ယနေ့ကန်ထရိုက်လောက

ယနေ့ကန်ထရိုက်လောက - Property News in Myanmar from iMyanmarHouse.com
23 Oct 2017 10:23 am တွင် တင်ခဲ့သည်
6736 ကြိမ် ကြည့်ရှု့ပြီး
လွန်ခဲ့သော နှစ်နှစ်မှ သုံးနှစ်တာကာလတွင် ယခင်က ရေပန်းစားခဲ့သော ကန်ထရိုက်တိုက်ဆောက်သည့် ဈေးကွက်ကြီးပျက်ခဲ့ရသည်။

ထိုစဉ်ကကန်ထရိုက်တာအများအပြားမှလိုင်စင်မရှိဘဲအခြားသူထံမှငှားရမ်းလုပ်ကိုင်ကြပြီးသူတို့နိုင်သည့်ငွေ ထက်များစွာ ပိုမိုပြီး တိုက်များဆောက်ကြရာတွင်
ဝယ်လိုအားနည်းပါးသွားသည့်အခါ ငွေမလည်တော့ပဲ ဆောက်လက်စ တိုက်များကို ထားကာထွက်ပြေးသည်အထိ ရှိခဲ့ကြသည်။

ထို့ကြောင့် မိမိမြေပေါ်တွင် တိုက်ဆောက်ရန်ကန်ထရိုက်တာကို လွှဲအပ်ထားသူမြေရှင်အများအပြားဒုက္ခရောက်ခဲ့ကြရသည်။တိုက်ကဆောက်လက်စဖြစ်သဖြင့်ပြန်လည်ရောင်းချ၍လည်းမရ၊မိမိမြေပေါ်တွင်မပြီးသေးသောတိုက်ပေါ်တွင်လည်း ကိုယ်တိုင်တက်နေရန်လည်းမဖြစ်၊မြေကိုလည်းရောင်းမရတော့သဖြင့် မြေပိုင်ရှင်အဖြစ်မှ အိမ်ငှားဖြစ်သွားခဲ့ကြရသည်။မြေရှင်များသာမက တိုက်ဆောက်မပြီးခင် ငွေကြိုပေးပြီး ဝယ်ကြသည့် ကြိုပွိုင့်ဝယ်လက်များလည်း ထိုဂယက်ကြောင့်ထိခိုက်ခဲ့ရသည်။

စနစ်တကျ ဖွံ့ဖြိုးခဲ့ခြင်းမဟုတ်ဘဲ ကျယ်ပြန့်လာခဲ့သည့်အတွက် ပြဿနာအများအပြားနှင့် ဈေးကွက်ပျက်သွားခဲ့ရသော်လည်း ရန်ကုန်သည် အိမ်ခန်းများကို ဆာလောင်နေသောမြို့ ဖြစ်နေတုန်းပင်ဖြစ်သည်။သန်းခေါင်စာရင်းအချက် အလက်အရ ရန်ကုန်တွင် လက်ရှိအိမ်ခန်း တစ်သန်းခွဲကျော်ရှိပြီး တိုးပွားလာမည့်လူဦးရေအတွက်နောက်ထပ်အိမ်ရာ အခန်းပေါင်း တစ်သန်းကျော် လိုအပ်မည် ဖြစ်ကာ အဆိုပါအိမ်ရာလိုအပ်ချက်၏ ၂ဝ ရာခိုင်နှုန်းခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနကစီမံဖြည့်တင်း ပေးနိုင်မည်ဖြစ်ပြီး ကျန်ပမာဏကို ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများ ကသာ ဆောင်ရွက်နိုင်မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနကပြောကြားထားသည်။

ကန်ထရိုက်ဈေးကွက်ပျက် သွားသော်လည်း ထိုသို့ ဈေးကွက်လိုအပ်ချက် ရှိသဖြင့် တစ်နည်းတစ်ဖုံအားဖြင့်ဈေးကွက်မှာ ပြန်လည်အရည် တည်လာနေသည်ဟု ဈေးကွက်ရင်းမြစ်များက ပြောကြသည်။

သို့သော်လည်း အလေ့အထများကတော့ ယခင်နှင့်မတူ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ကန်ထရိုက်တိုက်ဆောက်ရန် အပ်လိုသူများ ယခင်ထက်သိသိသာသာနည်းသွားသလို ဆောက်လုပ်လိုသူများကလည်း မည်သူ့ကိုယုံရမည်ကို မသိသဖြင့် အရပ်ကန်ထရိုက်များထက် လက်ကြီးကုမ္ပဏီများကိုသာ အပ်နှံတော့ကြောင်း ကန်ထရိုက်တာ တစ်ဦးထံမှ သိရသည်။

