အိမ်ခြံမြေ လောကထဲ လည်နေတဲ့ ငွေတွေဘယ်ရောက်ကုန်သလဲ

အိမ်ခြံမြေ လောကထဲ လည်နေတဲ့ ငွေတွေဘယ်ရောက်ကုန်သလဲ - Property News in Myanmar from iMyanmarHouse.com
25 Oct 2017 11:07 am တွင် တင်ခဲ့သည်
3529 ကြိမ် ကြည့်ရှု့ပြီး
အခုတလော လုပ်ငန်းရှင်ငယ် မဆိုထားနဲ့ လုပ်ငန်းရှင်ကြီးတွေ တော်တော်များများ ဆီကပါ ကြားနေရတဲ့ စကားကတော့ ငွေကျပ်တယ် ဆိုတဲ့စကားဖြစ်ပါတယ် ၊ သူဌေးကြီးတွေလက်ထဲမှာ ပိုင်ဆိုင်မှု တွေ အသီးသီး ရှိကြပေမယ့် လက်ထဲမှာလည်ပတ်တဲ့ cash flow တစ်ဖြည်းဖြည်းနည်းပါးလာတာဖြစ်ပါတယ် ။ အရင်ကဆိုရင် တစ်နှစ်မှာ အိမ်ခြံမြေ ဆောက်လုပ်ရေးလောကသာမက စီးပွားရေး လောကတစ်ခုလုံး တစ်နှစ်မှာ သုံးကြိမ် ဒါမှမဟုတ် လေးကြိမ်လောက် ငွေလည်ပတ်ပေမယ့် အခုနှစ်တွေမှာ တစ်ကြိမ် အလွန်ဆုံးရှိမှ နှစ်ကြိမ်လောက်ဘဲ လည်ပတ်တော့တယ်လို့ လုပ်ငန်းရှင်ကြီးတွေက ပြောလာကြပါပြီ။

ဘာကြောင့် ဈေးကွက်ထဲမှာ ငွေတွေ ရှားပါးသလဲဆိုတော့ အဓိက ပြသနာက ယုံကြည်မှု ပျောက်ဆုံးသွားတာက အစ ပြုရမှာဖြစ်ပါတယ် ။ ဖျာအောက်ဝင်သွားတဲံ ပိုက်ဆံကို ဆွဲထုတ်ပြီး ကစားဝိုင်းမှာ ကစားဖို့ဆိုတာ ဒိုင်တွေရဲ့သမာသမတ်ကျမှု ၊ မှန်မှန်ကန်ကန် ကစားမှုတွေ ပေါ်မှာမူတည်သလို ငွေရွှင်တဲ့ ကစားသမားကိုလည်း ဆွဲဆောင်နိုင်ဖို့ ဒိုင်တွေရဲ့အရည်အချင်းကလည်း စကားပြောပါတယ် ။

မမှန်မကန်မကစား ဘူးဆိုရင်တော့ ငွေကိုင်ထားတဲ့ ထိုးသားက သူ့ငွေဆုံးရှုံးမှာဆိုးတဲ့အတွက် ဘေးထွတ်ထိုင်နေမှာဖြစ်ပါတယ် ။ ဒါဆိုရင် ၀ိုင်းထဲမှာ လှည့်ပတ်ငွေနည်းပါးသွားပြီး ပျင်းစရာကောင်းတဲ့ ကစားဝိုင်းဖြစ်သွားမှာဖြစ်ပါတယ် ၊ အဆုံးမှာတော့ ထိုးသားတွေ စိတ်ပျက်ပြီးဝိုင်းကထထွတ်သွားရင် ကစားဝို်င်း ပျက်သွားမှာဖြစ်ပါတယ် ။ အမြတ်အစွန်းရချင်လို့ စီးပွားရေးအရ ရင်းနှီးမြူပ်နှံမယ့် လူတွေ အနေနဲ့လည်း သူဆုံးရှုံးနိုင်ခြေရှိတဲ့ ရင်းနှီးမြုပ်နှံမှုမှာ ၀င်ကစားမှာ မဟုတ်ပါဘူး ။

