တောင်ကြီး မြို့တွင်းအိမ်တွေ အုပ်စုလိုက် တစ်ရက် တစ်သိန်း  နှုန်းနဲ့ အငှားသွက်

တောင်ကြီး မြို့တွင်းအိမ်တွေ အုပ်စုလိုက် တစ်ရက် တစ်သိန်း  နှုန်းနဲ့ အငှားသွက် - Property News in Myanmar from iMyanmarHouse.com
7 Nov 2017 9:33 am တွင် တင်ခဲ့သည်
5421 ကြိမ် ကြည့်ရှု့ပြီး
တောင်ကြီးတန်ဆောင်တိုင် လာလည်မယ့် ခရီးသွားဧည့်သည်တွေအတွက် မြို့တွင်းက နေအိမ်တွေမှာ အုပ်စုလိုက် တစ်ရက်ကို ကျပ် ၁၀ဝ,ဝ၀ဝ နှုန်း နဲ့ ငှားရမ်းမှုတွေ  များလာတယ် လို့ သိရပါတယ်။

တန်ဆောင်မုန်း အဖိတ်နေ့နဲ့ လပြည့်၊ လပြည့်ကျော် ၁ ရက်နေ့ တွေအထိ ဟိုတယ် တည်းခိုခန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း တည်းခိုသူတွေအပြည့် ဖြစ် နေတာကြောင့် ခရီးသွားဧည့်သည်တွေအတွက် နေအိမ်တွေက အခုလို ငှားရမ်းနေကြတာဖြစ်ပါတယ်။ တည်းခိုသူတွေဟာ စောင်တွေ၊ခြင် ထောင်တွေ၊ ခေါင်းအုံးတွေကို ယူလာရမှာဖြစ်ပြီး ၁၀ ဦးကနေ ၂၀ အထိ တည်းခိုလို့ ရပါတယ်။

မီးပုံးပျံ ကွင်း အနီးနဲ့ ကန်ကြီးရပ်ကွက်မှာလည်း ယာယီတဲတွေနဲ့ ရက်တို ငှားရမ်းမှုတွေ များနေပြီး  နေရာအနှံ့ တည်းခိုသူတွေနဲ့ ပြည့်နေကြတယ် လို့ ရပ်ဝေး  ဧည့်သည်တွေကိုတည်း ခိုဖို့ နေရာရှာပေးနေတဲ့ တောင်ကြီးမြို့မှ မဆွေအေးကပြောပြပါ တယ်။

သူက “အဓိက ကတော့ မိသား စု လိုက် လာတည်းသူတွေအတွက် ရှာပေးရတာပါ၊ နှစ်ဖက်စလုံး အတွက် တန်တာပေါ့၊ တချို့ဆောက်လက်စတိုက်တွေပါ ရက်တိုငှား ရမ်းလာကြတယ်၊  တည်းစရာမရှိ တော့ ဒီလိုပဲ ရှာကြံတည်းကြရတာ ပေါ့˘လို့ ပြောပါတယ်။

တစ်ထပ်အိမ် ၊ နှစ်ထပ်အိမ်တွေ အများဆုံး ပါဝင်ပြီး ဝါးပြား ရပ်ကွက်၊ ကျောင်းကြီးစု ရပ်ကွက်နဲ့ ကွန်ပျူတာ တက္ကသိုလ်အနီးက နေအိမ်တွေ အများဆုံး ငှားရမ်း နေရတယ်လို့ ဆိုပါတယ်။ တချို့နေအိမ်တွေက စောင်တွေ၊ ခေါင်းအုံးတွေ စီစဉ် ထားပေးကြတာလည်း ရှိပါ တယ်။ အနည်းဆုံး ကျပ် ၅၀,ဝ၀ဝ  ကနေ စတင်ငှားရမ်းလို့ရလို့ ဟိုတယ်မှာတည်းတဲ့ တစ်ယောက်စာ ဈေးနှုန်းလောက်သာ ရှိလို့ အဆင် ပြေ ကြတယ်လို့ ဆိုပါတယ်။  

သည်လို ငှားရမ်းတဲ့ နေအိမ်တွေက လက်ရှိ လူနေထိုင်နေတဲ့ အိမ်အများစု  ဖြစ်ပြီး၊ ရေ၊မီး အစုံအလင်နဲ့ တည်းခိုလို့ရအောင် စီစဉ်ထားပေးတာပါ။ သည်နေရာတွေမှာလည်း လူပြည့် နေတဲ့ အတွက် ရပ်ကွက်အတွင်းက လူနေအိမ်တွေမှာ သည်ရက် ပိုင်း အတွင်း ငှားရမ်းမှုတွေများ ပြားလာတယ်လို့  သိရပါတယ်။ မီးပုံးပျံပွဲကနေ ကက္ကူဘုရား၊ ထမ်စမ်းလှိုင်ဂူ၊ အင်းလေး ၊ကလော၊ ညောင်ရွှေနဲ့ ပင်းတယဘက်ကို ဆက်သွားမယ့် ခရီးသွားသူတွေကလည်း သည်လို လုံးချင်းအိမ်တွေမှာ နေထိုင်တာကို စိတ်ဝင်စားကြတယ်လို့ မန္တလေး မြို့ကနေ လာရောက်  တည်းခိုသူ ဦးမောင်ဝင်း က ပြောပါတယ်။

“ ကိုယ်ပိုင်ကားနဲ့ လာကြတာ  စောင်တွေ သယ်လာတာ ပေါ့ ၁၀ ယောက်ပါတယ်၊ ငှားခက ကျပ် ၁၀ဝ,ဝ၀ဝ နဲ့ ရတော့ ကျပ် ၁၀,ဝ၀ဝ နှုန်းပဲကျတော့
တန်တယ်လို့  ပြောရမယ်လေ˘ လို့ သူက ဆက်ပြောပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service