ရခိုင်ပြည်နယ်တွင် ပျက်စီးနေသော အဆောက်အအုံများကို ပထမဆုံး ပြင်ဆင်ဆောက်လုပ်သွားမည်

ရခိုင်ပြည်နယ်တွင် ပျက်စီးနေသော အဆောက်အအုံများကို ပထမဆုံး ပြင်ဆင်ဆောက်လုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
1 Nov 2017 10:15 am တွင် တင်ခဲ့သည်
3272 ကြိမ် ကြည့်ရှု့ပြီး
ရခိုင် ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် ပျက်စီးနေသည့် အဆောက်အအုံများကို ပထမအဆင့်အနေဖြင့် ပြင်ဆင်ဆောက်လုပ်ပေးသွား
မည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ ထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ပြောကြား
လိုက်သည်။

အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းရုံးတွင် ပြုလုပ်ခဲ့သည့် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နှင့် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းအဖွဲ့ (Construction and Infrastr ucture Task Force-CITF) အဖွဲ့ တို့တွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည့်။ ''ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်တာနဲ့ နေရပ်ပြန်သူတွေ အများအ ပြားရှိလာမှာဖြစ်ပြီး အဆောက်အအုံ တွေ အများအပြားလိုအပ်တဲ့အတွက် ပျက်စီးနေတဲ့အဆောက်အအုံတွေကို ပိုမိုကောင်းမွန်အောင် တည် ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီလိုတည်ဆောက်ဖို့အတွက် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက် ရေးလုပ်ငန်းအဖွဲ့အပြင် ရခိုင်ပြည်နယ်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပါဝင်ဆောင်ရွက်သွားမှာဖြစ်တယ်'' ဟု ဒေါက်တာ အောင်ထွန်းသက်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပျက်စီး နေသည့် အဆောက်အအုံများကို ပြန်လည်တည်ဆောက်ပြီးမှသာ အဆောက်အအုံသစ်တည်ဆောက်မှုများ၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းဖော်ဆောင်မှုများ၊ အလုပ်အကိုင်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းစဉ်များကို ဖော်ဆောင်သွားမည်ဖြစ်ပြီးဘူး သီးတောင်၊ မောင်တောဒေသများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏စီးပွားရေး လုပ်ငန်းရှင်များက လှူဒါန်းသည့်အလှူငွေ ကျပ် ၁၇ ဘီလီယံကျော်မှသုံးစွဲသွားမှာဖြစ်ပြီး ပြန်လည်ပြင်ဆင်ရမည့် ကဏ္ဍများအလိုက် ငွေ ကြေးလိုအပ်ချက်မှာမူ ရှိနေဆဲဖြစ် ကြောင်းသိရသည်။

ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းအဖွဲ့နာယက ဦးခင်ရွှေက ''ဆောက်လုပ်ရေးနှင့်အခြေခံအ ဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းအဖွဲ့အနေနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို နိုဝင်ဘာလဆန်းပိုင်းမှာစတင်ဆောင်ရွက်တော့မှာဖြစ်ပြီး လိုအပ်တဲ့အလုပ်သမားတွေကိုလည်း ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့သူတွေကိုပဲ ပြန်လည်အသုံးချသွားမှာဖြစ်တယ်''ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)အတွက် ဆောက်လုပ်ရေးနှင့်အခြေခံအဆောက် အအုံတည်ဆောက်ရေးလုပ်ငန်းအဖွဲ့ (Construction and Infrastructure Task Force - CITF) အဖွဲ့ကို အောက်တိုဘာ ၂၄ ရက်က အဖွဲ့ဝင် ၃၁ ဦးဖြင့် စတင်ဖွဲ့ စည်းခဲ့ကြခြင်းဖြစ်သည်။ UEHRD တွင် အဖွဲ့အစည်း ကိုးခုပါဝင်နေခြင်းဖြစ်ပြီး CITF အဖွဲ့အပါအဝင် အခြားအဖွဲ့ အစည်းများကလည်း စတင်လုပ် ဆောင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

Credit: CNB

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service