ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာ ဝီလျံ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချရန် စီစဉ်လျက်ရှိ

ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာ ဝီလျံ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
31 Oct 2017 10:55 am တွင် တင်ခဲ့သည်
5180 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာ ဝီလျံသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိ မြို့ရှိ နေအိမ်ကို ရောင်းချရန် စီစဉ်လျက်ရှိသည်ဟု သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆရီနာဝီလျံက အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော ဆရီနာသည် အိပ်ခန်း ၆ ခန်းပါ နေအိမ်ကို ၂၀၀၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၆ ဒသမ ၆၂ သန်းသာ ပေးခဲ့ရသည်။အကယ်၍ ယခုခေါ်ဈေးဖြင့် ရောင်းထွက်မည်ဆိုပါက ၈၀ ရာခိုင်နှုန်းကျော် မြတ်စွန်းမည် ဖြစ်သည်။

ဆရီနာဝီလျံသည် ယူအက်စ်အိုးပင်း အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် ၁၉၉၉ ၊ ၂၀၀၂၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၃ နှင့် ၂၀၁၄ ရာသီများတွင် ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့အဆင့် ၁ အဖြစ် ရပ်တည်ခဲ့သည်။

လက်ရှိအားဖြင့် ကမ္ဘာ့အဆင့် ၁ အဖြစ် ရပ်တည်နေသည်မှာ ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာ ဟာလက်ပ် ဖြစ်သည်။
မြေအကျယ်အဝန်း တစ်ဟက်တာခန့်ရှိပြီး ကြယ်ပွင့်များစုဝေးရာ ဘဲလ်အဲရ်အရပ်တွင် အကျယ်ဝန်းဆုံး ခြံဝန်းများ၌ တစ်ခု အပါအဝင် ဖြစ်သည်။
အရောင်းဈေးကွက်တင်လာသည်မှာ Keller Williams Beverly Hills အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်သည်။

နေအိမ်အတွင်း ရေချိုးခန်း ၇ ခန်း၊ ဘားကောင်တာတစ်ခု၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် ကား ၃ စင်းဆန့် ဂိုဒေါင်တစ်လုံး ပါဝင်သည်။
ခြံစည်းရိုးမှာ မြင့်မားသည့်အပြင် နေအိမ်ပတ်လည်ရှိ သစ်ကြီးဝါးကြီးများကြောင့် လမ်းသွားလမ်းလာတို့၏ မြင်ကွင်းမှ လွတ်ကင်းပြီး privacy ရှိသည့် နေအိမ်တစ်လုံးဖြစ်သည်။

လက်ရှိအားဖြင့် ဆရီနာဝီလျံသည် တင်းနစ်လောကမှ အနားယူထား၏။
ပြီးခဲ့သော စက်တင်ဘာလအတွင်း ခင်ပွန်းဖြစ်သူ၊ Reddit ပူးတွဲတည်ထောင်သူ အလက်ဇစ် အိုဟာနီယန်နှင့် ရရှိသော သမီးငယ်မွေးဖွားလာခြင်းကြောင့် ဖြစ်သည်။

ဆရီနာဝီလျံ၏ အမည်အပြည့်အစုံမှာ ဆရီနာ ဂျမီကာ ဝီလျံစ်ဖြစ်ပြီး ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် မွေးဖွားသည်။
အမျိုးသမီးတင်းနစ်အသင်း (WTA) ၏ အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် ၁ အဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရပ်တည်ခဲ့သည်။
ကမ္ဘာ့အဆင့် ၁ နေရာ ပထမဆုံးစတင်ရရှိခဲ့သည်မှာ ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် ဖြစ်သည်။

ဝေဖန်ရေးဆရာများ၊ ကစားသမားများနှင့် အားကစားဆောင်းပါးရှင်များစွာတို့က ဆရီနာဝီလျံကို သမိုင်းတစ်လျှောက် အကောင်းဆုံး အမျိုးသမီး တင်းနစ်ကစားသမားအဖြစ် သတ်မှတ်ထားကြသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ကိုယ်ဝန်လွယ်ထားရခြင်းကြောင့် ၂၀၁၈ ခုနှစ်အထိ တင်းနစ်လောကမှ အနားယူမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

ဆရီနာဝီလျံစ်သည် ၂၀၁၆ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး အမျိုးသမီးအားကစားသမားစာရင်းတွင် ပါဝင်ခဲ့ပြီး ကန်ဒေါ်လာ ၂၈ ဒသမ ၉ သန်း ဝင်ငွေရခဲ့သည်။

ယခု ၂၀၁၇ ခုနှစ်အတွင်းတွင်လည်း ဖော့ဘ်မဂ္ဂဇင်းကြီးက ထုတ်ပြန်သော ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀၀ စာရင်းတွင် ဆရီနာ ဝီလျံပါဝင်ခဲ့ပြီး ထိုစာရင်းတွင် ပါဝင်သည့်တစ်ဦးသော အမျိုးသမီးလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာ ဝီလျံ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာ ဝီလျံ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာ ဝီလျံ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာ ဝီလျံ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာ ဝီလျံ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာ ဝီလျံ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service