ဈေးကွက်ထဲမှာ လှည့်နေတဲ့ ငွေတွေ ဘယ်ပျောက်သွားသတုံးလို့ ပြန့်ကြည့်ရင် ငွေသားတော်တော်များများက လူလတ်တန်းစား တွေကကိုင်တွယ်ထားကြတာဖြစ်ပါတယ် ၊ အပြင်ကို စီးထွတ်သွားတာလည်း ဖြစ်နိုင်ခြေ မရှိပါဘူး ။မတည်ငြိမ်တဲ့ စီးပွားရေးပေါ်လစီတွေကြောင့် ခေတ်အဆက်ဆက်မှာ ဘာမှ ရင်းနှီးမြုပ်နှံမှု မလုပ်ဘဲ ဘဏ်တိုးထိုင်စားတဲ့ လူတန်းစား တစ်ရပ်မြန်မာပြည်မှာရှိပါတယ် ။ ယုံကြည်မှု ပျောက်ဆုံးလာတဲ့ အတွက် အခုဆိုရင် ဘဏ်တွေမှာ ငွေထည့်ပြီး အတိုးစားနေတဲ့လူတွေ တစ်နေ့တစ်ခြားများလို့လာပါတယ် ။

ဈေးကွက်ထဲမှာ လည်နေတဲ့ ငွေတွေ ဘဏ်တွေထဲ ပြန်ရောက်သွားတာဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ အခြေအနေ တစ်ခုမှာ ဘဏ်ထဲကို ငွေထည့်ပြီး အတိုးယူရတာက သေချာတဲ့ အတွက် လူတွေ ဘဏ်တွေထဲကို ပိုက်ဆံတွေ စုပြုံထည့်လာကြတယ်လို့ ဆိုကြပါတယ် ။

ဘဏ်ဆိုတာကလည်း အများပြည်သူရဲ့ အပ်နှံငွေနဲ့ တစ်ဖက်မှာ ပြန်ပြီး လုပ်ငန်းရှင်ကို ချေးငွေတွေထုတ်ချေးရတာဖြစ်ပါတယ် ။ လုပ်ငန်းရှင်ဘက်မှာ ရင်ဆိုင်နေရတာက မြင့်မားတဲ့ ဘဏ်တိုးနှုန်း ၊ လုပ်ထုံးထုပ်နည်းများလှတဲ့ တည်ဆောက်ရေး အတွက် အဆင့်ဆင့်ခွင့်ပြုချက်တင်ရတဲ့ အခက်အခဲရှိပါတယ် ။လူတွေ စိတ်ထဲမှာ အိမ်ခြံမြေနဲ့ ပက်သက်တဲ့ ခိုင်မာမှု ကို ပီပီပြင်ပြင် မယုံကြည်နိုင်သေးတာကြောင့် မ၀ယ်ရဲသေးတာကြောင့် အရောင်းအ၀ယ်မဖြစ်ဘဲ ဘဏ်တိုးနဲ့ လုံးပါးးပါးနေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေလည်းအများကြီးဖြစ်လာပါပြီ ။

အိမ်ခြံမြေ လောကမှာ အထင်ကရ ပုဂ္ဂိုလ်ကြီး အချို့ရဲ့ မမှန်မကန်လုပ်ခဲ့တဲ့ အကျိုးဆက်က အခုထိ အကင်းမသေနိုင်ဘဲ အမာရွတ်ကျန်နေသေးပါတယ် ၊ စီမံကိန်းကို အကြောင်းပြ ဈေးကစားခဲ့တဲ့ အကွက်တွေ ကလည်း နောက်ဆုံးမှာ အပလာ ဖြစ်ပြီး လူတော်တော်များများ ငွေကြေးတွေ ဆုံးရှုံးခဲ့ဖူးပါတယ် ။ ဒီကြားထဲ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ပက်သက်ပြီး ထွတ်သင့်တဲ့ ဥပဒေနည်းဥပဒေတွေ မထွတ်နိုင်တာရယ် ၊ ရှုပ်ထွေးလှတဲ့ ပိုင်ဆိုင်မှု ဆိုင်ရာ စာရွက်စာတမ်းတွေကြောင့် လူတော်တော်များများက အိမ်ခြံမြေ ဘက်ကို ခြေဦးမလှည့်တော့တာလည်း ဖြစ်ပါတယ် ။ အခုဆို အိမ်ခြံမြေတင်မကဘဲ စတော့ဈေးကွက်ပါ အခြေအနေ ယိုင်လာလို့ နှုတ်ထွတ်မယ့် အဖွဲ့အစည်းတွေတောင် ရှိလာပြီလို့ သတင်းတွေထွတ်လာပါတယ် ။

