ဂျပန်သီးသန့် အိမ်ငှားဝန်ဆောင်မှု ကျယ်ပြန့်လာ

ဂျပန်သီးသန့် အိမ်ငှားဝန်ဆောင်မှု ကျယ်ပြန့်လာ - Property News in Myanmar from iMyanmarHouse.com
27 Oct 2017 10:46 am တွင် တင်ခဲ့သည်
6189 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် ဂျပန်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများ များပြားလာသည်နှင့်အမျှ ဂျပန်လူမျိုးများအတွက် သီးသန့်စီစဉ်ပေးထားသည့် အိမ်ခန်းအငှားဝန်ဆောင်မှုများ ထွန်းကားကျယ်ပြန့် လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းရရှိသည်။

ယင်းသို့ ဝန်ဆောင်မှုပေးသည့် အိမ်ခြံမြေ ဝန်ဆောင်မှုများအနက် တစ်ခုမှာ ရန်ကုန်တွင် ဖွင့်လှစ်အခြေစိုက်ပြီး စမ်းချောင်းမြို့နယ်အတွင်းရှိ Sakura Hill အဆင့်မြင့်အိမ်ရာတွင် ဂျပန်လူမျိုးသီးသန့် တိုက်ခန်းအငှားဝန်ဆောင်မှုကို ပြုလုပ်ပေးထားကြောင်း အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူ ဦးမျိုးသီဟဇော်က ပြောသည်။

''တိုက်ခန်းတွေကို တစ်ပတ်ကစပြီး ငှားရမ်းနေထိုင်လိုသလောက် ငှားရမ်းနေထိုင်လို့ရအောင် စီစဉ်ပေးထားပါတယ်။ စတုရန်းပေ ၆ဝဝ ကျော်ရှိတဲ့ တစ်ယောက်အိပ်ခန်းတွေကစပြီးတော့ အခန်းကျယ်တွေအထိ ကြိုက်နှစ်သက်တဲ့ အကျယ်အဝန်းကို ငှားရမ်းနေထိုင်နိုင်ပါတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါတိုက်ခန်းများတွင် ရေ၊ မီး၊ အင်တာနက် ဝန်ဆောင်မှုများအပြင် နေ့လယ်စာ၊ ညစာအပြင် တခြားအထူးဝန်ဆောင်မှုလည်း ထည့်သွင်းပေး ထားကြောင်း ၄င်းက ပြောသည်။

တိုက်ခန်းများကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၉၅ဝ ဖြင့် စတင်ငှားရမ်းနိုင်ပြီး ဝန်ဆောင်မှုနှင့် အခန်းအကျယ်အဝန်းကိုလိုက်ကာ အငှားဈေးနှုန်းကွာခြားနိုင်ကြောင်း ဦးမျိုးသီဟဇော်က ပြောသည်။

လွန်ခဲ့သောငါးနှစ်က စတင်ခဲ့သော အဆိုပါ ဂျပန်လူမျိုးသီးသန့် အငှားအိမ်ရာဝန်ဆောင်မှုမှာ နောက်ပိုင်းတွင် ဈေးကွက်ပိုမိုကောင်းမွန်လာကာ ငှားရမ်းသူပိုမိုများပြားလာကြောင်းလည်း သိရသည်။

ရန်ကုန်သို့လာရောက်ပြီး လုပ်ငန်းများ လုပ်ကိုင်ရန် ခေတ္တခဏ လာရောက်ကြသည့် ဂျပန်လူမျိုးများသည် မည်၍မည်မျှ နေထိုင်ရမည်ကို မဆုံးဖြတ်နိုင်ကြသေးလျှင် အဆင်ပြေစေရန် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ ရှိလာနေပြီဖြစ်ကြောင်း ဂျပန်လူမျိုးများအတွက်ထုတ်ဝေသည့် လမ်းညွှန်စာအုပ်များတွင်လည်း လေ့လာတွေ့ရှိရသည်။

''ဆာကူရာဟေးလ်အိမ်ရာမှာ တိုက်ခန်း ၁၅ ခန်းနဲ့ ဂျပန်လူမျိုးသီးသန့် အငှားအိမ်ရာဝန်ဆောင်မှုကို စတင်ခဲ့ပြီး ဆာကူရာအိမ်ရာဝင်းအတွင်းမှာလည်း ဂျပန်လူမျိုးသီးသန့်အဆောက်အအုံတွေ ရှိပါသေးတယ်။ ဆာကူရာအိမ်ရာနားတစ်ဝိုက်မှာ ဂျပန်စားသောက်ဆိုင်တွေလည်းရှိတော့ နေထိုင်သူတွေအတွက် စားရေးသောက်ရေးလည်း အဆင်ပြေပါတယ်''ဟု ဦးမျိုးသီဟဇော်က ပြောသည်။

Credit: Myanmar Times
ဂျပန်သီးသန့် အိမ်ငှားဝန်ဆောင်မှု ကျယ်ပြန့်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service