ထားဝယ်စီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းပညာရှင်များ လေ့လာဆန်းစစ်

ထားဝယ်စီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းပညာရှင်များ လေ့လာဆန်းစစ် - Property News in Myanmar from iMyanmarHouse.com
12 Oct 2017 10:13 am တွင် တင်ခဲ့သည်
5280 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီ တိုင်းဒေသကြီးတွင် အကောင်အထည်ဖော် တည်ဆောက်မည့် ထားဝယ် အထူး စီးပွားရေးဇုန်၏ ပထမအဆင့် စီမံကိန်းအတွင်း ထိုင်း-မြန်မာ ပညာရှင်များ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

လတ်တလောတွင် အဆိုပါ ပထမအဆင့် စီမံကိန်းတွင် ပါဝင်သည့် ထိုင်းနိုင်ငံနယ်စပ်မှ အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့်လမ်းမကြီး အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်ရန်အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆန်းစစ်လေ့လာချက် (နှုဗ။ှုဗ) ကို လာမည့် သုံးလအတွင်း စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါ စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံက စိတ်ဝင်စားမှု ရှိသော်လည်း ဆွေးနွေးညှိနှိုင်းမှုများ ထပ်မံ လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက ပြောကြားထားသည်။

အဆိုပါ အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၀ ပြည့်နှစ်တွင် အီတာလျံ ထိုင်းကုမ္ပဏီနှင့် မြန်မာအစိုးရတို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရေနက်ဆိပ်ကမ်း စီမံကိန်း ပါဝင်သော အထူးစီးပွားရေးဇုန် စီမံကိန်း သုံးခုကို လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်မြို့ရှိ သီလဝါ အထူး စီးပွားရေးဇုန်တစ်ခုသာ လုပ်ငန်း လည်ပတ်လျက်ရှိကာ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူး စီးပွားရေးဇုန်တို့ကိုလည်း လုပ်ငန်းများ စတင် အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service