ပြင်ဦးလွင်မြို့နယ်မှာ ပွဲကောက်၊ ကုန်းဘောင်နဲ့ ထုံးဘိုကျေးရွာတွေက ရွာမြေကွက်တွေ လတ်တလောအရောင်းအ၀ယ်ဖြစ်တယ်လို့ သိရပါတယ်။
ပြင်ဦးလွင်မြို့ကတော့ ရာသီဥတုကောင်းမွန်တာ အဓိကဖြစ်ပါတယ်။ရှုခင်းကောင်းပြီး ၀င်လမ်းထွက်လမ်းသာတာကြောင့် ၀ယ်ယူကြတာလို့ ပြည့်စုံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက သိရပါတယ်။
ပွဲကောက်၊ ကုန်းဘောနဲ့ထုံးဘိုရွာတွေရဲ့ ရွာမြေကွက်ကတော့ ဘိုးဘွားပိုင် ရွာမြေတွေဖြစ်ပါတယ်။ ပေ ၄၀×ပေ ၆၀ အကျယ်ရှိပါတယ်။ မန်း-လားရှိုး လမ်းမကြီးနဲ့ ကိုက် ၄၀၀ ခန့်သာ ကွာဝေးပြီး ကွန်ကရစ်လမ်း ခင်းထားတာကြောင့် ၀င်လမ်းထွက်လမ်းသာပါတယ်။
မဟာအံ့ထူးကံသာဘုရားကြီးပွဲကောက်ရေတံခွန်၊ ဒီဇင်ဘာ စားဥယျာဉ်၊ ဒီဇင်ဘာရေတံခွန်စတဲ့ ပြင်ဦးလွင်မြို့ရဲ့ အထင်ကရနေရာတွေနဲ့ နီးကပ်စွာ တည်ရှိတဲ့ အတွက်လည်း အ၀ယ်လိုက်တယ်လို့ သိရပါတယ်။
ဈေးနှုန်းတွေကတော့ ကျပ် ၅၅ သိန်းကနေ ကျပ်သိန်း ၁၅၀ ရှိတယ်။ သိန်း ၁၀၀၀ ၀န်းကျင်မြေကွက်တွေ အရောင်းသွက်တယ်လို့ သိရပါတယ်။
Credit: The Modern