လုပ်ငန်းရှင်တော်တော်များများမှာ ပိုင်ဆိုင်မှု တွေဘဲရှိပြီး အဲဒိပိုင်ဆိုင်မှုတွေကလည်း အရောင်းအ၀ယ်က မဖြစ်ကြပါဘူး ။ တည်ဆောက်ရေး လုပ်ငန်းတွေ အတွက် ဘဏ်တွေဘက်က ချေးယူထားတဲ့ ငွေကြေးတွေရဲ့ အတိုးကလည်း အရောင်းအ၀ယ်မကောင်းလို့ ဆိုပြီး ရပ်နေတာမဟုတ်ပါဘူး ၊ အခုနောက်ပိုင်းမှာ လုပ်ငန်းရှင်ကြီး တစ်ချှို တစ်နှစ်လုံးရောင်းရတဲ့ အခန်းအေ၇ အတွက်ဟာ မြင့်မားတဲ့ဘဏ်တိုးပေးရတာ သက်သက်နဲ့တင် ကုန်သွားတက်တာများတယ်လို့ကြားနေရပါပြီ ။

လုပ်ငန်းရှင်လည်း လုံးပါးပါးလာသလို အချို့ဆိုရင် ဘဏ်တိုးလည်းမပေးနိုင်တော့ပါဘူး ၊ ဘဏ်တိုးမပေးနိုင်တဲ့ အတွက် လုပ်ငန်းရှင်လုပ်ငန်းချဲ့ဖို့အတွက်လိုတဲ့ ငွေကို ဘဏ်ကထပ်ပြီး ထုတ်မပေးတော့ပါဘူး။ ဂျာအေးသူ့အမေရိုက်ရင်း တိုင်ပတ်ကုန်တာဖြစ်ပါတယ် ။ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်းတင် ငွေကျပ်တာ မဟုတ်ဘဲ အခြားသော စီးပွားရေးလုပ်ငန်းတွေမှာပါ လိုက်ပါထိခိုက်ကုန်တာဖြစ်ပါတယ် ။

မြန်မာပြည်က လုပ်ငန်းရှင်ကြီးတော်တော်များများက အခြားနိုင်ငံကလုပ်ငန်းရှင်တွေနဲ့မတူညီဘဲ လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်တက်ကြပါတယ် ၊ အနည်းဆုံး လုပ်ငန်းရှင်ကြီး တစ်ယောက်မှာလက်ခွဲ ကုမ္မဏီ ၁၀ ခုလောက်အထိ လုပ်ငန်းမျိုးစုံကို ခွဲပြီးလုပ်ထားကြပါတယ် ။

ဒါ့အပြင် စိုက်ပျိုးရေး သီးနှံတွေဖြစ်တဲ့ မတ်ပဲ ပဲတီစိမ်း ၊ ပဲစင်းငုံဆိုရင် မြန်မာစီးပွားရေးမှာ ပမာဏများပြာတဲ့ ငွေကြေးပမာဏ ဖြစ်ပေမယ့် အခုဆိုရင် အိန္ဒိယက မ၀ယ်တော့တဲ့ အတွက်ဈေးကွက်မှာ ကျဈေးနဲ့ မိပြီး အရင်းပြုတ်မယ့်ကိန်းဆိုက်နေပါပြီ ။ ပြည်ပပို့ကုန် အင်မတန်အားနည်းပြီး သွင်းကုန်က အများစု ဖြစ်နေတဲ့ ပြသနာကလည်း တစ်ပူပေါ်နှစ်ပူဆင့်စေပါတယ် ၊ ပို့ကုန်ဝင်ငွေ နည်းပါးတဲ့ အတွက် ပြည်တွင်းငွေကြေး သုံးစွဲမှုကိုလည်း အတိုင်းအတာ တစ်ခုထိ သုံးစွဲမှုကို လျော့ကျလို့ သွားစေပါတယ် ။

