ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကာလ ဟိုတယ်နှင့် တည်းခိုခန် ငှားရမ်းခ ဈေးနှုန်းမြင့်တက်မှုအား ထိန်းချုပ်နိုင်ရန် မလွယ်ကူ ဟုဆို

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကာလ ဟိုတယ်နှင့် တည်းခိုခန် ငှားရမ်းခ ဈေးနှုန်းမြင့်တက်မှုအား ထိန်းချုပ်နိုင်ရန် မလွယ်ကူ ဟုဆို - Property News in Myanmar from iMyanmarHouse.com
17 Oct 2017 10:47 am တွင် တင်ခဲ့သည်
3960 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရားကြီးတန် ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလတွင် လာရောက်လည်ပတ်သူပိုမိုများပြားနေခြင်းကြောင့် ဟိုတယ်နှင့် တည်းခိုခန်းများ၏ရှိနေသည့်အရေအတွက်ထက် ငှားရမ်းလိုမှုက ပိုမိုများပြားနေသောကြောင့် ငှားရမ်းခဈေးနှုန်းမြင့်တက်မှုအားထိန်းချုပ်နိုင်ရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပြင်ဦးလွန်ဇုန်)မှ သိရသည်။

''ပြင်ဦးလွင်က ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာရှိတဲ့အခန်းစုစုပေါင်းထက်လာလည်တဲ့လူက အဆ ၁ဝဝ လောက်ရှိလို့ပါ။ ဝယ်လိုအားက တအားများတော့ ဈေးတက်ရတာပါ။ နှစ်စဉ်အဖိတ်နေ့နဲ့ လပြည့်နေ့နှစ်ရက်က လူပြည့်တော့ နှစ်စဉ်အဲဒီ နှစ်ရက်က နှစ်ဆဈေးမြင့်တက်နေကျပါ။ ဈေးနှုန်းထိန်းချုပ်နိုင်ဖို့ မလွယ်ကူဘူး။ မိုးတွင်းဧည့်ပါး တော့လည်း ဈေးချရတာပါပဲ''ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်) အတွင်းရေးမှူး ဦးဝေဠုကပြောသည်။

ပြင်ဦးလွင်မြို့တွင် ဟိုတယ် ၅ဝ ကျော်၊ တည်းခိုခန်းနှင့်မိုတယ် ၁ဝဝ ကျော်၌ အခန်းပေါင်း ၃ဝဝဝ ခန့်ရှိပြီး တည်းခိုခန်းနှင့်ဟိုတယ်များ၏ ဝန်ဆောင်မှုနှင့်နေရာအလိုက် တစ်ရက်လျှင် အခန်း တစ်ခန်းငှားရမ်းခမှာ ကျပ်ငါးထောင်မှ ကျပ်တစ်သိန်းကျော်အထိဈေးရှိသည်။

''လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ဟိုတယ် နဲ့ တည်းခိုခန်းတွေကို ဖုန်းဆက်စုံစမ်းနေကြပြီး နှစ်တိုင်းလာနေကြသူတွေက နှစ်စဉ်ဘဏ်ကနေ ငွေလွှဲပြီးအခန်းကြိုတင်ယူထားတာတွေရှိပါတယ်''ဟု ဦးဝေဠုက ဆက်လက်ပြောကြားသည်။ ယခုနှစ်တွင် အဖိတ်နေ့နှင့် လပြည့်နေ့သည် ကြာသပတေးနေ့နှင့်
သောကြာနေ့ဖြစ်သဖြင့် စနေ၊ တနင်္ဂနွေပိတ်ရက်များနှင့် ဆက်နေသည့်အတွက် ယခုနှစ်တွင်ပိုစည်နိုင်ပြီး သီတင်းကျွတ်ကာလက လည်း ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့်တည်းခိုခန်း တချို့တွင် ဈေးနှုန်းအပြောင်းအလဲရှိခဲ့ကြောင်း သိရသည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service