ကျောက်ဖြူအထူးစီးပွားရေးဇုန် စတင်ရန် တရုတ်နှင့် ရှယ်ယာပိုင်ဆိုင်မှု ညှိနှိုင်းနေ

ကျောက်ဖြူအထူးစီးပွားရေးဇုန် စတင်ရန် တရုတ်နှင့် ရှယ်ယာပိုင်ဆိုင်မှု ညှိနှိုင်းနေ - Property News in Myanmar from iMyanmarHouse.com
6 Nov 2017 10:45 am တွင် တင်ခဲ့သည်
5185 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီးပွား ရေးဇုန် အကောင်အထည်ဖော်ရန် တရုတ်အစိုးရပိုင်ကုမ္ပဏီနှင့် ရှယ်ယာပိုင်ဆိုင်မှုပမာဏ ညှိနှိုင်းမှု ပြီးစီးတော့မည်ဖြစ်၍ လုပ်ငန်းများ မကြာမီ စတင်နိုင်မည်ဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်အေးသိန်းကပြောသည်။

ယခင်အစိုးရက အဆိုပါစီမံကိန်းကို တရုတ်ဘက်က ရှယ်ယာ ပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်ရန် သဘော တူထားပြီး လက်ရှိအစိုးရက သဘောမတူ၍ ပြန်လည်ညှိနှိုင်းနေကြောင်း ၎င်းကပြောသည်။

‘‘အောက်ခြေမှာတော့ ပြီး သလောက်ဖြစ်သွားပြီ။ အပေါ်က နေ အတည်ပြုပေးဖို့ပဲ ကျန်တော့တယ်။ အတည်ဖြစ်ရင် ရှယ်ယာ အချိုးကို ထုတ်ပြန်ပေးသွားမှာ ’’ ဟု ၎င်းကပြောသည်။

ရှယ်ယာခွဲဝေမှု ပြီးစီးပါက မြေယာလျော်ကြေးနှင့် လုပ်ငန်း အကောင်အထည်ဖော်မှုများ စ တင်နိုင်တော့မည်ဟု ဦးကျော် အေးသိန်းက ပြောသည်။

မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည် ကျောက်ဖြူအထူးစီးပွားဇုန် တည်ဆောက်မည့် မြေနေရာကို နိုဝင်ဘာ ၄ ရက်တွင် သွားရောက် ကြည့်ရှုခဲ့သည်။ ထိုသို့ကြည့်ရှုခြင်းသည် ရှယ်ယာပိုင်ဆိုင်မှုများ ဆွေးနွေးစဉ် မြေပြင်အနေအထားကို လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လည်းဖြစ်သည့် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ရှိပြီး တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုက အကောင်အထည်ဖော်ခွင့်ရ ထားသည်။

အဆိုပါစီမံကိန်းကို ယခင် ဦးသိန်းစိန်အစိုးရ သက်တမ်းကုန် ဆုံးခါနီးတွင် အလျင်အမြန် အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရမည့်ငွေသည် အတိုးနှုန်းများသဖြင့် ဒေသခံများက စိုးရိမ်နေသော စီမံကိန်းဖြစ်သည်။

တင်ဒါအောင်ထားသည့် CITIC ကုမ္ပဏီအုပ်စုသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှစ်ခုကို ကန်ဒေါ်လာကိုးဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဟုဆိုသည်။

စက်မှုဇုန်အတွက် တင်ဒါခေါ်ယူစဉ်က ရှယ် ယာပိုင်ဆိုင်မှုကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီဘက်က ၄၉ ရာခိုင်နှုန်း သတ်မှတ် ထားသော်လည်း ရေနက်ဆိပ်ကမ်းအတွက် သတ်မှတ်ချက်မရှိ သေးကြောင်း ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးဟောင်း ဦးအောင် ကျော်သန်းက ၂၀၁၆ တွင် ပြော ကြားခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service