လကမ္ဘာ၊ အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်များပေါ်တွင် မြေ ၁၀ ဧကလျှင် ၁၉၉ ပေါင် (မြန်မာကျပ်ငွေ သုံးသိန်းခွဲကျော်) ဖြင့် ဝယ်ယူနိုင်

လကမ္ဘာ၊ အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်များပေါ်တွင် မြေ ၁၀ ဧကလျှင် ၁၉၉ ပေါင် (မြန်မာကျပ်ငွေ သုံးသိန်းခွဲကျော်) ဖြင့် ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
18 Oct 2017 12:30 pm တွင် တင်ခဲ့သည်
4442 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်အခြေစိုက် Moonestates ကုမ္ပဏီက အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်များပေါ်ရှိ မြေကွက်များကို ရောင်းချပေးလျက်ရှိကြောင်း ယင်းကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းသို့ရောင်းချလျက်ရှိရာတွင် VIP package အဖြစ် မြေ ၁၀ ဧကလျှင် ၁၈၈ ပေါင် (မြန်မာကျပ်ငွေ ၃၃၉၆၇၂ ကျပ် / အောက်တိုဘာလ ၁၆ ရက်ငွေလဲနှုန်းအရ) ဖြင့် ဝယ်ယူနိုင်သည်ဟု ဆိုသည်။

ကမ္ဘာ့အပြင်ဘက်တွင် ငွေအနည်းငယ်မျှဖြင့် မြေ ၁၀ ဧက ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။

ကမ္ဘာကျော် ဘောလိဝုဒ်သရုပ်ဆောင် ရှာရွတ်ခန်သည်ပင် Moonestates ကုမ္ပဏီထံမှတစ်ဆင့် လကမ္ဘာတွင် မြေကွက်များစွာ ဝယ်ယူထားသည်ဟု ဆိုသည်။
(မှတ်ချက်။ လကမ္ဘာတွင် ရှာရွတ်ခန် မြေကွက်များ ဝယ်ယူထားသည့်သတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/674786
အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)အပြီးသတ်ဝယ်ယူမှုကိစ္စရပ်များ ပြီးစီးအောင်ဆောင်ရွက်ရန် ၅ ရက်ခန့် ကြာမြင့်နိုင်သည်။

မြေ ၁၀ ဧကဝယ်ယူရန် စာရင်းပေးသွင်းမည်ဆိုပါက အောက်ဖော်ပြပါအချက်များကို ကုမ္ပဏီထံမှ ရရှိမည် ဖြစ်သည်။
(က) လကမ္ဘာ၊ အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်တို့တွင် သင့်မြေကွက် မည်သည့်နေရာတွင်ရှိသည်ဆိုခြင်းကို ပြသမည့် မြေပုံတစ်ခု
(ခ) လကမ္ဘာ၏ ဖွဲ့စည်းပုံဥပဒေနှင့် သင်၏အခွင့်အရေးများကို အသေးစိတ်ညွှန်ပြထားသည့် ဥပဒေအချက်အလက်များ
(ဂ) ပိုင်ဆိုင်မှုမြွက်ဟကြေညာချက်စာရွက်စာတမ်း၊ (အဆိုပါ စာရွက်စာတမ်းသည် အမေရိကန်နှင့်ရုရှား အစိုးရများထံ တင်သွင်းထားပြီး ဖြစ်သည့် စာရွက်စာတမ်းများဖြစ်သည့်အပြင် ၁၉၈၀ ပြည့်နှစ်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့လည်း တင်သွင်းခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။)
(ဃ) တွင်းထွက်ပစ္စည်းများ ပိုင်ဆိုင်ခွင့်ဆိုင်ရာ အချက်အလက်များ အသေးစိတ်ဖော်ပြထားသည့် စာရွက်စာတမ်း
(င) မြေကွက်ဝယ်ယူမှုဆိုင်ရာ မှတ်ပုံတင်ဖောင်စာရွက်
လကမ္ဘာနှင့် အခြားဂြိုဟ်များပေါ်မှ မြေကွက်များ ရောင်းချပေးလျက်ရှိသည့် MoonEstates.com Ltd သည် အင်္ဂလန်နိုင်ငံ တောင်ဘက်စွန်းရှိ ထရူရိုမြို့ အခြေစိုက် ဖြစ်သည်။

အဆိုပါကုမ္ပဏီသို့ စာရေးသားဆက်သွယ်လိုပါက MoonEstates.com Ltd, PO Box 737,St Agnes,TR1 9HA, UK လိပ်မူကာ ဆက်သွယ်နိုင်ပါသည်။
ဗြိတိန်နိုင်ငံအတွင်းမှ ဝယ်လက်များအနေဖြင့် စာရွက်စာတမ်းများ ပို့ဆောင်ခ ၆ ဒသမ ၉၅ ပေါင် ကျခံရမည်ဖြစ်ပြီး နိုင်ငံတကာသို့ ပို့ဆောင်ခ ၁၁ ဒသမ ၉၅ ပေါင် (မြန်မာငွေ ၁၆၂၄၉ ကျပ်)သတ်မှတ်ထားသည်။

မြေကွက်တန်ဖိုး ၁၈၈ ပေါင် = ၂၅၀ ဒေါ်လာ (၃၃၉၆၇၂ ကျပ်)
နိုင်ငံတကာသို့ စာရွက်စာတမ်းပို့ခ ပါဝင်အပြီး ကျသင့်ငွေ ၁၉၉ ပေါင် = ၂၆၅.၈ ဒေါ်လာ (၃၆၁၂၅၄ ကျပ်)

အဆိုပါဈေးနှုန်းမှာ မြင့်တက်သွားသည့် နှုန်းထားများဖြစ်ပြီး ယခင်ကမူ မြေ ၁၀ ဧကကို ၉၄ ပေါင် (မြန်မာကျပ်ငွေ ၁၆၉၀၄၂ ခန့်) ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လကမ္ဘာ၊ အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်များပေါ်တွင် မြေ ၁၀ ဧကလျှင် ၁၉၉ ပေါင် (မြန်မာကျပ်ငွေ သုံးသိန်းခွဲကျော်) ဖြင့် ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
လကမ္ဘာ၊ အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်များပေါ်တွင် မြေ ၁၀ ဧကလျှင် ၁၉၉ ပေါင် (မြန်မာကျပ်ငွေ သုံးသိန်းခွဲကျော်) ဖြင့် ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service