အချိန်မနှောင်းသေးပါဘူး

အချိန်မနှောင်းသေးပါဘူး - Property News in Myanmar from iMyanmarHouse.com
23 Oct 2017 11:58 am တွင် တင်ခဲ့သည်
2842 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတကာမှာ အိမ်ခြံမြေဈေးကွက်ကို ကျဆင်းအောင်ထက် ဘယ်လိုပုံစံမျိုးနဲ့ တိုးတက်အောင် လုပ်မလဲ ဆိုတာအစိုးရတိုင်းက ကြံဆတွေးတော နေကြပါတယ် ။အနည်းဆုံးတော့ ပုံမှန်တိုးတက်အောင် အထိတော့ အားထုတ်ကြပါတယ် ။ စင်ကာပူ အစိုးရဆိုရင် လူတွေအိမ်တွေကို ဘယ်လိုဝယ်နိုင်အောင် အစီအစဉ်အမျိုးမျိုး မူဝါဒ အမျိုးမျိုး မရိုးနိုင်အောင် လုပ်တာ သတင်တွေမှာ မမြင်ချင်မှ အဆုံးဖြစ်ပါတယ် ။ အဓိကကတော့ ဈေးတက်သည် ဖြစ်စေ ဈေးကျသည် ဖြစ်စေ ဈေးကွက်ထဲမှာငွေလည်ပတ်နိုင်ဖို့က အရေးကြီးပါတယ် ။

ဈေးကွက် စီးပွားရေး သဘောတရားက ရောင်းလိုအားနည်းပြီး ပစ္စည်းက တန်ဖိုးကြီးရှားပါးမယ် ၀ယ်သူကလည်း လိုအပ်လို့ ၀ယ်မယ်ဆိုရင် ဈေးက မြင့်နေမှာဖြစ်ပါတယ် ။ ၀ယ်သူတွေက မတန်ဘူးလို့ ယူဆမယ် ရောင်းချင်တဲ့ လူကလည်း အတင်းငွေပေါ်လျှော့ဈေးရောင်းမယ်ဆိုရင် ဈေးကကျဆင်းလာမှာဖြစ်ပါတယ် ၊ ဈေးကွက်ကို ရောင်းလိုအားနဲ့ ၀ယ်လိုအား မျှခြေကသာ စကားပြောတာဖြစ်ပါတယ် ။

အိမ်တွေ တိုက်ခန်းတွေ မြေတွေကို ၀ယ်တဲ့ ရောင်းတဲ့ သူတွေများလာအောင် အခွန်နှုန်းထားတွေ လျှော့ချတဲ့ အပြင် ပိုင်ဆိုင်မှု စာရွက်စာတမ်း စိတ်ချရပြီး ကြိုးနီစနစ် ကင်းလွတ်အောင် ဖွံ့ဖြိုးဆဲနိုင်ငံက အစိုးရတိုင်း ကြိုးစားကြပါတယ် ၊ဒါမှလည်း ငွေတွေ ဈေးကွက်ထဲကို ၀င်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်
လာမှာဖြစ်ပါတယ် ။ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ကိုကူးပြောင်းသွားမယ် လူဦးရေ
မတရားများပြားလာပြီဆိုရင်တော့ ပြည်ပကလူတွေ မ၀ယ်နိုင်အောင်လို့ အခွန်တိုးကောက်တာက လုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ် ။၊

အိမ်ခြံမြေ ရောင်းခွန်ဝယ်ခွန် တိုးကောက်တာကို ဖွံ့ဖြိုးပြီး နိုင်ငံတွေကဘဲ စဉ်းစားပြီး လုပ်ကြတာဖြစ်ပါတယ် ။ ဖွံ့ဖြိုးဆဲနိုင်ငံ အနေအထားမှာ အိမ်ခြံမြေ အခွန်တိုးကောက်တယ်ဆိုတာကတော့ ထွန်းသစ်စ ဈေးကွက်ကို ဘူးသီးနုနု အမွှေးသပ်ခံရသလို စီးပွားရေးကို ပျက်သုန်းစေပါတယ် ။ ဒါက စီးပွားရေး သီအိုရီဖြစ်ပါတယ် ။

