နယူးယောက်မြို့ မန်ဟက်တန်ရှိ Penthouse ခန်းကို ဂျနီဖာလိုပက်ဇ် အရောင်းဈေးကွက်တင်

နယူးယောက်မြို့ မန်ဟက်တန်ရှိ Penthouse ခန်းကို ဂျနီဖာလိုပက်ဇ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
10 Oct 2017 11:54 am တွင် တင်ခဲ့သည်
2845 ကြိမ် ကြည့်ရှု့ပြီး
ရုပ်ရှင်နှင့် ဂီတနယ်ပယ်နှစ်ခုလုံးတွင် အောင်မြင်မှု အထွတ်အထိပ်ရရှိထားသည့် ဂျနီဖာလိုပက်ဇ်သည် နယူးယောက်မြို့ မန်ဟက်တန်ရှိ Penthouse ကွန်ဒိုခန်းကို အရောင်းဈေးကွက်တင်လာသည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၆၅၄၀ ကျယ်ဝန်းပြီး ကန်ဒေါ်လာ ၂၆ ဒသမ ၉၅ သန်း ဈေးခေါ်ထားသည်။

ဂျနီဖာလိုပက်ဇ်သည် အဆိုပါ duplex ခန်းကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၀ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ထိုစဉ်က အရောင်းအဝယ်တွင် ပါဝင်ခဲ့သူတစ်ဦးက ပိုင်ရှင်မှာ ဂျနီဖာလိုပက်ဇ်ဖြစ်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာကြီးသို့ ထုတ်ဖော်ပြောကြားခဲ့ဖူး
သည်။

မန်ဟက်တန်ရပ် အရှေ့ ၂၆ လမ်းတွင် တည်ရှိသော အဆိုပါအခန်းတွင်
အိပ်ခန်း ၄ ခန်းပါယင်ပြီး Madison Square Park အနီးတွင် တည်ရှိသည်။
ရေချိုးခန်း ၆ ခန်း၊ သီးသန့်ဓာတ်လှေကား၊ မီဒီယာခန်းမ၊ ဝန်ထမ်းခန်း၊ လသာဆောင် ၄ ခုပါဝင်ပြီး အိမ်ခန်းပြင်ပနေရာ အကျယ်အဝန်းမှာ စတုရန်းပေ ၃၀၀၀ ခန့်အထိ ပါဝင်သည်။

Modlin Group အိမ်ခြံမြေကုမ္ပဏီမှတစ်ဆင့် အရောင်းဈေးကွက်တင်လာခဲ့ခြင်းဖြစ်သည်။အဆိုပါအဆောက်အအုံတွင် အခြားနာမည်ကျော်တို့လည်း နေထိုင်လျက်ရှိရာ ဟီလာရီကလင်တန်၏သမီးဖြစ်သူ ချယ်ဆီးကလင်တန်၊ နာမည်ကျော် ပြိုင်ကားမောင်းသမား ဂျက်ဖ်ဂေါ်ဒန်တို့လည်း အပါအဝင်ဖြစ်သည်။

အဆိုပါ ပုဂ္ဂိုလ်များသည် ၎င်းတို့၏ အခန်းများ ဝယ်ယူရာတွင် ကန်ဒေါ်လာ ၁၀ သန်းအောက်သာပေးခဲ့ရကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။
အသက် ၄၈ နှစ်ရှိပြီဖြစ်သော မစ္စက်လိုပက်ဇ်သည် ယခုနှစ်အစောပိုင်းကလည်း လော့စ်အိန်ဂျလိရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။

လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် စတင်ဈေးကွက်တင်ခဲ့ပြီး အကြိမ်ကြိမ်ဈေးလျှော့ပေးခဲ့ပြီးနောက်ပိုင်းတွင်မှ ရောင်းထွက်သွားခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်မြို့ မန်ဟက်တန်ရှိ Penthouse ခန်းကို ဂျနီဖာလိုပက်ဇ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့ မန်ဟက်တန်ရှိ Penthouse ခန်းကို ဂျနီဖာလိုပက်ဇ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့ မန်ဟက်တန်ရှိ Penthouse ခန်းကို ဂျနီဖာလိုပက်ဇ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့ မန်ဟက်တန်ရှိ Penthouse ခန်းကို ဂျနီဖာလိုပက်ဇ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့ မန်ဟက်တန်ရှိ Penthouse ခန်းကို ဂျနီဖာလိုပက်ဇ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service