Hotel Fjord (ဟိုတယ် ဖျော့ဒ်)

Hotel Fjord (ဟိုတယ် ဖျော့ဒ်) - Property News in Myanmar from iMyanmarHouse.com
19 Oct 2017 10:49 am တွင် တင်ခဲ့သည်
5392 ကြိမ် ကြည့်ရှု့ပြီး
ဟိုတယ်ဖျော့ဒ်သည် တစ်ခေတ် တစ်ခါကမူ ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင်တို့၏အသည်းစွဲဖြစ်ခဲ့ဖူးပြီး မိမိတို့၏ ချစ်သူများ၊ မိသားစုများနှင့် လာရောက်အပန်း ဖြေရာ၊ မြေထဲပင်လယ်ဒေသ၏ နွေးထွေးသော နေစာကို လာရောက်ခို
လှုံကြရာ ဒေသ ဖြစ်ခဲ့ဖူးသည်။

မာရီလင်မွန်ရိုး၊ ဆိုဖီယာ လော ရင့်စ်၊ ရစ်ချတ်ဘာတန်နှင့် အဲလစ်ဇဘက် တေလာတို့ကဲ့သို့ ဒိတ်ဒိတ်ကြဲ အကျော်အမော်များကို မွန်တီနီဂရိုးရှိ အဆိုပါ ကမ်းရိုးတန်းဒေသတွင် မကြာခဏ တွေ့ခဲ့ ရလေ့ရှိသည်။

ယင်းကာလများကို ယူဂိုဆလား ဗီးယားနှင့် ကိုတာပင်လယ်ကွေ့ဒေသတို့ ၏ ရွှေခေတ်ဟုလည်း ဆိုနိုင်သည်။

ယနေ့တိုင်လည်း ကိုတာပင်လယ် ကွေ့သို့ ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်လျက်ရှိဆဲဖြစ်သည်ကို တွေ့နေရဆဲပင်။သို့စေကာမူ မာရီလင်မွန်ရိုးတို့
ခေတ်ကကဲ့သို့ ရွှေအတိပြီးသောနေ့ရက် များ မဟုတ်တော့။

ကိုတာပင်လယ်ကွေ့၏ ရင်နှစ်သည်းချာသဖွယ်ဖြစ်သော ဟိုတယ်ဖျော့ဒ် မှာ ယနေ့တွင် သုဿန်တစပြင်သဖွယ် လူသူကင်းမဲ့လျက်ရှိနေလေပြီ။

Fjord ဟူသော အမည်တွင်ပုံမှာ ရိုးစင်း၏ ။ Fjord ၏ အဓိပ္ပာယ်မှာ ပင်လယ် ကွေ့ဖြစ်ပြီး အဆိုပါဝေါဟာရကို နော်ဝေ နိုင်ငံက စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ဟိုတယ်မျက်နှာမူရာ ပင်လယ် ကွေ့ကို အစွဲပြု၍ ထိုအမည်ကို ပေးခဲ့ခြင်း
ဖြစ်သည်ဟု ဆိုသည်။

ကြယ်ငါးပွင့်အဆင့်ရှိ ယင်း ဟိုတယ်ကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်မှာ ဘော့စနီးယားလူမျိုး၊ ယူဂိုဆလားဗီးယား နိုင်ငံသား ဗိသုကာပညာရှင် ဇလက်ကို ယူဂယ်ဂျန် ဖြစ်သည်။

ယူဂိုဆလပ်စစ်မီးကြီး မတောက် လောင်မီ နှစ်အနည်းငယ်လိုတွင် ဟိုတယ် ဖျော့ဒ်၏ အခြေအနေကို ကြည့်မည်ဆိုပါ က အခန်းပေါင်း ၁၅၅ ခန်း Suites ၄ ခန်း၊ စားသောက်ဆိုင်နှင့် အရက်ဘား များစွာ ၊ တင်းနစ်ကွင်းများ၊ ရေကူးကန် တစ်ခုနှင့် ကွန်ဖရင့်စင်တာတစ်ခု ရှိခဲ့သည်။

ကမ္ဘာကို ကိုင်လှုပ်ခဲ့သော ယူဂိုဆလပ်စစ်မီးသည် ကိုတာမြို့ ကလေးသို့ ရောက်ရှိလာခဲ့ခြင်း မရှိသော်လည်း တိုင်း ပြည်ရင်ဆိုင်ရသော နိုင်ငံရေးနှင့် စီးပွား ရေးအခြေအနေဆိုးတို့၏ ဘေးမှ ဟိုတယ် ဖျော့ဒ် ပြေးမလွတ်နိုင်ခဲ့။

