နောက်ကျောမှ သေနတ်ဖြင့် ၄ ချက်ပစ်ခံရကာကွယ်လွန်ခဲ့သော ဂျွန်လင်နွန်၏နေအိမ် အငှားဈေးကွက်ဝင်လာ

နောက်ကျောမှ သေနတ်ဖြင့် ၄ ချက်ပစ်ခံရကာကွယ်လွန်ခဲ့သော ဂျွန်လင်နွန်၏နေအိမ် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
10 Oct 2017 12:01 pm တွင် တင်ခဲ့သည်
6281 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် Beatles တေးဂီတဝိုင်းကြီးကို ပူးတွဲတည်ထောင်ခဲ့သူ
ဂျွန်လင်နွန်၏ နေအိမ်အငှားဈေးကွက်ဝင်လာသည်။

ဂျွန်လင်နွန်သည် ၁၉၈၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၈ ရက်၊ ည ၁၀ နာရီ ၅၀ ခန့်တွင် မာ့ခ်ဒေးဗစ်ချက်ပ်တန်ဆိုသူက နောက်ကျောမှ သေနတ်ဖြင့် လေးချက်ပစ်ခတ်လုပ်ကြံခံရကာ ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။

ဂျွန်လင်နွန်နှင့် ဇနီးဖြစ်သူ ယိုကိုအိုနိုတို့ တစ်ချိန်က နေထိုင်ခဲ့ဖူးသည့် နေအိမ်မှာ နယူးယောက်မြို့၊ မန်ဟက်တန်အောက်ပိုင်း ထရွိုင်ဘက်ကာအရပ်တွင်
တည်ရှိသည်။

ဂျွန်လင်နွန်သည် အင်္ဂလန်နိုင်ငံတွင် တရားစွဲခံရသော ဆေးခြောက်မှုဖြင့် ၁၉၆၈ ခုနှစ်တွင် အင်္ဂလန်သို့ ပြန်လည်ပို့ဆောင်ခံရမည့်အရေး ကြုံတွေ့လာရသည်။

ယင်းသို့သော ကာလတွင် ဂျွန်လင်နွန်က Nutopia အမည်ရှိ စိတ်ကူးယဉ်နိုင်ငံတော်အယူအဆကို ထုတ်ဖော်လာခဲ့သည်။
သူ၏နိုင်ငံတော်တွင် ပိုင်နက်နယ်မြေမရှိ၊ နယ်စည်းများမရှိ၊ နိုင်ငံကူးလက်မှတ်များမရှိ၊ တရားဥပဒေမရှိ-ဟာသများသာရှိသည်။
Nutopia ၏ နိုင်ငံသားအားလုံးသည် နိုင်ငံသံတမန်များဖြစ်ကြသည်ဟု ဆိုသည်။

အဆိုပါစိတ်ကူးယဉ်နိုင်ငံတော်ကို အခြေခံပြီး imagine ဟူသည့်သီချင်းပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ဂျွန်လင်နွန်က ၎င်းတို့၏ ယခုအိမ်လိပ်စာကို Nutopia နိုင်ငံသံရုံးလိပ်စာအဖြစ် သတ်မှတ်ခဲ့ရာ ၁၉၈၀ တွင် ၎င်းလုပ်ကြံခံရပြီးနောက် “John Lennon and Yoko Ono, c/o Nutopian Embassy” ဟု လိပ်မူထားသည့် ဝမ်းနည်းကြောင်းပေးစာများ အလုံးအရင်းရောက်ရှိလာခဲ့သည်။

ဂျွန်လင်နွန်ကွယ်လွန်သည့်နှစ်တွင်ပင် အဆိုပါနေအိမ်ကို လက်ရှိပိုင်ရှင်က ဝယ်ယူလိုက်ပြီး ပြန်လည်မွမ်းမံခဲ့ကာ ယခုအခါ တစ်လလျှင် ကန်ဒေါ်လာ ၁၉၅၀၀ ဖြင့် အငှားဈေးကွက်တင်လာခဲ့ခြင်း ဖြစ်သည်။
ယခုနေအိမ်ကို ၂၀၁၀ ပြည့်နှစ်အတွင်းက ကန်ဒေါ်လာ ၃ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

နေအိမ်ဧည့်ခန်းမှာ ၂၄ ပေခန့် အလျားရှိပြီး ထင်းသုံးမီးလင်းဖို ပါဝင်သည်။
နေအိမ်ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၂၆၀၀ ခန့်ရှိပြီး ဒုတိယထပ်တွင် အိပ်ခန်းနှစ်ခန်းပါဝင်ကာ တတိယထပ်တွင် ကြီးမားသော အဝတ်အစားထားသိုခန်းနှင့် ကျယ်ဝန်းသည့်အိပ်ခန်းတစ်ခန်း ပါဝင်သေးသည်။

အမိုးပေါ်ရှိ လသာဆောင်မှာ စတုရန်းပေ ၇၅၀ ခန့်ကျယ်ဝန်းပြီး Tribeca ၏ ဝန်းကျင်ရှုမျှော်ခင်းများကို ကျယ်ပြောစွာ ရှုမြင်နိုင်သည်။
ဘရော့ဝေးနှင့် ဟတ်ဆန်မြစ်တို့သို့ လမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်ပြီး ရထားဘူတာရုံများနှင့်လည်း မဝေးလှချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ကျောမှ သေနတ်ဖြင့် ၄ ချက်ပစ်ခံရကာကွယ်လွန်ခဲ့သော ဂျွန်လင်နွန်၏နေအိမ် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နောက်ကျောမှ သေနတ်ဖြင့် ၄ ချက်ပစ်ခံရကာကွယ်လွန်ခဲ့သော ဂျွန်လင်နွန်၏နေအိမ် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နောက်ကျောမှ သေနတ်ဖြင့် ၄ ချက်ပစ်ခံရကာကွယ်လွန်ခဲ့သော ဂျွန်လင်နွန်၏နေအိမ် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နောက်ကျောမှ သေနတ်ဖြင့် ၄ ချက်ပစ်ခံရကာကွယ်လွန်ခဲ့သော ဂျွန်လင်နွန်၏နေအိမ် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နောက်ကျောမှ သေနတ်ဖြင့် ၄ ချက်ပစ်ခံရကာကွယ်လွန်ခဲ့သော ဂျွန်လင်နွန်၏နေအိမ် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
နောက်ကျောမှ သေနတ်ဖြင့် ၄ ချက်ပစ်ခံရကာကွယ်လွန်ခဲ့သော ဂျွန်လင်နွန်၏နေအိမ် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service