နေပြည်တော် အိမ်ခြံမြေ အရောင်းရော အငှားပါသွက်

နေပြည်တော် အိမ်ခြံမြေ အရောင်းရော အငှားပါသွက် - Property News in Myanmar from iMyanmarHouse.com
13 Oct 2017 11:18 am တွင် တင်ခဲ့သည်
5659 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်အိမ်ခြံမြေဈေးကွက်မှာ အရောင်းရော၊ အငှားပါသွက်နေပြီး
လမ်းသာတဲ့ နေရာတွေထက်လုံခြုံမှုရှိတဲ့နေရာတွေကို ပိုပြီးစိတ်ဝင်စား
လာကြတယ်လို့ နေပြည်တော်အိမ်ခြံမြေဈေးကွက်က သိရပါတယ်။

‘လူစည်တဲ့နေရာမျိုး၊ လုံခြုံမှုရှိတဲ့နေရာမျိုးဆိုကြိုက်တယ်၊ လမ်းဘေးကဘာညာသိပ်မကြည့်တော့ဘူး’ လို့ဇေယျာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က ပြောပါတယ်။

အရောင်းအ၀ယ်အဖြစ်ဆုံးနေရာတွေကတော့ ဇမ္ဗူသီရိမြို့နယ်၊
ဥတ္တရသီရိမြို့နယ်နဲ့ ဒက္ခိဏသီရိမြို့နယ် တို့ဖြစ်တယ်လို့ သိရပါတယ်။

‘အဆောက်အအုံပါ မြေကွက်တွေ ပိုမက်ကြတယ်ဆိုပေမဲ့
နေရာကောင်းရင်တော့ အဆောက်အအုံ မပါလဲဝယ်နေကြပါတယ်။’ လို့လည်းကိုနန္ဒကျော် ကပဲပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်ကတော့ နေပြည်တော်အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်ပုံမှန်ဖြစ်နေပေမဲ့ သိန်း ၅၀၀ ၀န်းကျင်လောက်သာရှိတဲ့
မြေကွက်တွေလောက်သာ အရောင်းအ၀ယ်ဖြစ်နေခဲ့တာပါ။ လက်ရှိမှာတော့အငှားရော အရောင်းအ၀ယ်ပါ သွက်နေပြီး အငှားဆိုရင် သုံးသိန်းဝန်းကျင်တန် အိမ်တွေ ပိုပြီးငှားနေရတယ်လို့သိရပါတယ်။ ဥတ္တရသီရိဘက်မှာတော့
သိန်း ၁၀၀၀ ၀န်းကျင်ရှိအဆောက်အအုံပါ မြေကွက်တွေ အနည်းငယ်အရောင်းအ၀ယ်ဖြစ်နေတာက နိုင်ငံခြားမှာ နေထိုင်တဲ့သူတွေက ပိုပြီး
ဝယ်ယူနေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့လည်းသိရပါတယ်။

‘နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ကတော့ ရောင်းငှားဝယ်
အကုန်ကောင်းဦးမှာပဲ၊ ဘာလို့လဲဆိုတော့ ဈေးနှုန်းတွေက တခြားမြို့ကြီးတွေနဲ့ယှဉ်ရင် သင့်တင့်တဲ့ နှုန်းထားမှာ ရှိနေတုန်းပဲ’ လို့ မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း (နေပြည်တော်) မှ အတွင်းရေးမှူး ဦးကျော်စွာမြင့်က
ပြောပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service