ဆောက်လုပ်ရေး အိမ်ခြံမြေကလည်းအလုပ်မဖြစ် ၊ ပို့ကုန်သွင်းကုန်ကလည်း ပို့ကုန်ကနည်းပြီး သွင်းကုန်ကများတဲ့အပြင် စက်ရုံဆောက်ပြီး အလုပ်လုပ်မယ်ဆိုပြန်တော့လည်း အလုပ်သမားပြသနာသောင်းခြောက်ထောင် ကြောင့် လူတော်တော်များများ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့လက်တွန့်ကုန်တာဖြစ်ပါတယ် ၊ ဒီဘက်ခေတ်မှာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ ဖြစ်တာကြောင့် မြေ၀ယ် စက်ရုံဆောက်ပြီး ကုန်ထုတ်လုပ်ငန်း လုပ်မယ့် လူဆိုရင် စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း အကြားမှာ သတ္တိကောင်းတယ်လို့တောင် ပြောကြဆိုကြပါတယ် ။

ဒီတော့ ပြသနာလည်းကင်း သေချာပြီး အတိုးရတဲ့ဘဏ်တွေမှာဘဲ ငွေတွေကို စုပြုံသွားအပ်ကြတာဖြစ်လို့ လည်ပတ်ရမယ့် ငွေ မလည်နိုင်တော့ဘဲ စီးပွားရေး ကျဆင်းလို့လာပါတယ် ။ အလုပ်အကိုင် မကောင်းတဲ့ အတွက် ကုမ္မဏီကြီးတွေ အသုံးစရိတ်လျှော့ချတာ ၀န်ထမ်းလျှော့တာ ၊ လစာမြင့် ၀န်ထမ်းတွေကို လစာကို ရာခိုင်နှုန်းဘယ်လောက်အထိ လျှော့တာတွေ မဖြစ်မနေ လုပ်လာကြပါတယ် ၊ လူတစ်ဦးချင်းစီရဲ့ ငွေကြေး သုံးစွဲမှု ပမာဏ ကျုံ့သွားတာဖြစ်ပါတယ် ။
ဈေးကွက်အပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှု အားနည်းတဲ့အပြင် မြင့်မားတဲ့ ဘဏ်တိုးနှုန်းကို ပေးထားတဲ့ ကိစ္စကို ပြန်လည် သုံးသပ်သင့်တယ်လို့ ထင်မြင်ပါတယ် ။

နိုင်ငံခြားသား လုပ်ငန်းရှင်က ပြည်ပကနေ အတိုးလေးကျပ်လောက်နဲ့ လာပြီးရင်းနှီးမြုပ်နှံချိန်မှာ ကိုယ်ပြည်တွင်းက လုပ်ငန်းရှင်က စာရွက်စာတမ်းပေါင်းစုံ အကြားကျော်ဖြတ်ပြီးမှ မြင့်မားတဲ့ ၁၃ ရာခိုင်နှုန်း ဘဏ်တိုးနှုန်းနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ရတာဖြစ်ပါတယ် ။ မမျှတတဲ့ဘဏ်တိုးနှုန်း နှစ်ခုကြားမှာ ချိန်ညှိရမှာတော့ တာဝန်ရှိသူများရဲ့ အလုပ်ဖြစ်ပါတယ် ။ ဘဏ်တိုးတွေကြောင့် ပြည်ပရင်းနှီးမြုပ်နှံသူတွေကို ဈေးကွက်မှာ မယှဉ်နိုင်လို့ ပြုတ်သွားတဲ့ သာဓကတွေ လည်း မြင်တွေ့နေရဆဲဖြစ်တာကြောင့် ဘယ်လုပ်ငန်းရှင်မှ လုပ်ငန်းသစ်ထပ်မချဲ့တော့ဘဲ လုပ်ငန်းဟောင်းကိုလည်ပတ်ပြီး ၀န်ထမ်းလစာ ကာမိရုံသက်သက် ထိန်းကျေင်းပြီး အလုပ်လုပ်လာကြတာဖြစ်ပါတယ် ။

