မောင်းမကန်- မျှော်ရစ်ဘုရားလမ်းချဲ့ရန် မြေပေးရသူများ ညှိနှိုင်းမှုလက်ခံ

မောင်းမကန်- မျှော်ရစ်ဘုရားလမ်းချဲ့ရန် မြေပေးရသူများ ညှိနှိုင်းမှုလက်ခံ - Property News in Myanmar from iMyanmarHouse.com
12 Oct 2017 10:07 am တွင် တင်ခဲ့သည်
5471 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ်ခရိုင် မောင်းမကန်-မျှော်ရစ် ဘုရားသွားလမ်းအား ၃၄ ပေ အကျယ်ချဲ့ ပြုပြင်လျက်ရှိရာ လမ်း ဧရိယာနှင့် မလွတ်သော အိမ်ပိုင်ရှင်များနှင့် ညှိနှိုင်းပြေလည်မှု ရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူထံမှ သိရသည်။

ယင်းလမ်း၏ အချို့နေရာများတွင် ပေ ၂၀ ကျော်ခန့်သာ ကျယ်ဝန်းပြီး လမ်းချဲ့ရာတွင် အချို့အိမ်များ၏ ခြံစည်းရိုးများ၊ အုတ်တံတိုင်းများနှင့် အိမ်အမိုးစွန်းများ ပါဝင်သဖြင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖတို့ဖြင့် ပူးပေါင်း ညှိနှိုင်းပြေလည်မှု ရယူခဲ့ကြောင်း
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများထံမှ သိရသည်။

“အိမ်တွေ ရှိတဲ့နေရာတွေကိုပေါ့ ဘယ်အတိုင်းအတာ ရှိတယ်ဆိုတာကို
တိုင်းပေးခဲ့တာပေါ့၊ တိုင်းခဲ့တဲ့ နေရာတွေက လိုလိုလားလား ကျေကျေလည်လည်ပါပဲ၊ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘူး”ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

ယခုလမ်းမှာ ဘုရားသွားလမ်း ဖြစ်သည့်အပြင် ရပ်ရွာ အကျိုးရှိစေမည့်လမ်း ဖြစ်သည့်အတွက် လမ်းချဲ့ရန် လိုအပ်သည့် မြေနေရာကို ကြည်ဖြူစွာ
ပေးလှူခဲ့ကြောင်း ယင်းလမ်းပေါ်ရှိ ကျောက်ဆင်ရွာမှ အိမ်ရှေ့ အမိုးစွန်း ဖျက်ပေးရမည့် ဦးသန်းထိုက်စိုးက ပြောသည်။

“ဘုရားလမ်းအတွက်လည်းဖြစ်တယ်၊ လမ်းကျယ်လာပြီး သွားလာသူတွေ အားလုံးအတွက် အဆင်ပြေသွားမယ်၊ ဒီလောက်ပေးရတာ ကုသိုလ်တောင်ရသေးတယ်”ဟု ဦးသန်းထိုက်စိုးက ပြောသည်။

မောင်းမကန်-မျှော်ရစ် လမ်းပိုင်း အရှည် ၉ မိုင်ခန့်ကို ပြုပြင်ရာတွင် လမ်းချဲ့ခြင်း၊ လမ်းပေါ်ရှိ တံတားများကို ပေ ၃၀ အထိချဲ့ခြင်း၊ ဒီရေတား နံရံများ တည်ဆောက်ခြင်း၊ ရေမြောင်းတူးခြင်း၊ လမ်းခင်းခြင်း စသည့်လုပ်ငန်းများ ပါဝင်မည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းများ စတင်နေပြီဖြစ်သည်။

မျှော်ရစ်ဘုရားသည် ထားဝယ်ဒေသ၏ အထင်ကရ ဘုရားတစ်ဆူဖြစ်ပြီး ယခင်က လမ်းကျဉ်းသည့်အတွက် ခရီးသွား ရာသီများတွင် နှစ်စဉ် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်လေ့ရှိသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service