သစ်မာအစားထိုး သံထည်ပစ္စည်းများ အညာဒေသ၌ တွင်ကျယ်စွာအသုံးပြုလာကြ

သစ်မာအစားထိုး သံထည်ပစ္စည်းများ အညာဒေသ၌ တွင်ကျယ်စွာအသုံးပြုလာကြ - Property News in Myanmar from iMyanmarHouse.com
13 Oct 2017 9:24 am တွင် တင်ခဲ့သည်
6828 ကြိမ် ကြည့်ရှု့ပြီး
အညာဒေသတွင် သစ်မာအစားထိုး သံထည်ပစ္စည်းများဖြင့် ဆောက်လုပ်ရေး လုပ်ငန်းနှင့် ပရိဘောဂများတွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်း
ညောင်ဦးမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အိမ်ဆောက်
ပစ္စည်းအရောင်းဈေးကွက်မှ သိရသည်။

ကျေးရွာနှင့် ရပ်ကွက်များ၌ ဘာသာရေး ဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ် များ၊ သိုလှောင်ရုံများကို ယခင်က သစ်နှင့် ဆောက်လုပ်ခဲ့ကြသော်လည်း ယခုအခါ သစ်မာ တစ်တန်လျှင် ကျပ် ရှစ်သိန်းမှ ၁၀ သိန်းဈေးအထိရှိနေသည့်အပြင် အိမ်တစ်လုံးဆောက် လုပ်ပါက အနိမ့်ဆုံးကျပ်သိန်း ၃၀ ကနေ ကျပ်
သိန်း ၅၀ နီးပါးကုန်ကျကြောင်း၊ သစ်မာ အစားထိုးသံထည်များကို အသုံးပြုဆောက် လုပ်ပါက အိမ်တစ်ဆောင်လျှင် ငွေကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၅၀ ဝန်းကျင်သာ ကုန်ကျ မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မှ ဦးလှ ဖုန်းဦးက
ပြောဆိုသည်။

"ကျွန်တော်တို့ဆီမှာက သံနဲ့ဆောက်လုပ် တဲ့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပြင် တန်ဆောင်းတွေပါမြင်တွေ့နေရပြီ၊ လူနေအိမ် ကတော့ အဓိကဆောက်လုပ်တာပေါ့၊ ရွာ တွေမှာလည်းတွေ့ရတယ်။ လျှပ်စစ်မီးရဖို့ပဲ လိုတယ်၊ ကုန်ကျစရိတ်ကတော့ အနည်းငယ် ပိုတယ်၊ ဒါပေမဲ့ ဆောက်ပြီးရင် ကြည့်စရာ မလိုတော့ဘူး။ နှစ်ရှည်ခံတယ်။ လူတွေက ကြိုက်ကြတယ်"ဟု ဒေသခံလက်သမားဆရာ တစ်ဦးက ပြောဆိုသည်။

သုံးသပ်

သံကိုဆောက်လုပ်ရေးလုပ်ငန်းများ၌ တွင်ကျယ်စွာအသုံးပြုနေသည့် အပြင် လက်ရှိ ပရိဘောဂများဖြစ်သော ဗီရို၊ ကြောင်အိမ်၊ တန်းလျား၊ ခုတင်နှင့်ထိုင်ခုံ၊ စားပွဲများကိုပါ သစ်အစားထိုးအသုံးပြုလျက်ရှိခြင်းကြောင့်သစ်တောပြုန်းတီးမှုနည်းပါးသွားကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးက
သုံးသပ်ပြောဆိုခဲ့သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service