စစ်ကြီးကြောင့် တိုင်းပြည်စီးပွား ရေးထိုးဆင်းသွား၏။ သို့ရာတွင် ဟိုတယ် ဖျော့ဒ်ကို ၂၀၀၅ ခုနှစ်အထိ တရားဝင် ဆက်လက်ဖွင့်လှစ်ထားခဲ့သေးသည်။
မွန်တီနီဂရိုးသည် အပြည့်အ၀ လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ပေါ် ပေါက်မလာမီ တစ်နှစ်အလိုလည်း ဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် ခေတ်မီအဆင့်မြှင့်တင် ရေး စီမံကိန်းများ ဖော်ဆောင်လာသည်။
အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တွင် ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အပေါ် အလေးထားသော်လည်း ရင်းနှီး မြှုပ်နှံသူအသစ်များသည် အပန်းဖြေစခန်း ကဏ္ဍအပေါ်တွင်သာ အာရုံစိုက်ခဲ့ကြပြီး ဟိုတယ်ဖျော့ဒ်ကို လစ်လျူရှုထားလိုက် ကြ၏။ ပြန်လည်မွမ်းမံရန် စီမံကိန်းတစုံ တရာ မရှိခဲ့။

စစ်အတွင်းနှင့် စစ်ပြီးကာလ တစ်လျှောက်လုံး ဖွင့်လှစ်ထားခဲ့သည်ဆို သော်လည်း အဆင့်မြှင့်မွမ်းမံမှုများ ပြု လုပ်ခြင်းမရှိတော့သောကြောင့် ခေတ်သစ် မြို့ပြနှင့် လိုက်လျောညီထွေဖြစ်မည့် ပရိ ဘောဂနှင့် အခြားအလှဆင်မှုများ
မရှိတော့ ချေ။

ယင်းနောက်ပိုင်း အနီးဝန်းကျင် တွင် အပန်းဖြေစခန်းများစွာ ဖွင့်လှစ်လာခဲ့ ရာ ယူဂိုဆလားဗီးယားဗိသုကာ၏ ရတနာ တစ်ပါးဖြစ်သော ဟိုတယ် ဖျော့ဒ်သည် ရွှေထီးဆောင်းကာလများကို အမှတ်ရ စေမည့် ပြယုဂ်အဖြစ်သာ ရပ်တည်လျက် ရှိနေတော့သည်။

ထူးခြားချက်မှာ ၀န်းကျင်တစ်ခွင်ရှိ အခြားစွန့်ပစ်အဆောက်အအုံများကဲ့သို့ ဆိုးဆိုးရွားရွားပျက်စီးခြင်း၊ဖျက်ဆီးခံထား ရခြင်းမျိုးမရှိ။

ထိုအခြေအနေကောင်းကြောင့် ဟိုတယ် ဖျော့ဒ်ကို ပြန်လည်ပြုပြင်မွမ်းမံ ဖွယ်ရှိလာ မည်လောဟူသည့် မှန်းဆမျှော် လင့်မှုများ ပေါ်ပေါက်သည်။

၂၀၁၃ ခုနှစ်တွင်မူ ဟိုတယ် ဖျော့ဒ်ကို ပြန်လည်ပြုပြင်နိုင်လုနီးပါး အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။
လက်ရှိပိုင်ရှင် အိုင်ယာလန်လုပ်ငန်းရှင် က ဟိုတယ်ဖျော့ဒ်ကို ဇိမ်ခံဟိုတယ်တစ် လုံးအဖြစ် ပြန်လည်ပြုပြင်သွားမည်ဟု ကြေညာလိုက်သည်။

သို့ရာတွင် ပြန်လည်ပြုပြင်မှု စီမံကိန်းမစမီ အဆိုပါ လုပ်ငန်းရှင်မှာ ရာဇ၀တ်မှုစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရရာ စီမံကိန်းလည်း အကောင်အထည်မဖော် ဖြစ်ဘဲ ရပ်ဆိုင်းသွားခဲ့သည်။

ယနေ့အခါတွင်မူ ပြန်လည်ပြုပြင် မွမ်းမံခွင့်လည်းမရှိ၊ ဖျက်သိမ်းခွင့်လည်း မရှိသော အဆောက်အအုံပျက်ကြီးတစ် လုံးအဖြစ် လူသူကင်းမဲ့လျက်ရှိနေလေရာ တစ်ခေတ်တစ်ခါက ဟောလိဝုဒ်အကျော် အမော်တို့ ခြေချခဲ့ရာနေရာကြီးမှာ
မမြဲခြင်း တရားကို ပြသလျက်ရှိနေတော့သည်။

အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
Hotel Fjord (ဟိုတယ် ဖျော့ဒ်) - Property News in Myanmar from iMyanmarHouse.com
Hotel Fjord (ဟိုတယ် ဖျော့ဒ်) - Property News in Myanmar from iMyanmarHouse.com
Hotel Fjord (ဟိုတယ် ဖျော့ဒ်) - Property News in Myanmar from iMyanmarHouse.com
Hotel Fjord (ဟိုတယ် ဖျော့ဒ်) - Property News in Myanmar from iMyanmarHouse.com
Hotel Fjord (ဟိုတယ် ဖျော့ဒ်) - Property News in Myanmar from iMyanmarHouse.com
Hotel Fjord (ဟိုတယ် ဖျော့ဒ်) - Property News in Myanmar from iMyanmarHouse.com
Hotel Fjord (ဟိုတယ် ဖျော့ဒ်) - Property News in Myanmar from iMyanmarHouse.com
Hotel Fjord (ဟိုတယ် ဖျော့ဒ်) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service