အမေရိကန်တွင် စုန်းဟုယူဆသူများကို စစ်ဆေးသေဒဏ်ပေးသည့် တရားသူကြီး၏ အလွန်သရဲခြောက်သောနေအိမ် (အရောင်းဈေးကွက်ဝင်လာသည့် သရဲခြောက်သောနေအိမ်များ)

အမေရိကန်တွင် စုန်းဟုယူဆသူများကို စစ်ဆေးသေဒဏ်ပေးသည့် တရားသူကြီး၏ အလွန်သရဲခြောက်သောနေအိမ် (အရောင်းဈေးကွက်ဝင်လာသည့် သရဲခြောက်သောနေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
26 Oct 2017 11:21 am တွင် တင်ခဲ့သည်
3964 ကြိမ် ကြည့်ရှု့ပြီး
သင့်တွင် ဒေါ်လာ တစ်သန်းခန့်ရှိပြီး သူရဲခြောက်သည့်သမိုင်းကြောင်းရှိသော နေအိမ်တွင် နေထိုင်ရန် ထိတ်လန့်ခြင်း မရှိပါက အောက်ဖော်ပြပါနေအိမ်မှာ ဈေးနှုန်းသင့်လျော်ကာ ဝယ်ယူနေထိုင်သင့်လေသည်။

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ အက်ဆက်ခရိုင်တွင် ဆာလမ်အမည်ရှိ ကမ်းရိုးတန်းမြို့ကလေးတစ်ခု ရှိ၏။
မြို့ကလေးမှာ လူနေကျဲပါးပြီး ၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၁၃၄၀ ဦးသာရှိသည်။
နေအိမ်တည်နေရာမှာ ဆာလမ်မြို့လယ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ဝါရှင်တန်လမ်းပေါ်တွင်ဖြစ်ပြီး အိမ်အမှတ်မှာ ၁၄၈ ဖြစ်သည်။
(နေအိမ်သမိုင်းကြောင်း)

အုတ်ဖြင့်ဆောက်လုပ်ထားသည့် နေအိမ်ကြီးမှာ ကုန်သည်အဖြစ် ပြောင်းလဲအသက်မွေးလျက်ရှိသော အငြိမ်းစားရေတပ်ဗိုလ်ကြီး ဂျို ရွှာ ဝါ့ဒ်က ၁၇၈၀ ပြည့်လွန်အလယ်ပိုင်းကာလများတွင်
ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နေအိမ်ကို ဆောက်လုပ်ပေးခဲ့သူမှာ ၁၈ ရာစုနှစ်၏ နာမည်ကျော် ဗိသုကာပညာရှင် ဆင်မြူရယ် မက်ခ်အင်တိုင်းယားဖြစ်၏။

အမေရိကန်သမ္မတကြီး ဂျော့ခ်ျဝါရှင်တန်သည် ဆာလမ်မြို့သို့ ၁၇၈၉ ခုနှစ်၊ အောက်တိုဘာလအတွင်း လာရောက်လည်ပတ်စဉ်ဂျို ရွှာဝါ့ဒ်၏ ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် အဆိုပါနေအိမ်တွင် တည်းခိုခဲ့ဖူးသည်။
၁၉ ရာစုကုန်ပိုင်းတွင်ကား ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲခဲ့ပြီး The Washington Hotel ဟု အမည်ပေးခဲ့၏။

နောက်ပိုင်းတွင် မြေဈေးများကြီးမြင့်လာရာ အဆောက်အအုံရှေ့ ကွက်လပ်တွင် အထပ်ပေါင်းများစွာ ပါဝင်သည့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံတစ်လုံး ဆောက်လုပ်လာခဲ့သည်။
၁၉၇၀ ပြည့်လွန်ကာလများတွင်ကား အမေရိကတွင် ရေစီးကြောင်းပြောင်းလဲသွားပြီး အဆောက်အအုံဟောင်းများကို ဖြိုဖျက်လာခဲ့ ကြသည်။

