ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ်တို့ နယူးယောက်တွင် တိုက်ခန်းလိုက်ရှာလျက်ရှိ

ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ်တို့ နယူးယောက်တွင် တိုက်ခန်းလိုက်ရှာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
19 Oct 2017 11:19 am တွင် တင်ခဲ့သည်
3010 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်သရုပ်ဆောင်၊ အဆိုတော် ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ် ရိုဒရီဂွက်ဇ်တို့သည် နယူးယောက်မြို့တော်တွင် တိုက်ခန်းလိုက်ရှာလျက်
ရှိသည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။

ဂျနီဖာလိုပက်ဇ်သည် ၂၀၁၄ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ မာ့ခ်အန်သိုနီနှင့် ကွာရှင်းပြတ်စဲခဲ့ပြီး ဖြစ်သည်။ဂျေလို၏ ချစ်သူသစ် အဲလက်စ်ရိုဒရီဂွက်ဇ်မှာလည်း ယခုနှစ် ဖေဖော်ဝါရီလအတွင်း သူ၏ချစ်သူ အန်နီ ဝေါ့ဆစ်စ်ကီနှင့် လမ်းခွဲခဲ့သူ
ဖြစ်သည်။

အန်နီနှင့် လမ်းခွဲပြီးနောက် ဂျေလိုနှင့် ချစ်ကြိုက်ခဲ့ခြင်းဖြစ်သည်။
အဲလက်စ်၏ ချစ်သူဟောင်း အန်နီသည် Google ကို ပူးတွဲတည်ထောင်သူ ဆာဂေးဘရင်း၏ ဇနီးဟောင်းလည်း ဖြစ်သည်။

နေအိမ်ခန်းရှာဖွေလျက်ရှိသည့်နေရာမှာ နယူးယောက်တွင် အမြင့်မားဆုံးအဆောက်အအုံကြီးဖြစ်သော အမှတ် ၄၃၂၊ ပန်းခြံရိပ်သာလမ်းရှိ မိုးမျှော်တိုက်ကြီးတွင် ဖြစ်သည်။

အဆိုပါ အဆောက်အအုံသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး လူနေအဆောက်အအုံဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင်မှ ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်ကာ ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ ကုန်ကျခဲ့သည်။
အမြင့်ပေ ၁၃၉၆ မြင့်မားပြီး အထပ်ပေါင်း ၉၆ ထပ်ရှိကာ ကွန်ဒိုခန်းပေါင်း ၁၀၄ ခန်းပါဝင်သည်။

အိမ်ခြံမြေအကျိုးဆောင်တစ်ဦး၏ ပြောကြားချက်အရ ဂျနီဖာလိုပက်ဇ်နှင့် အဲလက်စ်တို့သည် ယင်းမိုးမျှော်တိုက်ကြီးသို့ လေးကြိမ်တိုက် လာရောက်ကာ နေအိမ်ခန်းရှာဖွေခဲ့သည်ဟု ဆိုသည်။

အခြားအိမ်ခြံမြေအကျိုးဆောင်တစ်ဦး၏ ပြောကြားချက်အရ ဂျေလိုတို့ စုံတွဲသည် အိပ်ခန်း ၄ ခန်းပါသည့် အထပ်မြင့်အခန်းတစ်ခန်းကို ကြည့်ရှုသွားခဲ့သည်ဟု ဆိုသည်။

ဂျနီဖာလိုပက်ဇ်သည် လွန်ခဲ့သည့် ၁၀ ရက်ခန့်က မန်ဟက်တန်ရှိ Penthouse ခန်းကို ကန်ဒေါ်လာ ၂၆ ဒသမ ၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီးနောက် ပန်းခြံလမ်းတွင် နေအိမ်ခန်းရှာဖွေလာခြင်း ဖြစ်သည်။
(မှတ်ချက်။ မန်ဟက်တန်အခန်း အရောင်းဈေးကွက်တင်သည့်သတင်းကို iMyanmarHouse.com တွင် တင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/673067 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

ဂျနီဖာလိုပက်ဇ်တို့စုံတွဲ ဝယ်ယူဖွယ်ရှိသည့်အခန်းများမှာ ၅၆ ထပ်မြောက်ရှိ အိပ်ခန်း ၄ ခန်းပါ အငှားခန်းတစ်ခန်း (တစ်လလျှင် ကန်ဒေါ်လာ ၆၉၅၀၀) ၊ ၈၇ ထပ်ရှိ အိပ်ခန်း ၃ ခန်းပါအခန်း (ကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းဈေးခေါ်ထား) ၊ ၉၅ ထပ်မြောက်ရှိ အိပ်ခန်း ၆ ခန်းပါ penthouse ခန်း (ကန်ဒေါ်လာ ၈၂ သန်း ဈေးခေါ်ထား) တို့ ဖြစ်ကြသည်။

(အချက်အလက်များ)
တည်နေရာ- ၄၃၂ ပန်းခြံရိပ်သာလမ်း၊ အရှေ့ ၅၆ လမ်းနှင့် အရှေ့ ၅၇ လမ်းကြား
အမျိုးအစား- ကွန်ဒို
ဆောက်လုပ်ပြီးစီးမှု - ၂၀၁၅ ခုနှစ်
အထပ်ပေါင်း- ၉၆ ထပ်
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့အချက်အလက်များအရ ဝယ်ယူရရှိနိုင်သည့်အခန်းများနှင့် ဈေးနှုန်းများ
အိပ်ခန်း ၁ ခန်းပါ- ဈေးနှုန်း ကန်ဒေါ်လာ ၁၉၉၉၀၀၀ ( ၁ ခန်း)
အိပ်ခန်း ၂ ခန်းပါ- ဈေးနှုန်း ကန်ဒေါ်လာ ၆၆၀၀၀၀၀ ( ၁ ခန်း)
အိပ်ခန်း ၃ ခန်းပါ- ဈေးနှုန်း ကန်ဒေါ်လာ ၁၀၄၉၅၀၀၀ ( ၁၄ ခန်း)
အိပ်ခန်း ၆ ခန်းပါ- ဈေးနှုန်း ကန်ဒေါ်လာ ၈၂၀၀၀၀၀၀ ( ၁ ခန်း)

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ်တို့ နယူးယောက်တွင် တိုက်ခန်းလိုက်ရှာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ်တို့ နယူးယောက်တွင် တိုက်ခန်းလိုက်ရှာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ်တို့ နယူးယောက်တွင် တိုက်ခန်းလိုက်ရှာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ်တို့ နယူးယောက်တွင် တိုက်ခန်းလိုက်ရှာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူသစ် အဲလက်စ်တို့ နယူးယောက်တွင် တိုက်ခန်းလိုက်ရှာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service