သပိတ်ကျင်းမြို့နယ်အတွင်း တပ်မတော်ကသိမ်းယူထားသည့်လယ်မြေဧက ၂၆၀၀ ပြန်လည်စွန့်လွှတ်

သပိတ်ကျင်းမြို့နယ်အတွင်း တပ်မတော်ကသိမ်းယူထားသည့်လယ်မြေဧက ၂၆၀၀ ပြန်လည်စွန့်လွှတ် - Property News in Myanmar from iMyanmarHouse.com
16 Oct 2017 10:00 am တွင် တင်ခဲ့သည်
3162 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း တပ် မတော်က သိမ်းယူထားသော လယ်ယာမြေဧက ၂,၆၀၀ စွန့်လွှတ်ခဲ့ပြီး မူလတောင်သူများထံ ပြန်ပေးရန် စိစစ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်မြင့်ဆွေက ပြောသည်။

သပိတ်ကျင်းမြို့နယ် မိုင်း ဒိုင်းကျေးရွာအုပ်စု၊ ဖုန်ကုန်းကျေး ရွာအုပ်စုနှင့် စမ္ပာယ်နဂိုကျေးရွာ အုပ်စုတို့မှ ၁၉၉၅ က တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေများကို လက်ရှိတွင် အသုံး ပြုခြင်းမရှိ၍ ပြန်လည်စွန့်လွှတ် ခြင်းဖြစ်ပြီး
မူလတောင်သူများထံ ယခုလအတွင်း ပြန်ပေးရန် စိစစ် နေသည်။

‘‘သိမ်းကတည်းက သူတို့ သိပ်အသုံးမပြုတဲ့မြေတွေ။ သူတို့ အသုံးမပြုလို့လည်း လုပ်ရဲတဲ့ တောင်သူတွေက ဝင်လုပ်နေ တယ်။ ကြောက်တဲ့တောင်သူတွေ က ဝင်မလုပ်ဘူးပေါ့။ အဲဒီမှာ မူလတောင်သူတွေရော၊ မူလတောင် သူမဟုတ်တာတွေရော ဝင်လုပ် နေကြတယ်။ တချို့က သိမ်းခံရ တာနှစ်ဧကဆိုရင် ဝင်လုပ်နေတာက လေးဧကလောက်ပေါ့။ ဒါတွေ ကို အကုန်ရှင်းပြီး စိစစ်ရမှာ။ အခု သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ ရပ်ကျေးလယ်ပြန်စစ်အဖွဲ့တွေ ရော၊ လယ်ဆည်အဖွဲ့တွေရော အကုန်သင်တန်းပေးနေတယ်။ ပြီးတာနဲ့ လုပ်ငန်းစတင်သွားမှာ’’ဟု ဦးတင်မြင့်ဆွေက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သိမ်းဆည်းခံရသော ဒေသခံ တောင်သူအချို့ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ် မရခဲ့ပေ။ မန္တလေးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံမြေများနှင့် ပတ် သက်၍ ယခင်အစိုးရလက်ထက်မှ လက်ရှိ အစိုးရသစ်အထိ ပြန်လည်စွန့်လွှတ်သည့်လယ်ယာမြေ ဧကသုံးသောင်းခွဲရှိသည့်အနက် အငြင်းပွားမှုမရှိသော ဧက ၃၄,၀၀၀ ကို မူလတောင်သူများထံ လွှဲပြောင်းပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။

ပြန်လည်စွန့်လွှတ်မြေဧက ၃၅,၀၀၀ တွင် တပ်မတော်က သိမ်း ဆည်းထားသော မြေဧက တစ် သောင်းခွဲဖြစ်ပြီး ကျန်မြေများကို ဌာနဆိုင်ရာနှင့် အရပ်ဘက်အဖွဲ့ အစည်းများက သိမ်းယူခဲ့ကြောင်း ပြီးခဲ့သည့်ဇူလိုင်က ပြုလုပ်ခဲ့သော
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service