စီးပွားရေး လုပ်ငန်းရှင်တွေ အလုပ်လုပ်ဖို့ ခက်ခဲတဲ့ နိုင်ငံ ၊ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေနဲ့ ပက်သက်ပြီး ပြည်သူ့ယုံကြည်မှု ပျောက်ဆုံးနေတဲ့ နိုင်ငံတစ်ခုမှာ ငွေကြေးလည်ပတ်မှု အားနည်းပြီး ငွေကျပ်မှာ အသေအချာဘဲဖြစ်ပါတယ် ။ ငွေကျပ်တဲ့ ပြသနာကို နိုင်ငံတကာ အစိုးရတွေကတော့ တည်ဆောက်ရေး စီမံကိန်းသစ်ကြီးတွေ ချပေးတာ ၊ ရင်းနှီးမြုပ်နှံမှုနဲ့ ပက်သက်ပြီး ဖြေလျှော့မှုတွေ လုပ်ပေးတာ ၊ ပိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး အာမခံချက်တွေ ပေးတာလုပ်ပေးကြပါတယ် ၊ အကျိုးဆက်ကတော့ ပြည်သူက အစိုးရကိုယ်တိုင် ပိုင်ဆိုင်မှုကို အာမခံထားတဲ့ အတွက် ငွေဆုံးရှုံးရမှာ မပူတဲ့အတွက် ပျော်ပျော်ကြီး ပြန်လည်ရင်းနှီးမြုပ်နှံတာ အမေ၇ိကန် စီးပွားရေး ပျက်ကပ်ကို ကြည့်ရင် သင်ခန်းစာ ယူမယ်ဆိုရင် ယူလို့ရပါတယ် ။

သင့်တင့်မျှတတဲ့ ဘဏ်တိုးနှုန်း ၊ ပိုင်ဆိုင်မှု အထောက်အထားနဲ့ ပက်သက်ပြီး ၀ယ်ယူရင်းနှီးမြုပ်နှံရင် သေချာပါတယ်ဆိုတဲ့ အစိုးရဆီက စည်းမျဉ်းစည်းကမ်းတွေ ၊ ထွတ်သင့်ထွတ်တိုက်လို့တောင် အချိန်လွန်နေပြီဖြစ်တဲ့ အိမ်ခြံမြေဆိုင်ရာ ဥပဒေ တွေကို အမြန်ဆုံးထွတ်ပေးဖို့လိုအပ်ပါပြီ ၊ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေ နဲ့ ပက်သက်ပြီး တင်ဒါစနစ်နဲ့ လုပ်ငန်းတွေ ချပေးရာမှာ ပေးချေရမယ့် ငွေကြေးကိုလည်း မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ချပေးဖို့ လိုပါပြီ ။ အမေစု အစိုးရလက်ထက်မှာတော့ အရင်က အလုပ်မဖြစ်တဲ့ မတ် ၃၁ ကုန် ဧပြီ ၁ရက်နေ့ ပြန်စတဲ့ဘဏ္ဍာနှစ်အစာ ဆောက်လုပ်ရေး သမားတွေ လုပ်သာကိုင်သာရှိတဲ့ စက်တင်ဘာ ၃၀ အောက်တိုဘာ ၁ ဆိုပြီးဘဏ္ဍာနှစ် သတ်မှတ်ချက်ကို ပြန်ပြောင်းမယ့် အခြေအနေကလည်း အားတက်စရာဖြစ်ပါတယ် ။

အဓိက အချက်ကတော့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ ၊ ဖျာအောက်ထဲက ပိုက်ဆံတွေ ဈေးကွက်ထဲကို ထည့်ပြီးလည်နို်င်ဖို့ အတွက် ပိုင်ဆိုင်မှု ဆိုင်ရာ စာရွက်စာတမ်းခိုင်မာမှု နဲ့ ပက်သက်ပြီး အစိုးရ အနေနဲ့ ဥပဒေ နည်းဥပဒေ တွေကို အမြန်ဆုံး ထွတ်ရှိအောင် လုပ်ဆောင်ပေးသင့်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ပါသည်။

ကိုချစ်ခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service