အီဂျစ်တွင် တည်ဆောက်နေသော အုပ်ချုပ်ရေးမြို့တော်သစ်ကြီးအတွင်း ဗဟိုစီးပွားရေးခရိုင်ဇုန်တစ်ခုကို ကန်ဒေါ်လာ ၃ ဘီလီယံ သုံးစွဲဆောက်လုပ်ရန် အီဂျစ်နှင့် တရုတ် သဘောတူလက်မှတ်ရေးထိုး

အီဂျစ်တွင် တည်ဆောက်နေသော အုပ်ချုပ်ရေးမြို့တော်သစ်ကြီးအတွင်း ဗဟိုစီးပွားရေးခရိုင်ဇုန်တစ်ခုကို ကန်ဒေါ်လာ ၃ ဘီလီယံ သုံးစွဲဆောက်လုပ်ရန် အီဂျစ်နှင့် တရုတ် သဘောတူလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
19 Oct 2017 11:39 am တွင် တင်ခဲ့သည်
2879 ကြိမ် ကြည့်ရှု့ပြီး
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်အရှေ့ဘက် ၂၈ မိုင်အကွာတွင် ဆောက်လုပ်လျက်ရှိသည့် အုပ်ချုပ်ရေးမြို့တော်သစ်ကြီးအတွင်း ဗဟိုစီးပွားရေးခရိုင်ဇုန် (CBD) ကို ကန်ဒေါ်လာ ၃ ဘီလီယံခန့် အကုန်အကျခံတည်ဆောက်ရန်အတွက် အီဂျစ်အစိုးရနှင့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီတို့အကြား သဘောတူစာချုပ်အပြီး
သတ်ချုပ်ဆိုခဲ့ကြသည်။

တရုတ်အစိုးရပိုင် China State Construction Engineering Corporation (CSCEC) ကုမ္ပဏီနှင့် အီဂျစ်အိုးအိမ်ဝန်ကြီးဌာနတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါလက်မှတ်ရေးထိုးမှုတွင် CSCEC ဒုတိယဥက္ကဌ ကျန်းဇူရှန်းနှင့် အီဂျစ်အိုးအိမ်ဝန်ကြီး မိုစတာဖာ မက်ဘိုလီတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းအခမ်းအနားသို့ အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီနှင့် အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆောင်းအီဂိုတို့လည်း တက်ရောက်ခဲ့ကြသည်။

ဗဟိုစီးပွားရေးခရိုင်ဇုန် (CBD) အတွင်း ၃၄၅ မီတာ (၁၁၃၁ ဒသမ ၈၉ ပေ) အမြင့်ရှိ မိုးမျှော်တိုက်ကြီးတစ်လုံးလည်း ပါဝင်မည်ဖြစ်ကာ အာဖရိကတိုက်တွင် အမြင့်မားဆုံး အဆောက်အအုံကြီးဖြစ်လာမည် ဖြစ်သည်။

စီးပွားရေးဆိုင်ရာ အဆောက်အအုံ ၁၂ လုံး၊ လူနေအဆောက်အအုံ ၅ လုံးနှင့် ဟိုတယ် ၂ လုံး ပါဝင်မည် ဖြစ်သည်။
စီမံကိန်းတစ်ခုလုံးကို ၄၃ လ ( ၃ နှစ်ခွဲကျော်) အတွင်း အပြီးသတ်ဆောက်လုပ်သွားရန် ရည်မှန်းထားသည်။

ယခုစီမံကိန်း ကနဦးသဘောတူလက်မှတ်ရေးထိုးမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြိး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အီဂျစ်နိုင်ငံသို့ ရှီကျင့်ဖျင်၏ အလည်အပတ်ခရီးစဉ်အတွင်းတွင် ဖြစ်သည်။

ယခုစီမံကိန်းမှာ တရုတ်ပြည်၏ ခါးပတ်နှင့်လမ်းမခြေလှမ်းတွင် တရုတ်-အီဂျစ်ပူးပေါင်းဆောင်ရွက်မှု၏ အခန်းကဏ္ဍ တစ်စိတ်တစ်ပိုင်း လည်း ဖြစ်သည်။
ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း တရုတ်-အီဂျစ် သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၆၀ ပြည့်ခဲ့ပြီး တရုတ်-အီဂျစ်ယဉ်ကျေးမှုနှစ်အဖြစ် သတ်မှတ်ခဲ့ကြသည်။

အီဂျစ်တွင် အုပ်ချုပ်ရေးမြို့တော်သစ် ဆောက်လုပ်ရေးလုပ်ငန်းမှာ အမျိုးသားမဟာစီမံကိန်းကြီးတစ်ခုဖြစ်ပြီး စတုရန်းကီလိုမီတာ ၇၀၀ အထိ ချဲ့ထွင်သွားရန် ရည်ရွယ်ထားသည်။

တရုတ်သမ္မတ၏ ဖိတ်ကြားချက်အရ အီဂျစ်သမ္မတစီစီသည် ယခုနှစ်စက်တင်ဘာအစောပိုင်းတွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ပါဝင်သည့် BRICS အဖွဲ့၏ နဝမအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သေးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အီဂျစ်တွင် တည်ဆောက်နေသော အုပ်ချုပ်ရေးမြို့တော်သစ်ကြီးအတွင်း ဗဟိုစီးပွားရေးခရိုင်ဇုန်တစ်ခုကို ကန်ဒေါ်လာ ၃ ဘီလီယံ သုံးစွဲဆောက်လုပ်ရန် အီဂျစ်နှင့် တရုတ် သဘောတူလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service