အစိုးရမှ တင်ဒါခေါ်သည့် ဆောက်လုပ်ရေးစီမံချက်များတွင်ပါ ကန်ထရိုက်အငယ်နှင့် အလတ်များကို ချမပေးတော့ဘဲ ကုမ္ပဏီများကိုသာချပေးတော့သည်ကို တွေ့ရကြောင်း သိရသည်။

ဈေးကွက်ထိခိုက်ပြီးနောက်အိမ်ခန်းဝယ်ယူလိုသူလည်းနည်းပါးသဖြင့် ကန်ထရိုက်တိုက်ဆောက်လုပ်သူများ သည် အခန်းကို အရောင်းထက် အငှားဘက်သို့ပိုမိုဦးစားပေးလာကြသည်ကို သိရသည်။

ထိုသို့သောအခြေအနေများအပြင် ပုဂ္ဂလိကဘဏ်မှ ကြားခံဆောင်ရွက်ပေးသဖြင့် ကြိုပွိုင့်ဝယ်ယူသည့်ပုံစံတစ်မျိုးလည်း အသစ်ဖြစ်ပေါ်လာသည်။ ထိုပုံစံသည် ယခင်က မရှိသလောက်ရှားပါးသော အခြေအနေဖြစ်သည်။

ကြိုပွိုင့်ဝယ်ယူရခြင်းသည် ငွေကိုခွဲပေးရသဖြင့် သက်သောင့်သက်သာရှိ၍ ဝယ်လိုသော်လည်း ကန်ထရိုက်ပြေးမည် စိုးရိမ်သဖြင့် ယခင်က မဝယ်ခဲ့ရကြောင်း၊
သို့သော်လည်း ဘဏ်နှင့်ချိတ်ဆက်ထားသည့် ကန်ထရိုက်တာကုမ္ပဏီတွေ့သဖြင့် ဝယ်ယူဖြစ်ကြောင်း တောင်ဥက္ကလာပတွင် ကျပ်သိန်း ၃၅ဝ တန် တိုက်ခန်းကြိုပွိုင့်ဝယ်ယူထားသည့် တစ်ဦးမှ ပြောသည်။

ကန်ထရိုက်ဈေးကွက်ပျက်ပြီးနောက်နှစ်နှစ်ခန့်အကြာယခုအချိန်အထိထူးထူးခြားခြားပြန်လည်ကောင်းမွန်လာ ခြင်းမရှိသေးကြောင်း၊အစိုးရမှအခြေခံလူတန်းစားဖွံ့ဖြိုးတိုးတက်ရေးအစီအမံများဆောင်ရွက်နိုင်မှသာဈေးကွက်ပြန်လည်ကောင်းလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဠ မှ ပြောကြားခဲ့သည်။

ထို့ပြင် မြို့တော်စည်ပင်က ဆောက်လုပ်ရေးလုပ်ငန်းနှင့်ဆိုင်သော လုပ်ငန်းစဉ်အားလုံး ကိုင်ထားခြင်းကို ဖြေလျှော့ပြီး နိုင်ငံတကာနည်းတူ အင်ဂျင်နီယာအကြံပေးအဖွဲ့၊ဗိသုကာအကြံပေးအဖွဲ့ စသည့် အကြံပေးဘုတ်အဖွဲ့များထားရန် လိုသည်ဟု ၄င်းကဆိုသည်။ ထိုအဖွဲ့များက ဦးဆောင်ခြင်းဖြင့်ဆောက်လုပ်ရေးလုပ်ငန်းများ စံချိန်မီအောင် ထိန်းသိမ်းလာနိုင်မည်ဟုလည်း ပြောသည်။

ကန်ထရိုက်က ဆောက်လက်စတိုက်ကို ရပ်တန့်ကာ ထွက်ပြေးသည့်ဖြစ်ရပ်များ ထပ်မဖြစ်စေရန် ဥပဒေများဖြင့် သေသေချာချာ တင်းကျပ်သင့်ကြောင်း၊
ဘဏ်များက ငွေချေးရာတွင် သေချာစိစစ်ပြီး စည်းကမ်းများဖြင့် ကိုက်ညီသူများကိုသာ ချေးရန် အမြန်ဆုံးလုပ်သင့်ကြောင်းပြောကြားခဲ့ကြောင်းကို သိရသည်။

Credit: Buildersguide

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service