ဘန်ကောက်မှာတော့ တစ်ပေပတ်လည်ကို ဘယ်လောက်ဘဲ ရှိတယ် ၊ ရန်ကုန်မှာတော့ တစ်ပေပတ်လည်ကို ဘယ်လောက်ဖြစ်နေလို့ ဈေးများနေတယ် ဈေးကျအောင်လုပ်ပေးဖို့ ပြောဆိုနေကြတဲ့ လူတွေ ၊ အိမ်ဈေးကြီးလို့ အခြေခံလူတန်းစားတွေ အိမ်မပိုင်နိုင်တဲ့ အတွက် ဈေးကျအောင် လုပ်ပေးပါဆိုပြီး တောင်းဆိုခဲ့တဲ့ အသံတွေကလည်း မကြားချင်မှ အဆုံးဖြစ်ပါတယ် ။ ဘန်ကောက်က ဘန်ကောက်ဈေးကွက် ဘန်ကောက်ပေါက်ဈေး အတိုင်းသွားမှာဖြစ်သလို ရန်ကုန်ကလည်း ရန်ကုန်အတိုင်း သွားဖို့လိုပါတယ် ၊ နေရာတကာမှာ ပေတံမျဉ်းတပြေးတည်းနဲ့ လိုက်ချိန်ညှိလို့ အလုပ်မဖြစ်ပါဘူး ။ လိုက်ချိန်ဆနေရင် ကောင်းဖို့ထက် အဆိုးဘက်ကိုသာ ဦးတည်သွားဖို့ သေချာသလောက် ရှိပါတယ် ။

အိမ်ခြံမြေ ဈေးနှုန်းတွေကို ကျအောင်လုပ်မယ်ဆိုပြီး အခွန်တွေကို အဆမတန် တိုးကောက်တာက အဖြေမှန်မဟုတ်သလို အခွန်ရှောင်တိမ်းမှုတွေကိုလည်း ဖြစ်ပွားစေပါတယ် ၊ အခွန်ဆောင်ရမှာ ကြောက်ပြီး နာမည်မပြောင်းဘဲ စပါယ်ရှယ်ပါဝါ ၊ ဂျန်နရယ်ပါဝါတို့ နဲ့ ဘဲ ဈေးကွက်ထဲမှာ အရောင်းအ၀ယ်လုပ်နေဆဲဖြစ်ပါတယ် ။ အစိုးရ အနေနဲ့ အခွန်မရတော့တဲ့ အပြင် ၀ယ်သူ ရောင်းသူကြားမှာလည်း ရေရှည်မှာ ပြသာနာ ကို ပိုမိုတိုးပွားလာစေပါတယ် ။ အိမ်ခြံမြေ စီးပွားရေးဆိုတာ တိုင်းပြည်မှာ ဒိုမီနို သီအိုရီလို တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာဖြစ်ပါတယ် ။

ဈေးကွက်က အရောင်းအ၀ယ် မကောင်းလို့ ပျက်နေတဲ့ အထဲ ၊ အခွန်တိုးထားလို့ အခွန်တွေလှည့်ပတ်ရှောင်တိမ်ကြတာတွေ ၊ လက်တလုံးခြားလုပ်တာတွေကြောင့် ဈေးကွက်က ဖွတ်မရ ဓားမပါ ဆုံးမယ့် အခြေအနေ ဖြစ်ပါတယ် ။ အခုအချိန်မှာ သာမာန်လူမပြောနဲ့ ချမ်းသာတဲ့ သူဌေးသူကြွယ်တွေ တော်တော်များများတောင် ပိုင်ဆှိုင်မှု အထောက်အထား စာရွက်စာတမ်းဘဲ ရှိပြီး လက်ထဲမှာ ငွေသားသိပ်မရှိဘူးလို့ သတင်းထွတ်နေကြပါတယ် ၊ လုပ်ငန်းလည်ပတ်အောင် ပိုင်ဆိုင်မှု တွေကို ဘဏ်မှာ အပေါင်ထားလို့ ငွေချေးယူထားကြပါတယ် ။ မြေဈေးတွေ မတရား ထိုးကျသွားအုံးမယ်ဆိုရင် ဘယ်သူဌေးမှ ပြန်ရွေးတော့မှာ မဟုတ်လို့ ဘဏ်မှာ မြေတွေ သောင်တင်ပြီး ပြည်သူငွေတွေ ဆုံးရှုံးမှာဖြစ်ပါတယ် ၊ အဆုံးမှာ တိုင်းပြည်စီးပွားရေး ပြိုလဲသွားနိုင်တဲ့ အထိ ဖြစ်သွားနိုင်လို့ ဆီဒီုနားမှာ လုပ်ခဲ့တဲ့ နိုင်ငံတကာ seminar တစ်ခုမှာ ပညာရှင်တွေက fail state ဖြစ်ဖို့နီးပြီလို့တောင် သုံးသပ်ခဲ့တာ မီဒီယာ တွေမှာလည်းသတင်းတွေ အတိအကျ ပါရှိခဲ့ပြီးဖြစ်ပါတယ် ။

