ပြင်ဦးလွင်တွင် ညဈေးတန်းဖွင့်ရန် အစိုးရက တစ်နှစ် ကျပ်သိန်း ၃၀၀ ဖြင့် မြေနေရာငှားရမ်းခွင့်ပြု

ပြင်ဦးလွင်တွင် ညဈေးတန်းဖွင့်ရန် အစိုးရက တစ်နှစ် ကျပ်သိန်း ၃၀၀ ဖြင့် မြေနေရာငှားရမ်းခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
31 Oct 2017 10:12 am တွင် တင်ခဲ့သည်
5405 ကြိမ် ကြည့်ရှု့ပြီး
ပြင်ဦးလွင်မြို့နယ် ည ဈေးတန်းဖွင့်လှစ်ရန် လိုအပ်သည့် မြေနေရာကို တစ်နှစ် ကျပ်သိန်း ၃၀၀ ဖြင့် အစိုးရက ငှားရမ်းခွင့်ပြု မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာဌာန လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

မေမြို့ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက ပြင်ဦးလွင်မြို့တွင် ည ဈေးဖွင့်ရန် မြေနေရာငှားရမ်းပေး ရေး မန္တလေးတိုင်းဒေသကြီး အစိုး ရအဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ပြီး အစိုးရအဖွဲ့က အောက်တိုဘာ ၂၈ ရက်၌ ငှားရမ်းလုပ်ကိုင်ရန် ခွင့်ပြုမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီအား လေးနှစ်နှင့် သုံးလ လုပ်ပိုင်ခွင့်ပြုမည်ဖြစ်ပြီး ကုမ္ပဏီက ကျပ်သိန်း ၂,၈၀၀ ခန့် ရင်းနှီးမြှုပ်နှံရန်
အဆိုပြုထားကြောင်း ၎င်းက ပြောသည်။

ပြင်ဦးလွင် ညဈေးသစ်ကို ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုး လမ်းဘေးရှိ ကျောက်တိုင်ကွင်းအ ရှေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး စား သောက်ဆိုင်၊ ကုန်စိမ်းဆိုင်များ အပါအဝင် ဆိုင်ခန်း ၁၅၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ညဈေးဆိုင်ခန်းများကို ရှစ် ပေပတ်လည်ကျယ်ဝန်းသော ယာ ယီမိုးကာဆိုင်ခန်းများအဖြစ် တည်ဆောက်မည်ဖြစ်ပြီး ရေ၊ မီးအပြည့်အစုံပါဝင်မည်ဖြစ်သည်။ မွန်းလွဲ ၃ နာရီခွဲမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ပြီး တစ်ရက်လျှင် ဈေးကောက် ကျပ် ၃,၀၀၀ ကောက်ခံမည်ဖြစ် ကြောင်း စည်ပင်သာယာလက် ထောက်ညွှန်ကြားရေးမှူးက ပြော သည်။

တိုင်းအစိုးရနှင့် မြေငှားရမ်း ခွင့် သဘောတူစာချုပ်ချုပ်ဆိုပြီး ပါက သုံးလအတွင်း ညဈေး စတင်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင် မည်ဖြစ်ကြောင်း မေမြို့ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာဦးအေးကိုကပြော သည်။

‘‘ ကျောက်တိုင်ကွင်းနားမှာ စည်ပင်သာယာက ဖြေရှင်းရမယ့် တခြားကိစ္စလေးတွေလည်းရှိ တော့ ဘယ်တော့လောက် စလုပ် ဖြစ်မယ်ဆိုတာ မသိဘူး။ သဘော တူစာချုပ်ကလည်း ချုပ်ရဦးမယ် လေ။ လုပ်ရင်တော့ သိပ်မကြာပါ ဘူး။ သုံးလလောက်ပါပဲ ’’ဟု ဦးအေးကိုက ပြောသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့၌ ညဈေးတန်းနှစ်ခုရှိပြီး ယင်းညဈေးများကို မန္တလေး-လားရှိုးလမ်းမ ကြီးဘေးရှိ ဈေးကြီးနှင့် ဈေးလေးရှေ့တို့တွင် ဖွင့်လှစ်နေသည်။

သို့သော် အဆိုပါညဈေးနှစ် ခုသည် စည်းကမ်းတကျမဟုတ် သလို သန့်ရှင်းသပ်ရပ်မှုမရှိ၍ ဈေးသစ်ဖွင့်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ပြင်ဦးလွင်တွင် ညဈေးသစ်ဖွင့်ရန် တိုင်းလွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့သူ ပြင်ဦးလွင်မှ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။

‘‘ ညဈေးတန်းဖွင့်ရတဲ့ ရည် ရွယ်ချက်က ပြင်ဦးလွင် ကုန်သည်လမ်းပေါ်မှာ ဈေးကြီးနဲ့ ညဈေး တန်းတစ်ခုရှိတယ်။ အဲဒီညဈေး က ညစ်ပတ်ပြီးတော့ အစားအ သောက်က သန့်ရှင်းမှုမရှိဘူး။ မြို့ ပြပုံရိပ်နဲ့လည်း မညီဘူး။ ညဈေး ကို ၃ နာရီခွဲဖွင့်မယ်ဆိုရင် သူတို့ က ၂ နာရီလောက်ကတည်းက ရောက်နေတော့ ရောင်းတဲ့ဈေး သည်နဲ့ ဈေးကြီးကို ဈေးဝယ်လာ တဲ့သူတွေက အမြဲပြဿနာတက် တယ်။ ပြဿနာတက်ပါများတော့ ဈေးဝယ်တွေက မလာကြတော့ ဘူး။ အဲဒီတော့ ဈေးကြီးထဲမှာ
ဈေးရောင်းတဲ့အသည်တွေက ဈေး မရောင်းရတော့ ကျွန်တော့်ကို တိုင်ကြတယ်။ ဈေးလေး မီးပွိုင့် နားမှာလည်း ညဈေးတစ်ခုရှိ တယ်။ အဲဒီညဈေးကလည်း မီး ပွိုင့်နားမှာဖြစ်တော့၊ မတော်တဆ မှုတွေ ဖြစ်ပါများတော့ အဲဒီည ဈေးနှစ်ခုကို ပြောင်းပြီးဖွင့်လှစ်ဖို့ လုပ်တာပါ ’’ဟု ၎င်းကပြောသည်။

ပြင်ဦးလွင် ညဈေးသစ်ဖွင့် လှစ်ပြီးပါက လက်ရှိညဈေးနှစ်ခု မှ ဈေးသည်များ ညဈေးတန်း သစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရမည်
ဖြစ်ပြီး ၎င်းတို့ကို ဦးစားပေးကာ မဲစနစ်ဖြင့် နေရာချထားပေးမည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service