ဟောင်ကောင် ပင်လယ်ကမ်းခြေတွင် အကောင်အထည်ဖော်နေသော office tower စီမံကိန်းတစ်ခုကို ပြည်မကြီး developer က ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူ

ဟောင်ကောင် ပင်လယ်ကမ်းခြေတွင် အကောင်အထည်ဖော်နေသော office tower စီမံကိန်းတစ်ခုကို ပြည်မကြီး developer က ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
16 Oct 2017 11:03 am တွင် တင်ခဲ့သည်
3237 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်အခြေစိုက် Conglomerate ကုမ္ပဏီတစ်ခုဖြစ်သော Wharf Group သည် ဟောင်ကောင် ပင်လယ်ကမ်းခြေတွင် အကောင်အထည်ဖော်နေသော office tower စီမံကိန်းတစ်ခုကို ပြည်မကြီး developer သို့ ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

ဟောင်ကောင်ရှိ ကွမ်တုံခရိုင်တွင် တည်ရှိသည့် 8 Bay East အမည်ရှိ စီမံကိန်းကို ပြည်မကြီး developer ဖြစ်သော LVGEM ထံသို့ ဟောင်ကောင်ဒေါ်လာ ၉ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ဖြင့် ရောင်းချလိုက်ခြင်းဖြစ်သည်။
ယခုအရောင်းအဝယ်သည် ၂၀၁၇ ခုနှစ်အတွင်း အာရှတိုက်တွင် အကြီးမားဆုံး
အိမ်ခြံမြေအရောင်းအဝယ်များတွင် တစ်ခုအပါအဝင် ဖြစ်လာသည်။

LVGEM သည် ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုဆောက်လုပ်ဆဲစီမံကိန်းအတွက် တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၅၀၉၅ (ကန်ဒေါ်လာ ၁၉၃၆) ပေးကာ ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံတစ်ခုအတွက် တစ်စတုရန်းပေပေါက်ဈေးအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
ဟောင်ကောင်တွင် ယခုနှစ်အတွင်း ဒုတိယမြောက်တန်ဖိုးအကြီးမားဆုံး အရောင်းအဝယ်လည်း ဖြစ်သည်။

ယခုနှစ် မေလအတွင်း ဟောင်ကောင်ရှိ Murray Road ကားရပ်နားရန်နေရာကို ဟောင်ကောင်ဒေါ်လာ ၂၃ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ ၃ ဘီလီယံ) ဖြင့် ဝယ်ယူလိုက်ခြင်းမှာ ယခုနှစ်အတွင်း တန်ဖိုးအကြီးဆုံးအဖြစ် စံချိန်တင်ထားသည်။

ဟောင်ကောင်ရှိ Laws Group ကလည်း အိုမင်းဟောင်းနွမ်းနေပြီဖြစ်သော စက်မှုဇုန်အဆောက်အအုံတစ်ခုကို ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံအဖြစ် ပြန်လည်မွမ်းမံဆောက်လုပ်ရန်ရည်ရွယ်ကာ ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံ (ကန်ဒေါ်လာ ၁၇၈ ဒသမ ၁ သန်း) ဖြင့် ဝယ်ယူခဲ့သေးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင် ပင်လယ်ကမ်းခြေတွင် အကောင်အထည်ဖော်နေသော office tower စီမံကိန်းတစ်ခုကို ပြည်မကြီး developer က ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service