ရန်ကုန် တပ်မတော်စစ်သမိုင်းပြတိုက်နေရာ၌ အဆင့်မြင့်ဟိုတယ်ဆောက်ရန် နှစ် ၅၀ ငှားရမ်းထား

ရန်ကုန် တပ်မတော်စစ်သမိုင်းပြတိုက်နေရာ၌ အဆင့်မြင့်ဟိုတယ်ဆောက်ရန် နှစ် ၅၀ ငှားရမ်းထား - Property News in Myanmar from iMyanmarHouse.com
11 Oct 2017 10:43 am တွင် တင်ခဲ့သည်
6769 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက် ချုပ်ရုံးပိုင် ဒဂုံမြို့နယ် တပ်မတော်စစ်သမိုင်း ပြတိုက်နေရာတွင် အဆင့်မြင့် ဟိုတယ်ဆောက်လုပ်ရန် မြေနေရာကို BOT စနစ် ဖြင့် နှစ် ၅၀ ငှားရမ်းထားပြီး ဆောက်လုပ်နေသည့်ကာလတွင် မြေငှားရမ်းခအနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသိန်းရရှိမည်ဖြစ်ကာ စီးပွားဖြစ်လည်ပတ်နေသည့် အချိန်တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂,၂၅၆ သန်း ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အောက်တိုဘာ ၃ ရက်၌ ပြောဆိုသည်။

စီးပွားရေးတိုးတက်မှု

ရန်ကုန်စစ်သမိုင်းပြတိုက်နေရာတွင် အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော် ရင်းနှီး မြှုပ်နှံလုပ်ကိုင်မည့် ဟိုတယ်စီမံကိန်းတစ်ခု ဆောင်ရွက်နေသည့်သတင်း မှန်ကန်မှုရှိ မရှိ မှန်ကန်မှုရှိပါက အဆိုပါမြေနေရာသည် မည်သည့်ဌာနပိုင်မြေနေရာနှင့် အဆောက် အအုံဖြစ်ကြောင်း၊ အကျယ်အဝန်းဧရိယာ မည်မျှရှိ၍ မည်သည့်စနစ် မည်သည့်ပုံစံဖြင့် စာချုပ်ချုပ်ဆို၍ စီမံကိန်းလုပ်ကိုင်ကြောင်း နှင့် ပြည်သူများအတွက် မည်ကဲ့သို့ အကျိုးကျေးဇူးရှိမည်ကို အသေးစိတ်သိရှိလိုကြောင်း၊ ခွင့်ပြုခဲ့သည့် စီမံကိန်းအပေါ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရမှထုတ်ပြန်ထားရှိသည့် မြို့ပြအိမ်ရာစီမံကိန်းဆိုင်ရာ အချက်အလက်စည်းကမ်းများနှင့် ညီညွတ်မှု ရှိမရှိကို သိရှိလိုကြောင်း အောက်တိုဘာ ၃ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၌ ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏မေးမြန်းမှုကို ရန်ကုန်တိုင်း ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့သည်။

ဒီစီမံကိန်းကြီးပြီးရင်တော့ အလုပ်အကိုင်တွေရရှိခြင်း ရန်ကုန်မြို့ရဲ့စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေ ခြင်းတို့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ် ဟု ၎င်းက လွှတ်တော် အတွင်း ပြန်လည်ဖြေကြားခဲ့သည်။

လုပ်ငန်းစီမံကိန်းကိုဆောင်ရွက်ခြင်းအတွက် မြန်မာနိုင်ငံက ထုတ်ပြန်ထားသော မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပါမစ်များ ထုတ် ပေးထားသည့် လုပ်ငန်းဖြစ်ကြောင်း ရန်ကုန်တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ထပ်မံပြောဆိုခဲ့သည်။

ဆက်စပ်မေးခွန်းအနေဖြင့် ဦးကျော်ဇေယျက မိမိသိရှိထားချက်အရ ယခုစီမံကိန်းမှာ တိုင်းဒေသကြီးသတ်မှတ်ချက်နှင့် အထပ်အရေအတွက်မှာ ကိုက်ညီမှုမရှိဟုယူဆသဖြင့် သိရှိလိုခြင်း ဖြစ်ကြောင်းမေးမြန်းရာ ဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာန စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီ တို့ညှိနှိုင်းပြီး အထပ်အရေအတွက်ကို အဆုံးအဖြတ်ရယူ ရဦးမည်ဟုယူဆကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service