စီးပွားရေးလောကမှာဖြစ်ဖြစ် ၊ ပြည်သူတွေကြားမှာဘဲ ဖြစ်ဖြစ် လူတန်းစား အလွှာမျိုးစုံ ရှိပါတယ် ၊ တစ်လ တစ်သိန်းလောက် ၀င်ငွေရှိတဲ့ လူတွေကနေ ၀င်ငွေ သိန်းထောင်ချီရတဲ့ လုပ်ငန်းရှင် သူဌေးတွေ လည်း ရှိပါတယ် ။ အလွှာပေါင်းစုံကို တစ်ပြိုင်နက်တည်း ဆွဲတင်ဖို့ ဆိုတာ မြန်မာပြည်လိုဖွံ့ဖြိုးဆဲ နိုင်ငံမဆိုထားနဲ့ အမေရိကန်လို ချမ်းသာတဲ့ နိုင်ငံတောင် လုပ်နိုင်စွမ်းမရှိသေးပါဘူး ။ ဒါကြောင့် အလွှာတွေ အများကြီးထဲက အစိုးရလည်း သိပ်ပြီး စိုက်ထုတ်စရာမလိုတဲ့ အနေအထားရှိမယ် ၊ ပြည်သူကလည်း အလွယ်တကူ လိုက်ပါနိုင်မယ့် လူလတ်တန်းစား အလွှာကိုဘဲ ကနဦးအိမ်ပိုင်ဆိုငအောင် နည်းလမ်းပေါင်းစုံ သုံးပြီးဆွဲတင်ကြရမှာဖြစ်ပါတယ် ။

ဒါကြောင့် အရင်အစိုးရလက်ထက်ကတည်းက လုပ်ခဲ့တဲ့ အိမ်ခြံမြေ ဈေးကွက်ကို ကျအောင်ဆွဲချခဲ့တဲ့ လုပ်ရက်တွေထဲက တစ်ခုဖြစ်တဲ့ အခွန်တွေတိုး ကောက်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စု အခွန်အကောက် ဥပဒေလို ဥပဒေ မျိုး ကို ပြန်လည်ပြင်ဆင် သုံးသပ်သင့်သလို ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့ စုပေါင်းပိုင် အဆောက်အအုံ အိမ်ရာ ( ကွန်ဒို ) ဥပဒေ နဲ့ တိုက်ခန်းအိမ်ရာ ဥပဒေ ( apartnmaent ) Law ကိုလည်း အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ လိုပါတယ် ။

အိမ်ဈေးမြေဈေးတွေ ကျအောင်လုပ်မယ် ၊ အခြေခံ လူတန်းစားတွေ အိမ်ပိုင်ရမယ် ဆိုတဲ့ စကားကို ခေတ်အဆက်ဆက် မူဝါဒချမှတ်သူတွေ အမြဲလိုလို ပြောနေခဲ့ကြတာဖြစ်ပါတယ် ၊ အောင်မြင်သလားမေးရ
င် လတ်တလော တန်ဖိုးနည်းအိမ်ဝယ်တဲ့ လူတွေကို စာရင်းကောက်ကြည်လိုက်ရင် အဖြေထွတ်မှာဖြစ်ပါတယ် ။ တကယ် နေစရာ မရှိတဲ့ လူတွေ နေနိုင်ပြီလားဆိုတော့ အခုထက်ထိတော့ No လို့ဘဲ ပြောရမှာဖြစ်ပါတယ် ။
တန်ဖိုးနည်းအိမ်ရာမှာနေတဲ့ လူတစ်ချို့ဆိုရင် အခန်းတွေဝယ်ပြီး စီးပွားရေးပုံစံ ပြန်ဌားစားနေကြလို့ အခုဆို တန်ဖိုနည်းအိမ်ရာတွေ အရှေ့မှာ အိမ်ခြံမြေ အကျိုးဆောင်တွေ ခြေချင်းလိမ်ပြီး အချို့ဆို ရုံးခန်းသဘောတောင် ဖွင့်တဲ့ အထိ အလုပ်ဖြစ်နေဆဲဖြစ်ပါတယ် ။ နိုင်ငံပိုင်မြေ ဆုံးရှုံးသွားတာ အဖတ်တင်သလို အခြေခံလူတန်းစားအတွက်နာမည်တပ်ခဲ့ပေမယ့် အခြေခံလူတန်းစား အနားမကပ်နိုင်တဲ့ အခြေအနေဖြစ်လို့ ယုံကြည်မှုကို ကျဆင်းစေပါတယ် ။

