မန္တလေးတိုင်း အစိုးရက ထုတ်ပြန်ထားတဲ့ အိမ်ခြံမြေရာဖြတ်အခွန်နှုန်းထားတွေက မြေပင်အခြေအနေထက်မြင့်နေတာတွေရှိနေလို့ စာချုပ်ချုပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေရောင်းဝယ်ရေးအကျိုးဆောင် လုပ်ငန်းမှ ဦးတင်မောင်က ပြောပါတယ်။
ဝယ်ဖို့ဝယ်လက်ကိုပြတဲ့ မြေကွက်တစ်ခုဆိုရောင်းတဲ့သူက သိန်း ၅၈၀၀ နဲ့ပဲရောင်းတယ်။ အခွန်ရာဖြတ်က ဖြတ်တာက သိန်း ၆၃၀၀ နဲ့ သိန်း ၉၀၀၀ ကြားဖြတ်တယ်လို့ ဆိုပါတယ်။
ဦးတင်မောင်က ‘ နေဖို့မဖြစ်မနေ၀ယ်တယ်။ ခိုင်လုံတဲ့ စာချုပ်ချုပ်ဖို့အတွက်က အခက်အခဲဖြစ်နေတယ်၊ အဲဒီတော့ ကတိက၀က်နဲ့ နေကြရမှာပဲ၊ အဲဒါကို မနေပါနဲ့ လို့ ပြောလို့မရဘူး။ နာမည်ဖောက်ချင်ပေမဲ့ သိန်း ၅၀၀၀ တန်ဝယ်တာကို သိန်း ၇၀၀၀ ဖြစ်တယ်ဆိုရင် သိန်း ၁၀၀၀ တိုင်းမှာ အခွန်က သိန်း ၃၀၀ လောက်ကျနေတော့ အကုန်အကျမခံနိုင်ကြတော့ဘူး ’ လို့ ပြောပါတယ်။
အခွန်နှုန်းထားပေးဆောင်ဖို့ ရှောင်တဲ့ စနစ်ကို ကျင့်သုံးလာတဲ့အတွက် နိုင်ငံတော်လည်း အခွန်မရရှိသလို ပြည်သူတွေလည်း မှန်ကန်တဲ့ လမ်းကြားပေါ်မရောက်နိုင်ဘူးဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့
က သုံးသပ်ပါတယ်။
အိမ်ခြံမြေ၀ယ်ယူရာမှာ တရားဝင်အခွန်ဆောင်ပြီး ၀ယ်ယူတာတွေရှိလာဖို့ အတွက် အိမ်ခြံမြေစံနှုန်းတွေကို ယခုဘဏ္ဍာနှစ်မှာ ယခင်နှစ်စံနှုန်းတွေထက် ၂၀ ရာခိုင်နှုန်းလျှော့ချသတ်မှတ်ခဲ့တယ်လို့
မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ်။
‘ အိမ်ခြံမြေပတ်သက်လို့ အခွန်ဘဏ္ဍာကို လာမယ့် ၂၀၁၈ မှာ အခွန်နှုန်းထားစံနှုန်းတွေရော၊ ရာဖြတ်ကိုရော ပြင်ပေးမယ်ဆိုရင်တော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်လာနိုင်ပါတယ် ’ လို့ ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေရောင်းဝယ်ရေးအကျိုးဆောင် လုပ်ငန်းမှ ဦးတင်မောင်က ပြောပါတယ်။
မန္တလေးမြို့အတွက် အခုနှစ်အသုံးပြုရမယ့် အိမ်ခြ့မြေစံနှုန်းတွေကို သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Credit: The Kumudra