ကျူးကျော်စမတ်ကတ်ရ အိမ်ငှားရမ်း နေထိုင်သူအချို့ ပိုင်ရှင်ထံ ကတ်ပြန်အပ်ရ

ကျူးကျော်စမတ်ကတ်ရ အိမ်ငှားရမ်း နေထိုင်သူအချို့ ပိုင်ရှင်ထံ ကတ်ပြန်အပ်ရ - Property News in Myanmar from iMyanmarHouse.com
30 Oct 2017 11:20 am တွင် တင်ခဲ့သည်
5871 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စမတ်ကတ်ရပြီးသူ အိမ်ငှားရမ်းနေထိုင်သူ အချို့သည် ပိုင်ရှင်ထံ ကတ် ပြန်အပ်နေရကြောင်း အိမ်ငှားရမ်း နေထိုင်သူ ကျူးကျော်များထံမှ စုံစမ်း သိရသည်။

မြေကွက် တစ်ကွက်ထက် ပို ဝယ်ယူထားသူအချို့သည် ကျူးကျော်စာရင်း ကောက်ယူချိန်က စမတ်ကတ်တစ်ခုသာ ထုတ်ခွင့်ရသဖြင့် အခြားမြေကွက်အတွက်ပါ စမတ်ကတ် ရရှိရန် ငှားရမ်း နေထိုင်သူများ ထားရှိကာ မှတ်ပုံတင်စေခဲ့ခြင်းဖြစ်ကြောင်း ပိုင်ရှင်ထံ စမတ်ကတ် ပြန်အပ်ရသူအချို့က ပြောကြားသည်။

ကျူးကျော်စမတ်ကတ်သည် မြေကွက်ပိုင်ဆိုင်မှုနှင့် မသက်ဆိုင်ဘဲ အမှန်တကယ် ကျူးကျော်နေထိုင်သူ ဖြစ်ရန်သာလိုကြောင်း၊ ကျူးကျော်စာရင်း ကောက်ယူစဉ်က လက်ဗွေစနစ်၊ မျက်လုံး အမှတ်အသားစနစ်နှင့် ဓာတ်ပုံ၊ နေရပ် လိပ်စာ စသည့် အချက်အလက်များဖြင့် ကောက်ယူခြင်းဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

“အခုလက်ရှိ ကျူးကျော်တဲ တစ်တဲကို တစ်လ သုံးသောင်းနဲ့ ငှားနေရတယ်။ ကျူးကျော်စမတ်ကတ်ရသူတွေကို နေအိမ်၊ တိုက်ခန်းတွေ ပေးမယ်ဆိုတော့ ပိုင်ရှင်က ကျွန်တော်တို့ဆီက ကျူးကျော် စမတ်ကတ်ကို ယူသွားတယ်”ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ ဦးကျော်ဝင်းက ဆိုသည်။

ကျူးကျော်နေထိုင်သူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စာရင်းကောက်ယူကာ ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြုသည့် စမတ်ကတ်များ ထုတ်ပေးပြီးဖြစ်သောကြောင့် ကျူးကျော်နေထိုင်သူ ဖြစ်ကြောင်း မှန်ကန်မှု ရှိ၊ မရှိကို နိုဝင်ဘာလအတွင်း မြို့နယ်အလိုက် အိမ်တိုင်ရာရောက် စစ်ဆေးမည်ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျူးကျော်တွေကိုစစ်ဖို့ ဒီလကုန်မှာ သင်တန်းပေးမယ်။ သင်တန်းပေးပြီးတာနဲ့ လိုက်စစ်မယ်။ တကယ်လို့ တစ်ယောက်တည်း ဆယ်ကတ်ကိုင်ထားတယ် ထားပါတော့။ ကတ်နာမည် ပေါက်ထားတဲ့သူကလည်း လိပ်စာအတိုင်း ရှိနေရမယ်။ ကတ်နဲ့ တိုက်စစ်မယ်။ ရောင်းစားခွင့်၊ လွှဲပြောင်းခွင့် မရဘူးလို့ ကတ်မှာ စည်းကမ်းက ပါပြီးသား။ စစ်ဆေးတွေ့ရှိရင် ကတ်ကို ပြန်သိမ်းမယ်။ ပျောက်ရင်တောင် ပြန်လျှောက်ခိုင်းထားတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ စစ်ဆေးရာတွင် စာရင်း မှန်ကန်မှုရှိပါက ကျူးကျော်ကတ် အသိမ်းခံရသူများကိုလည်း အမှန်အတိုင်း ဖြစ်စေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ကျူးကျော်စာရင်းများကို ရန်ကုန်တိုင်းတွင်း မြို့နယ် ၃၇ မြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှ ယခုနှစ် ဇူလိုင်လအထိ ကောက်ယူခဲ့ပြီး အိမ်ထောင်စု တစ်သိန်း ခြောက်သောင်းကျော်ကို စမစ်ကတ် ထုတ်ယူပေးခဲ့ကြောင်း ကျူးကျော် စာရင်းကောက်ယူရေး အဖွဲ့ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service