အခြေခံလူတန်းစားတွေ အတွက် ပစ်မှတ်ထားတယ် ဆိုပြီး အရင်အစိုးရ အဆက်ဆက် ဆောက်ခဲ့တဲ့ တန်ဖိုးနည်းတို့ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတို့ကို ပြန်ကြည့်လိုက်ရင် တိုက်ခန်းဝယ်ဖို့ လျှောက်လွှာလာတင်တဲ့ လူတွေ ၊ လတ်တလော နေနေတဲ့ လူတွေထဲမှာ ကိုယ်ပိုင်ကား တစ်ဝီ၀ီ စီးနိုင်တဲ့ လူတွေပါ နေနေကြတာဖြစ်ပါတယ် ။ ဆိုက္ကားဆရာတွေ ၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ ၊ လက်သမား ဆရာတွေ ၊ ဘောက်လို့ အရပ်ထဲ ခေါ်ကြတဲ့ ကြုံရာ ကျဘန်း လုပ်ရတဲ့ ပြည်သူတွေ အိမ်မက်တောင် ထည့်မမက်နိုင်ကြတဲ့ အခြေအနေဖြစ်ပါတယ် ။ သူတို့အားလုံးရဲ့လားရာကတော့ လမ်းဘေးမှာ ကျုးကျော်တဲမှာ နေဖို့ကလွှဲလို့ အခြားလမ်းမရှိပါဘူး ။

နဂိုကတည်းက ပုံသဏ္ဍန်မမှန်တဲ့ မြန်မာစီးပွားရေးမှာ ရင်းနှီးမြုပ်နှံဖို့ အတွက် sector ကတော်တော်ရှားပါတယ် ၊ မြေ၀ယ်မကျဆိုတဲ့ စကားပုံကလည်း အဓိပ္ပါယ် ရှိပါတယ် ၊ အရင်အစိုးရ ဆင်းခါနီးမှာ ပြဋ္ဌာန်းသွားတဲ့ ကြီးလေးတဲ့ အခွန်နှုန်းထားတွေက ယိုင်နဲ့နဲ့ စီးပွားရေးကိုထိခိုက်စေလို့ အခုထက်ထိ စီးပွားရေး က ခေါင်းမထောင်နိုင်သေးပါဘူး ။ သိန်း တစ်သောင်းတန်တဲ့ မြေတစ်ကွက်ကို သိန်း ၅၀၀၀ ဖြစ်အောင် အတင်းဆွဲချမယ် ဆိုရင် ဘဏ်တွေမှာ အပေါင်ဆုံး ပြသနာတွေဖြစ်ပေါ်လာနိင်ပါတယ် ၊ အခုတောင်ဈေးကွက်ထဲမှာ ဘဏ်အပေါင်ဆုံး ပြသနာတွေ တိုးတိုးတိတ်တိတ်ကြားလာနေပါပြီ ၊ ဘယ်ဘဏ်မှတော့ အခုထက်ထိ အပေါင်ဆုံး ပြသနာ မြေတွေကို ပြန်မရွေးနိုင်လို့ ပြသနာဖြစ်နေပြီဆိုတဲ့ အကြောင်း တရားဝင်တော့ ထုတ်မပြောကြသေးပါဘူး ။ ထုတ်ပြောလိုက်ရင်လည်း မီစပေါ် ဓာတ်ဆီလောင်းသလိုဖြစ်ပြီး ပြသာနာရှုပ်ကုန်မှာဖြစ်ပါတယ် ။

