောအငှားပါသွက်နေခဲ့ပြီး အငှားဈေးကွက်မှာဆိုရင် ကျပ် ၁၀သိန်းဝန်ကျင်ရှိ တန်ဖိုးမြင့်အဆောက်အအုံတွေပါ အငှားသွက်နေခဲ့တာ ဖြစ်ပါတယ်။ ယခုရက်ပိုင်းမှာတော့ အငှားဈေးကွက်မှာ တန်ဖိုးသင့်တင့်တဲ့ သုံးသိန်းဝန်းကျင်အဆောက်အအုံတွေလောက်သာ ပုံမှန်အငှားဖြစ်နေတယ်လို့ သိရပါတယ်။

အရောင်းအဝယ်ကတော့ ဈေးကွက်က အေးတဲ့ဘက်ပါတယ်လို့တော့ပြောလို့မရဘူးပေါ့၊ ဒါပေမဲ့ ပုံမှန်ပဲသွားနေတယ်၊ အငှားမှာတော့ ခုနပြောသလိုသင့်တင့်တဲ့ ဈေးနှုန်းတွေပဲ အခုလောလောဆယ်အငှားဖြစ်တယ်၊ တန်ဖိုးမြင့်တွေတော့ သိပ်မပါလာတော့ဘူးလို့ ရွှေလက်ပံအိမ်ခြံမြေ ရောင်းဝယ်ရေးမှ ဦးကျော်စွာမြင့်ကပြောပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းကတော့ ဇမ္ဗူသီရိမြို့နယ်ဘက်မှာ ရုံးခန်းအဖြစ် အသုံးပြုမယ့်သူတွေတန်ဖိုးမြင့်အိမ်တွေကိုငှားရမ်းကြတာဖြစ်ပါတယ်။အခုရက်ပိုင်းမှာတော့ ကုမ္မဏီဝန်ထမ်းတွေကိုထားဖို့ ငှားရမ်းလာကြတာဖြစ်ပါတယ်။

နေပြည်တော်ဈေးကွက်ကတော့ ဒီနှစ်ဈေးနှုန်းပိုင်းမှာတော့ နည်းနည်းအေးတဲ့ဘက်ပါတယ်၊ လက်ရှိတော့ ပုံမှန်ပဲသွားနေတယ်၊ အရောင်းရော အငှားရောကတော့ ဇမ္ဗူသီရိဘက်ကိုအကြိုက်များတယ်လို့ လေပြေအေး အိမ်ခြံမြေရောင်းဝယ်ရေးမှ မနှင်းဝေဝေအောင်က ပြောပါတယ်။

လက်ရှိမှာတော့ အငှားဈေးကွက်မှာ တန်ဖိုးသင့်အဆောက်အအုံတွေလောက်သာအငှားဖြစ်နေပြီး ပျဉ်းမနားဘက်နဲ့ ဥတ္တရသီရိမြို့နယ်ဘက်က ကျပ်သုံးသိန်းဝန်းကျင်တန်တွေသာ အငှားဖြစ်နေပါတယ်။ ဇမ္ဗူသီရိမြို့နယ်လို တန်ဖိုးမြင့်အဆောက်အအုံတွေများတဲ့ဘက်မှာအငှားဈေးကွက် အေးနေတယ်။

ဇမ္ဗူသီရိမြို့နယ်နဲ့ ဥတ္တရသီရိမြို့နယ်တွေက မြေကွက်တွေကိုလူကြိုက်များနေပြီး ဒက္ခိဏသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ်ကတော့အသင့်အတင့်လောက်သာစိတ်ဝင်စားမှုရှိကြတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service