ထိုသို့သောအချိန်တွင် developer တစ်ဦးက ဆာလမ်မြို့ ပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့သို့ အဆိုပြုချက်တစ်ခု ကမ်းလှမ်းတင်သွင်း ခဲ့သည်။
အထက်ပါ အဆောက်အအုံဟောင်းကို ဖြိုဖျက်ကာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံတစ်လုံး ဆောက်လုပ်ရန် အဆိုတင်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သူ၏ အဆိုပြုကမ်းလှမ်းချက်မှာ ပယ်ချခံခဲ့ရပြီး ပြန်လည်မွမ်းမံထိန်းသိမ်းရန်အတွက် ရန်ပုံငွေရှာဖွေရန် ကြိုးပမ်းမှုများ ပေါ်ပေါက်လာခဲ့သည့်နည်းတ
ူ အဆောက်အအုံရှေ့ကွက်လပ်တွင် ဆောက်လုပ်ထားသော ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံမှာ ဖြိုချခံခဲ့ရပြီး ကွက်လပ်မြက်ခင်းပြင်အဖြစ် ပြန်လည်မွမ်းမံထိန်းသိမ်းခဲ့သည်။
၁၉၇၈ ခုနှစ်တွင် အမျိုးသားသမိုင်းဝင်နေရာများ မှတ်ပုံတင်အဖွဲ့က သမိုင်းဝင်အဆောက်အအုံအဖြစ် မှတ်တမ်းတင်ခဲ့သည်။

(သရဲခြောက်ရခြင်းအကြောင်းရင်း)

၁၆၈၀ ပြည့်လွန်ကာလများတွင် တရားသူကြီး ဂျော့ခ်ျကော်ဝင်က အဆိုပါနေအိမ်ကို အကျဉ်းထောင်အဖြစ် အသုံးပြုခဲ့သည်ဟု ဆိုသည်။
ထိုခေတ်က ဥရောပတွင် စုန်းဟူယူဆခံရသူများမှာ သေဒဏ်ပေးခြင်းခံရသော အချိန်ဖြစ်၏။
ကော်ဝင်၏ တာဝန်မှာ စုန်းဟူယူဆရသော ယောက်ျား၊ မိန်းမများကို စုံစမ်းစစ်ဆေးရန် ဖြစ်သည်။
သူ၏ စစ်ကြောသောနည်းလမ်းများမှာ အလွန်ကြမ်းကြုတ်ရက်စက်လှပြီး အကျဉ်းသားများ၏ လည်ပင်းနှင့် ခြေထောက်ကို ပူးချည်ထားကာ နှာခေါင်းမှာ
သွေးထွက်လာသည်အထိ ထားလေ့ရှိသည်။
တစ်ချို့အချိန်များတွင် ဝန်ခံလာသည်အထိ ကျောက်တုံးများဖြင့် ထုလေ့ရှိသည်ဟု ဆိုသည်။

ယင်းသို့ ညှင်းပန်းခံရသူများက ကော်ဝင်ကို ကျိန်စာတိုက်ခဲ့ကြသည်ဟုလည်း ဆို၏။
စုန်းဟု ဝန်ခံသူတို့ကိုလည်း သေဒဏ်ပေးပုံမှာ အလွန်ကြမ်းကြုတ်ရက်စက်လှသည်ဟု ဆိုသည်။
ဆာလမ်မြို့တွင် စုန်းဖော်ထုတ်ရေး အရှိန်အဟုန်ဖြင့် ပေါ်ပေါက်ခဲ့သည့်ကာလမှာ ၁၆၉၂ ခုနှစ်မှ ၁၆၉၃ ခုနှစ်ကြား ဖြစ်သည်။
တရားသူကြီး ကော်ဝင်သည် ၁၆၉၇ ခုနှစ်တွင် နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ပြီးနောက် မြေအောက်ခန်းတွင် အလောင်းကို ထားရှိခဲ့ရ၏။
နှိပ်စက်ခံရသူတို့၏ မိသားစုများက အလောင်းအားဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ရေခဲတစ်မျှအေးစက်နေသော မြေအောက်ခန်းတွင် ထားရှိခဲ့ခြင်းဖြစ်သည်။
သူ၏ အလောင်းသည် အဆိုပါမြေအောက်ခန်းတွင် နှစ်ပေါင်းများစွာရှိနေခဲ့ပြီး နောက်ပိုင်းတွင်မူ Broad Street သုဿာန်သို့ ပြောင်းရွှေ့မြှုပ်နှံခဲ့သည်။

