ဗြိတိန်အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာ ဟယ်ရီဟမ်းစ်၏ လန်ဒန်နေအိမ် ရောင်းချတော့မည်

ဗြိတိန်အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာ ဟယ်ရီဟမ်းစ်၏ လန်ဒန်နေအိမ် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
13 Oct 2017 11:48 am တွင် တင်ခဲ့သည်
5343 ကြိမ် ကြည့်ရှု့ပြီး
လန်ဒန်မြို့ New Oxford လမ်းရှိ နာမည်ကျော် Centre Point မိုးမျှော်တိုက်ကြီးကို ဆောက်လုပ်ခဲ့သည့် ဘီလျံနာ ဟယ်ရီဟမ်းစ်၏ လန်ဒန်နေအိမ် အရောင်းဈေးကွက်ဝင်လာသည်။

လန်ဒန်မြို့တွင် မြေဈေးအကြီးမြင့်ဆုံးဖြစ်သည့် ရိပ်သာလမ်းတွင် တည်ရှိသည်။
ရိပ်သာလမ်းသည် လန်ဒန်တွင် သန်းကြွယ်သူဌေးတန်းဟု နာမည်ကျော်သည့် နေရာလည်း ဖြစ်သည်။

နေအိမ်အကျယ်အဝန်းမှာ ၅၂၁၆ စတုရန်းပေ ရှိပြီး ပေါင် ၁၆ သန်း (ကန်ဒေါ်လာ ၂၁ သန်း) ဈေးခေါ်ထားသည်။အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ပြီး နာမည်ကျော် ဆွီဒင်လူမျိုးဗိသုကာပညာရှင် ရစ်ချတ် ဆိုင်းဖာ့ထ်က
ဒီဇိုင်းရေးဆွဲပေးခဲ့သည်။

ဟယ်ရီဟမ်းစ်သည် ဗြိတိန်တွင် သြဇာအကြီးမားဆုံးပုဂ္ဂိုလ်များတွင်
တစ်ဦးအပါအဝင်ဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းသို့ အသက် ၁၇ နှစ်အရွယ်
ကတည်းက စတင်ခြေချခဲ့သူ ဖြစ်သည်။

သူ၏ ကုမ္ပဏီဖြစ်သော Oldham Estates သည် လန်ဒန်တွင် Centre Point တာဝါ၊ အပိုလိုဟောက်စ်နှင့် လူနာဟောက်စ်တို့ အပါအဝင် အထင်ကရ
အဆောက်အအုံပေါင်း ၄၀ ကျော် ဆောက်လုပ်ခဲ့သည်။

ဟယ်ရီဟမ်းစ်၏ နာမည်ကျော်အဆောက်အအုံ Centre Point
တာဝါသည် အမြင့်ပေ ၃၈၅ ပေရှိကာ ၃၄ ထပ်အမြင့်ရှိပြီး ကြမ်းခင်းဧရိယာ
စတုရန်းပေပေါင်း ၂၉၂၅၆၃ ခန့် အကျယ်အဝန်းရှိသည်။

၁၉၆၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၆၆ တွင် အပြီးသတ်ခဲ့ကာ
လန်ဒန်၏ ပထမဆုံးမိုးမျှော်တိုက်များတွင် တစ်ခု အပါအဝင်လည်း ဖြစ်သည်။
၁၉၂၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင်
ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ် ရှိပြီ ဖြစ်သည်။

ဧည့်ကြိုခန်းမသည်ပင်လျှင် ၃ ခန်းအထိ ပါဝင်ပြီး ၃ ထပ်အဆောက်အအုံဖြစ်သည်။၂၀၁၅ ခုနှစ်တွင် ဟယ်ရီဟမ်းစ်ကွယ်လွန်သွားပြီးနောက်ပိုင်း အင်္ဂလိပ်လူမျိုး မိသားစုတစ်စုက ဝယ်ယူခဲ့သည်။

ယခုအခါ အဆိုပါမိသားစုက လန်ဒန်မြို့မှ အခြားနေရာတွင် ပြောင်းရွှေ့အခြေချလိုသောကြောင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
Aston Chase အိမ်ခြံမြေကုမ္ပဏီမှ တစ်ဆင့် အောက်တိုဘာလ ၁ ရက်ကတည်းက အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာ ဟယ်ရီဟမ်းစ်၏ လန်ဒန်နေအိမ် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာ ဟယ်ရီဟမ်းစ်၏ လန်ဒန်နေအိမ် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာ ဟယ်ရီဟမ်းစ်၏ လန်ဒန်နေအိမ် ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service