မန္တလေးမြို့စက်မှုဇုန်က ဂိုဒေါင်းအလုံးတွေ အခုရက်ပိုင်း
အငှားသွက်နေတယ်လို့သိရပါတယ်။
ဂိုဒေါင်တွေကို ပစ္စည်းသိမ်းဆည်းဖို့အတွက် လုပ်ငန်းရှင်တွေ
က ငှားရမ်းကြတာဖြစ်ပါတယ်။ ဂိုဒေါင်တွေကို ပစ္စည်းသိမ်းဆည်းဖို့အတွက် လုပ်ငန်းရှင်တွေက ငှားရမ်းကြတာဖြစ်ပါတယ်။
‘ ပေ၆၀×ပေ၈၀ ရှိတဲ့ ဂိုဒေါင်အလုံးလိုက်လေးတွေကို လောလောဆယ် လုပ်ငန်းရှင်းတွေက လုပ်ငန်းလုပ်ချင်လို့ မေးကြတယ်။ အဲဒါလေးတွေက အငှားသွကနေတယ်’ လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်တဲ့ ကိုမျိုးမြင့်က ပြောပါတယ်။
ပေ၆၀×ပေ၈၀ ရှိတဲ့ ဂိုဒေါင်တစ်လုံးကို ကျပ် ၁၀ သိန်း ၀န်းကျင်မှာရှိပါတယ်။ ‘ ဂိုဒေါင်အကြီးငှားချင်သူတွေကတော့ လာကြတယ်။ ဒါပေမဲ့ သူတို့လိုချင်တဲ့ ဂိုဒေါင်ဆိုက်မျိုးက မန္တလေးမှာ
မရှိသေးဘူး ’ လို့ ကိုမျိုးမြင့်က ထပ်ပြောပါတယ်။
ဆောက်ပြီးသား ဂိုဒေါင်အလုံးလိုက်တွေကတော့ အငှားများလို့ ကုန်သလောက်ရှိနေညပီလို့ ဆိုပါတယ်။
စက်မှုဇုန်မှာတော့ မဆောက်ရသေးတဲ့ ဂိုဒေါင်မြေနေရာတွေလည်းရှိနေပြီး ပေ ၆၀×ပေ ၈၀ ရှိတဲ့ ဂိုဒေါင်အကျယ် မြေတစ်ကွက်ကို ငှားရင်ကျပ်တစ်သိန်း၊ ကျပ်နှစ်သိန်းဝန်းကျင် ဈေးနှုန်းရှိတယ်လို့ သိရပါတယ်။
Credit: The Modern