(ခြောက်လှန့်မှုများ)

နေအိမ်အတွင်းတွင် အရာဝတ္ထုများသည် ထူးဆန်းစွာဖြင့် အလိုအလျောက် ရွေ့လျားသွားကြသည်ကို မျက်မြင်ကြုံတွေ့သူ များစွာရှိခဲ့သည်ဟု ဆိုသည်။
ဖယောင်းတိုင်များမှာလည်း မီးမထွန်းညှိဘဲ မီးထွန်းညှိထားသကဲ့သို့ အလိုအလျောက် ဖယောင်းရည်များ စီးကျနေလေ့ရှိသည်ကို တွေ့ကြရသည်။
ထို့အပြင် အကောင်အထည်မမြင်ရဘဲ တစ်စုံတစ်ဦးက လာရောက်လည်ပင်းညှစ်ခြင်းမျိုး ကြုံရသူများလည်း ရှိသည်။
အချို့သူတို့ကလည်း အနက်ရောင်ဆံပင်ရှည်နှင့် အမျိုးသမီးတစ်ဦးကို တွေ့ရသည်ဟု ဆိုသည်။
အဆိုပါအမျိုးသမီးမှာ စုန်းဟု စွပ်စွဲခြင်းခံရသူများအနက်မှ တစ်ဦး ဖြစ်နိုင်သည်။

ထို့အပြင် စုန်းဟု စွပ်စွဲကာ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသူ ဂျီးလက်စ် ကိုရေးဆိုသူကို တွေ့မြင်ခဲ့ရသူများလည်း ရှိသည်။
ကော်ဝင်သည် အမျိုးသား၊ အမျိုးသမီး ၁၉ ဦးကို ညှင်းပန်းနှိပ်စက်ပြီး ကြီးမားသော ကျောက်တုံးကြီးဖြင့် ထုသတ်ကာ သေဒဏ်ပေးတတ်သည်ဟု ဆိုသည်။
အဆိုပါနေအိမ်ကို ရောင်းချရန် သတ်မှတ်ထားသည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၉၀၀၀၀၀ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် စုန်းဟုယူဆသူများကို စစ်ဆေးသေဒဏ်ပေးသည့် တရားသူကြီး၏ အလွန်သရဲခြောက်သောနေအိမ် (အရောင်းဈေးကွက်ဝင်လာသည့် သရဲခြောက်သောနေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် စုန်းဟုယူဆသူများကို စစ်ဆေးသေဒဏ်ပေးသည့် တရားသူကြီး၏ အလွန်သရဲခြောက်သောနေအိမ် (အရောင်းဈေးကွက်ဝင်လာသည့် သရဲခြောက်သောနေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် စုန်းဟုယူဆသူများကို စစ်ဆေးသေဒဏ်ပေးသည့် တရားသူကြီး၏ အလွန်သရဲခြောက်သောနေအိမ် (အရောင်းဈေးကွက်ဝင်လာသည့် သရဲခြောက်သောနေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် စုန်းဟုယူဆသူများကို စစ်ဆေးသေဒဏ်ပေးသည့် တရားသူကြီး၏ အလွန်သရဲခြောက်သောနေအိမ် (အရောင်းဈေးကွက်ဝင်လာသည့် သရဲခြောက်သောနေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် စုန်းဟုယူဆသူများကို စစ်ဆေးသေဒဏ်ပေးသည့် တရားသူကြီး၏ အလွန်သရဲခြောက်သောနေအိမ် (အရောင်းဈေးကွက်ဝင်လာသည့် သရဲခြောက်သောနေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် စုန်းဟုယူဆသူများကို စစ်ဆေးသေဒဏ်ပေးသည့် တရားသူကြီး၏ အလွန်သရဲခြောက်သောနေအိမ် (အရောင်းဈေးကွက်ဝင်လာသည့် သရဲခြောက်သောနေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် စုန်းဟုယူဆသူများကို စစ်ဆေးသေဒဏ်ပေးသည့် တရားသူကြီး၏ အလွန်သရဲခြောက်သောနေအိမ် (အရောင်းဈေးကွက်ဝင်လာသည့် သရဲခြောက်သောနေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service