မန္တလေးတိုင်းဒေသရှိမြို့သာစီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဆက်လက်ဖိတ်ခေါ်သွားမည်

မန္တလေးတိုင်းဒေသရှိမြို့သာစီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဆက်လက်ဖိတ်ခေါ်သွားမည် - Property News in Myanmar from iMyanmarHouse.com
16 Oct 2017 11:09 am တွင် တင်ခဲ့သည်
4080 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ငါးဇွန်မြို့နယ်အတွင်းအကောင်အ
ထည်ဖော်လျက်ရှိသော စက်မှုဥယျာဉ်(မြို့သာ)စီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို
အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ သိရသည်။

စီမံကိန်းများ၏အားသာချက်၊အားနည်းချက်နှင့်အကျိုးကျေးဇူးရလဒ်များဖြစ်ပေါ်
စေနိုင်သည်ဆိုသည်ကို အတည်ပြုပြီးဖြစ်သလိုလက်တွဲဆောင်ရွက်နေသောကုမ္ပဏီ၏ ထုတ်ပြန်မှုများသည် ပွင့်လင်းမြင်သာမှုရှိခြင်းကိုတွေ့ရပါသည်။

ထို့ကြောင့်ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြပြီး စီမံကိန်းအကြောင်းကို နိုင်ငံတကာမှ ပိုမိုသိရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံများရှိရန် ဆောင်ရွက်ပေးခဲ့သည်။

ယခုချိန်တွင် နိုင်ငံခြားကုမ္ပဏီများ၏စက်ရုံငါးရုံလည်ပတ်နေပြီးထပ်မံတည်ဆောက်နေသောစက်ရုံများရှိသလို တရုတ်နိုင်ငံမှကုမ္ပဏီတစ်ခုမှလည်း စက်မှုဥယျာဉ်အတွင်းမှ ဧက ၅ဝကိုငှားရမ်းပြီး စက်ရုံတစ်ရုံကိုလာမည့် ရှစ်လအတွင်း
အပြီးတည်ဆောက်ရန်လုပ်ဆောင်နေကြောင်းသိရသည်။

ဒေသခံများအတွက်လည်းအလုပ်အကိုင်အခွင့်အလမ်းများ တစ်ခုပြီးတစ်ခုဆက်တိုက်ပေါ်ထွက်လာနိုင်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ
ပြောကြားခဲ့သည်။

ယခုတွင် အမည်ပေါက်နေရာများအနက် နစ်နာကြေးအဖြစ် တစ်ဧကလျှင်ကျပ်သိန်း၂ဝထုတ်ပေးမှု ၉ဝရာခိုင်နှုန်းကျော်အထိပြီးစီးနေပြီး အမည်မပေါက်နေရာများအတွက်ကရုဏာကြေးအဖြစ်တစ်ဧကလျှင်ကျပ်ငါးသိန်းထုတ်ပေးမှုမှာ ၈ဝရာခိုင်နှုန်းအထိပြီးစီးပြီဖြစ်ကြောင်း၊စီမံကိန်းအနီးတွင်မြေကွက်များကိုထပ်မံချထားပေးကာ အိမ်ဆောက်လုပ်ခွင့်လက်မှတ်များကိုလည်း
ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

လုပ်ငန်းစဉ်အဆင့်အတိုင်းစီမံကိန်းကို နိုင်ငံတကာအဆင့်မီဖြစ်ရန်ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
လာမည့်နိုဝင်ဘာလအတွင်းနိုင်ငံတကာအဆင့်မီဂေါက်ကွင်းစတင်ဖွင့်လှစ်ရန်ပြင်ဆင်နေပြီးလာရောက်ကစား သောပြည်တွင်းပြည်ပခရီးသည်များအနားယူနိုင်မည့် အိမ်ရာများကိုဆက်လက်တည်ဆောက်သွားမည်ဖြစ် ကြောင်းသိရသည်။

စီမံကိန်းအား ၂ဝ၁၂ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့်သုံးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပါဝင်သည့် စက်ရုံ၂ဝဝန်းကျင်အထိလည်ပတ်နိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။

Credit: Democracy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service