အီတလီမြို့တော်ဝန်တစ်ဦးက လူဦးရေနည်းပါးနေတဲ့ ၎င်းတို့မြို့မှာလာနေမယ့်သူတွေကို ယူရို ၂,၀၀၀ ပေးမယ်လို့ ကမ်းလှမ်း

အီတလီမြို့တော်ဝန်တစ်ဦးက လူဦးရေနည်းပါးနေတဲ့ ၎င်းတို့မြို့မှာလာနေမယ့်သူတွေကို ယူရို ၂,၀၀၀ ပေးမယ်လို့ ကမ်းလှမ်း - Property News in Myanmar from iMyanmarHouse.com
24 Oct 2017 10:56 am တွင် တင်ခဲ့သည်
7622 ကြိမ် ကြည့်ရှု့ပြီး
အီတလီနိုင်ငံက မြို့ငယ်တစ်ခုကတော့ ယင်းဆီမှာ လာရောက်အခြေချနေထိုင်မယ့် မည်သူမဆို ယူရို ၂,၀၀၀ (ပေါင် ၁,၈၀၀) ပေးသွားမယ်ဆိုပြီး အဆိုပြုကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

နိုင်ငံတောင်ပိုင်း Puglia ဒေသ မှာရှိတဲ့ Candela မြို့ရဲ့မြို့တော်ဝန်ဖြစ်သူ Nicola Gatta က အဆိုပါ ကမ်းလှမ်းမှုကို အဆိုပြုထားတာဖြစ်ပြီး ၎င်းတို့ မြို့မှာ လက်ရှိကြုံတွေ့နေရတဲ့ လူဦးရေဆိုးဆိုးရွားရွား ကျဆင်းနေမှုကိုကိုင်တွယ်နိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်လောက်တုန်းကမြို့တွင်းမှာ လူဦးရေ ၉,၀၀၀ လောက်ထိရှိခဲ့ပြီး စည်ကားဖူးခဲ့ပေမယ့် ယခုလက်ရှိအချိန်မှာ၂,၇၀၀ မျှသာ ရှိတော့တာကြောင့် ယခင်လူဦးရေအတိုင်း ပြန်လည်စည်ကားလာဖို့ Gata က ဆန္ဒရှိနေတာဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် ခြောက်သွေ့နေတဲ့ မြို့မှာတကျော့ပြန် ပြန်စည်ကားလာဖို့ လူတွေကိုငွေကြေးနဲ့ မက်လုံးပေး ကမ်းလှမ်းနေရတာဖြစ်ပါတယ်။

ယခင် ၁၉၆၀ ပြည့်နှစ်မတိုင်ခင်တုန်းကယင်းမြို့ငယ်လေးဟာ လာရောက်လည်ပတ်တဲ့ခရီးသွားတွေ၊ ကုန်သည်တွေ၊ဈေးသည်တွေနဲ့ အထူးစည်ကားဖူးခဲ့ပြီး
နေပယ်အသေးစားလို့တောင် တင်စားခံခဲ့ရတယ်လို့
သိရပါတယ်။

ဒါပေမယ့်လည်း မြို့ရဲ့ စီးပွားရေးအကျပ်ရိုက်လာတာနဲ့အမျှ မြို့ခံ လူငယ်အများစုဟာအလုပ်အကိုင်နဲ့ တစ်ခြားအခွင့်အလမ်းတွေ
အတွက် မြို့ကနေ ထွက်ခွာသွားကြတဲ့နောက် ယခုအခါ မြို့မှာ လူဦးရေနည်းပါးနေတယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ မြို့မှာလာနေသူတွေကိုမက်လုံးပေး သွားဖို့ ရှိနေပြီး အသေးစိတ်အစီအစဉ်တွေအရ လူပျိုလူလွတ်တွေကို တစ်ဦးလျင် ယူရို ၈၀၀ နှုန်း၊ စုံတွဲတွေဆိုရင် ယူရို ၁,၂၀၀ နှုန်း၊ မိသားစု သုံးဦးဆိုရင်
ယူရို ၁,၅၀၀ ကနေ ၁,၈၀၀ နှုန်း၊ မိသားစုလေးဦးကနေ ငါးဦးဆိုရင် ယူရို ၂,၀၀၀ ကျော်ထိပေးသွားမှာဖြစ်ပါတယ်။

ယင်း မက်လုံးတွေကို လက်ခံရယူနိုင်ဖို့အတွက်ယင်းမြို့မှာ လာနေမယ့်သူတွေအနေနဲ့လည်းကနဦးအနေနဲ့ အဆိုပါ Candela မြို့မှာ လာရောက်ပြောင်းရွှေ့နေထိုင်ရမှာဖြစ်ပါတယ်။ယင်းမြို့မှာ အိမ်ငှားရမ်းနေထိုင်နိုင်သလို မဖြစ်မနေ
လိုအပ်တဲ့ သတ်မှတ်ချက်အဖြစ် လာနေမယ့်သူတွေအနေနဲ့ တစ်နှစ်ကို ၀င်ငွေ အနည်းဆုံး ယူရို ၇,၅၀၀ ရှိတဲ့ အလုပ်တွေ ရှိရမှာဖြစ်ပါတယ်။

Credit: Daily Mail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service