ဘယ် နိုင်ငံမှ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အခုလို ရေရှည်ကျဆင်းနေတာကို လက်မခံသလို အိမ်ခြံမြေ ပူဖောင်းအဖြစ်လည်း အရောက်မခံကြပါဘူး ၊ အိမ်ခြံမြေ ဈေးကွက် ပြိုလဲမယ် ဆောက်လုပ်ရေးသမားတွေ အကြွေးမဆပ်နိုင်ဘူးဆိုရင် ဘဏ်တွေပါ ပြိုလဲကျသွားနိုင်လို့ ဖြစ်ပါတယ် ၊ ဘဏ်ဆို တာ အများပြည်သူရဲ့ ငွေကြေးနဲ့လည်ပတ်ရတာဖြစ်တဲ့ အတွက်ကြောင့် ဘဏ်တစ်ခု ပြိုလဲပြီဆိုတာနဲ့ ပြည်သူတွေ ကြောက်လန့်ပြီး အခြားဘဏ်တွေကပါ ငွေစုပြုံထုတ်ကြတာကြောင့် ဘဏ်အားလုံးနီးပါး ဒုက္ခရောက်ခဲ့တာ အမေရိကန် ရဲ့ နောက်ဆုံးဖြစ်စဉ်ကို လေ့လာကြည့်ရင်သိမှာဖြစ်ပါတယ် ၊ ဒါကြောင့် အစိုးရ တွေအနေနဲ့ အိမ်ခြံမြေ ဈေးကွက်ကို ဆွဲချတာထက် ပုံမှန်တိုးတက်အောင် ကြိုးစားပြီး ဒုက္ခမရောက်အောင် အသေအလဲကာကွယ်နေတာဖြစ်ပါတယ် ။

အိမ်ခြံမြေ အခွန်အကောက်တိုးမြုင့်ခဲ့တဲ့ ကိစ္စကို အရင်အစိုးရဟောင်းလက်ထက်မှာ စခဲ့တာဖြစ်ပြီး အဲဒိရဲ့ ဒိုမီနို နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဈေးကွက်မှာ ယနေ့အချိန်ထိ ရိုက်ခတ်နေတာဖြစ်ပါတယ် ၊ အမေစု ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေး ၊ စီးပွားရေး ၊ဘာသာရေး နဲ့ အနောက်တံခါး ပြသနာတွေ ကြောင့် အမေ့စုလည်း ပင်ပန်းလှပါတယ် ။ အားနည်းချက်တွေတိုင်းမှာ ထွတ်ပေါက်တွေ ရှိတယ် ဆိုတဲ့ စကားပုံ အတိုင်း လက်ရှိ အစိုးရ ၊ လွှတ်တော်က လည်း ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်နေတဲ့ အပြင် ပြည်သူကပါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် အမေစု ကို ချစ်ခင်အားပေး ထောက်ခံနေတာကြောင့် လုပ်မယ်ကိုင်မယ်ဆိုရင် လွယ်ကူမယ့် အနေအထားရှိပါတယ် ။

စီးပွားရေးလောကမှာ မျက်စိထဲ အမှိုက်ဝင်သလို ဖြစ်နေပြီး ဒုက္ခပေးနေသလိုဖြစ်တဲ့ ပြည်ထောင်စု အခွန်အကောက် ဥပဒေကို ခေတ်နဲ့အညီ အကျိုးရှိပြီး အစိုးရ ၊ စီးပွားရေး လုပ်ငန်းရှင် ၊ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေသာမက ပြည်သူတွေပါ အကျိုးရှိအောင် ပညာရှင်များနဲ့ တိုင်ပင်ပြီး ပြန်လည်ပြင်ဆင်သုံးသပ်ပေးဖို့ သင့်ပါပြီ ၊ လူလတ်တန်းစားတွေ အိမ်ရာဝယ်ယူနိုင်အောင် ချေးငွေ အလွယ်တကူ ချေးငွေရရှိအောင် ၊ အတိုးနှုန်းသက်သာ အောင် လုပ်ဖို့လိုအပ်သလို ၊ အခြေခံလူတန်းစား တွေအတွက်လည်း စားဝတ်နေရေးလည်းအဆင်ပြေပြီး အိမ်ရာ ပိုင်ဆိုင်ခွင့်ရအောင် ၁၉၉၀ ခုနှစ်န၀တ အစိုးရက်ထက် မြိုသစ်တွေကို နေရာချထားပေးသလို စနစ်တကျ နေရာချထားပေးဖို့ မျှော်လင့်မိပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service